စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ၃ ဦးကို ထိုင်းနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းတရားရေး ဝန်ကြီးဌာနရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေကို အဓိက ဦးဆောင်လုပ်ကိုင်နေတယ်ဆိုပြီး BGF အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ဒုတိယ- ဗိုလ်မှူးကြီး စောတင်ဝင်းနဲ့ ဗိုလ်မှူး စောမုတ်သုံတို့ ၃ ဦးကို ဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတာပါ။
ထိုင်း-မြန်မာနယ်စပ်မှာ ကြီးထွားလာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်၊ ထိုင်းအပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် မြန်မာစစ်တပ်ကိုလည်း ဒီငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy














