ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ နယ်စပ် လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရိုဟင်ဂျာအရေးတွေအတွက် အာရက္ခတပ်တော် (AA) နဲ့ မဖြစ်မနေ ထိတွေ့ ဆက်ဆံဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးကို AA က သိမ်းပိုက် ထိန်းချူပ်ထားနိုင်ပြီး အဲ့ဒီမြို့နယ်တွေမှာ AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ စတင်နေပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်ဟာ AA ရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ AA နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ အပေါ် ကန့်ကွက် ရှုံ့ချတယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီလို ထုတ်ဖော် ပြောဆိုလာမှုကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံကြောင်းနဲ့ နိုင်ငံ့အကျိုးစီးပွားအတွက် လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ဘင်္ဂလားဒေ့ရှ် #AA #စစ်ကောင်စီ #ရိုဟင်ဂျာ #ကုန်သွယ်ရေး #နယ်စပ်စီးပွားရေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













