ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဦးလှစောကွယ်လွန်သွားတာကရခိုင့်နိုင်ငံရေး အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) က ပြောပြပါတယ်။ အသက် ၇၂ ရှိပြီဖြစ်တဲ့ ဦးဦးလှစောဟာ မေလ ၅ ရက်နေ့မှာလည်ချောင်းကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မကွယ်လွန်ခင်မှာ AA ဗီတာ (၁) စစ်ဒေသ ရဲ့ နိုင်ငံရေးမှူးဖြစ်ပါတယ်။ AA ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဖွဲ့စည်းတည်ထောင်တဲ့ ၂၀၁၆ နောက်ပိုင်း မူဝါဒချမှတ်ရာမှာ အရေးပါတဲ့သူတယောက်ဖြစ် တယ်လို့ AA ကပြောပါတယ်။
ဦးဦးလှစောဟာ ကျောင်းသားနိင်ငံရေး၊ ပါတီနိုင်ငံရေးနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပေမယ့် ကဗျာဆရာအဖြစ်နဲ့လည်းထင်ရှားသူတဦးဖြစ်ပါတယ်။ ကဗျာဆရာ၊ နိုင်ငံရေးသမား၊ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးရခိုင့်နိုင်ငံရေးအတွက်ရော စာပေလောကအတွက်ပါအရေးပါတဲ့ဦးဦးလှစောဟာ သူ့ရဲ့ အကြောင်းကို “မြန်မာစာညံ့တဲ့ကောင်” ဆိုတဲ့ စာထဲမှာ ကိုယ်တိုင်ဖွင့်ဟခဲ့ပါတယ်။
ဒီထဲမှာ ငယ်စဉ်က ကဗျာတွေစိတ်မဝင်စားပဲ မြန်မာစာညံ့ခဲ့ပုံမြန်မာစာအားနည်းတဲ့ အတွက် စာပေတွေကြိုးစားဖတ်ရှုရင်း ကဗျာတွေကိုချစ်တတ် နိုင်ငံရေးဘက်ပါရောက်လာတဲ့အကြောင်း ဖွင့်ဟရေးသားခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ဦးဦးလှစော #ရခိုင် #ကဗျာဆရာ #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR