ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ချန်းရိ ဖိနပ်စက်ရုံ ဆန္ဒပြပွဲကို မေလ ၁၉ ရက်နေ့ မှာ စစ်ကောင်စီရဲ့ အလုပ်သမား ဒုတိယဝန်ကြီး ဦီးဝင်းရှိန် လာရောက်ခဲ့ပေမယ့် သူတို့အနေနဲ့ ဘာမှလုပ်မပေးနိုင်ကြောင်းနဲ့အလုပ်ကိုပုံမှန်ပြန်လုပ်ဖို့ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပြပါတယ်။
ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas အတွက် ဖိနပ်တွေ ထုတ်လုပ်ပေးနေတဲ့ ချန်းရိ ဖိနပ်စက်ရုံမှာ အလုပ်သမား ၆၀၀၀ ကျော်ဟာ တရက် လုပ်အားခ ၁၂၀၀၀ ကျပ် ပေးဖို့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
Adidas ရဲ့ ထုတ်ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာ ရာဂဏန်းဝန်းကျင်ကနေ ထောင်ကျော်အထိ တန်ဖိုးမြင့် ထုတ်ကုန်တွေပါ။ အခု အလုပ်သမားတွေ တိုးတောင်း နေတဲ့ လုပ်ခလစာဟာ တလလုံး ပေါင်းရင်တောင် သူတို့ထုတ်လုပ်နေတဲ့ Adidas ဖိနပ်တရံစာ တန်ဖိုးမရှိတဲ့ ပမာဏ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ချန်းရိ #Adidas #ဖိနပ်စက်ရုံ #တရက်လုပ်အားခ #အလုပ်သမား #ဆန္ဒပြ #စစ်ကောင်စီ #အလုပ်သမား #ဒုဝန်ကြီး #ဦးဝင်းရှိန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













