တရုတ်ရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ဆွေးနွေးပွဲမှာ ရလဒ်မထွက်ခဲ့ဘူးလို့ TNLA က ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ TNLA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က TNLA သိမ်းပိုက်ထားတဲ့ မြို့တွေကနေ ဆုတ်ခွာပြီး ဌာနချုပ်နမ့်ဆန်နဲ့ မန်တုံကို ပြန်ဖို့ တောင်းဆိုတာကြောင့် လက်ခံနိုင်စရာမရှိဘူးလို့ TNLA ဘက်က တုံ့ပြန်ပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #စစ်ကောင်စီ #တရုတ် #ကူမင်း #ဆွေးနွေးပွဲ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













