ငလျင်ဘေးကို ပြန်လည်တည်ဆောက်ရေး၊ ထူထောင်ရေးတွေ အရှိန်အဟုန်နဲ့ ဆောက်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို ဧပြီလကုန် အထိ ၇ ရက်ထပ် တိုးလိုက်တယ်လို့ ဧပြီလ၂၂ ရက်နေ့ ညမှာ စစ်ကောင်စီကြေညာလိုက်ပါတယ်။
စစ်ကောင်စီအပစ်အခတ်ရပ်စဲတာကို တော်လှန်ရေးတပ်ဖွဲ့တွေက ယုံကြည်မှုမရှိကြပါဘူး။ ပြီးခဲ့တဲ့ အပစ်ရပ် ရက် ၂၀ အတွင်းမှာလည်း ရန်ကုန်နဲ့ ဧရာဝတီတိုင်းနှစ်ခုကလွဲပြီးကျန်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့ ပြည်သူ ၁၀၀ ထက်မနည်းသေဆုံးခဲ့ရပါတယ်။
အခု အပစ်ရပ်ထပ်ကြေညာပြီး ဧပြီလ ၂၃ရက်နေ့မှာပဲ စစ်ကိုင်း၊ ဒီပဲယင်းမြို့ နယ် လက်လှုပ်တောင်ရွာကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၅ ဦး သေဆုံးခဲ့ရပြီးတော့ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်တဲ့ထဲမှာ လေကြောင်းတိုက်ခိုက်မှုက အများဆုံးဖြစ်ခဲ့ပြီးတော့ ငလျင်ကြောင့်အပစ်ရပ်တယ်လို့ကြေညာပေမယ့် ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ပဲခူးတိုင်းတွေကိုပါ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ကောင်စီ #အပစ်ရပ် #သက်တမ်းတိုး #ဧပြီလ #ငလျင် #မန္တလေး #စစ်ကိုင်း #လေကြောင်းပစ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













