ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မြေကျွံကျင်းကြီးတခုဖြစ်ပေါ်နေပါတယ်။ အဲဒီကျင်းဟာ မတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒဿမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ပြီး နောက်တနေ့ညနေ ၃ နာရီခန့်မှာ မြေတွေတအိအိပြိုကျပြီး ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ မတ်လ ၂၉ ရက်နေ့ ညနေကစတင်ဖြစ်ပွားခဲ့တဲ့ မြေကျွံမှုဟာ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ အကျယ် ပေ ၁၀၀ ကျော်နဲ့ အနက်ပေ ၁၀၀ ကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။ မြေကျွံပြိုဆင်းမှုဟာ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
မြေကျွံမှုဖြစ်ပွားနေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကို ဧရာဝတီ က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒီးမော့ဆို #ကရင်နီ #မြေကျွံကျင်း #ဦးဝင်းနိုင် #ငလျင် #Seikhole
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













