ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော် ဘက်စုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေတယ်လို့ ထိုင်း PBS သတင်းက ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ ရှိ၊ မရှိကို အတည်ပြုချက်မရသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောသလို စစ်ကောင်စီဘက်ကလည်း တရားဝင်ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ (Interpol) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကိုလဲ မေးခွန်းထုတ် နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #BIMSTEC #ဘန်ကောက် #အစည်းအဝေး #စစ်ခေါင်းဆောင် #Interpol #ဖမ်းဝရမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













