ကရင်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုပပျောက်နှိမ်နှင်းရေးအထူးအဖွဲ့ ဖွဲ့စည်းကာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း အတွင်းမှာရှိတဲ့ အဆောက်အအုံတွေကို လက်နက်ကိုင် အင်အားတွေ အသုံးပြုပြီး စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
BGF အနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို ကြီးကြပ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ ၊ ဝင်ရောက်ရှင်းလင်းရေး အဖွဲ့ အဖြစ် သုံးဖွဲ့ခွဲကာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ဆင်ရေးပြီးရင် အဲဒီလုပ်ငန်းတွေရဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ အခမ်းအနားနဲ့ ဖျက်ဆီးတာတွေလုပ်ဆောင်သွားပြီး သတင်းထုတ်ပြန်မယ်လို့ ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ကျားဖြန့် #လူကုန်ကူး #BGF
——————-
Help The Irrawaddy Report the Truth from Myanmar
https://bit.ly/3btQYpR













