မြန်မာမှ ဇာတိမြို့တွင် မတ်လနှောင်းပိုင်းက ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ပြီးနောက် သြစတြေးလျရောက် မြန်မာ ပညာရှင် ဆိုဖီယာထွေးသည် နေအိမ်သို့ဖုန်းဆက်ရန် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နာရီပေါင်းများစွာ ကြိုးစားပြီးနောက် ငယ်သူငယ်ချင်းတဦး အုတ်ပုံအောက်တွင် ပိတ်မိနေကြောင်း သိရှိရသည်။
ထိုသူငယ်ချင်းသည် ပြန်လည် လွတ်မြောက်လာသော်လည်း ဆေးဝါးကုသမှုမရသောကြောင့် ဒဏ်ရာဖြင့် သေဆုံး ကြောင်း အနောက်မြောက် အလယ်ပိုင်းဒေသ စစ်ကိုင်းမှ မိတ်ဆွေများက သူ့ကို ပြောပြသည်။
“အရမ်း ကြေကွဲရတယ်။ အဲဒါ တကယ်တော့ စစ်ကောင်စီနဲ့ စစ်အာဏာသိမ်းမှုရဲ့ ပျက်ကွက်မှုပဲ” ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအား စစ်ကောင်စီ၏ ဖိနှိပ်တိုက်ခိုက် မှုကို ရည်ညွှန်းပြီး ဆိုဖီယာထွေးက ဆိုသည်။
လူ ၃,၇၀၀ ကျော် သေဆုံးပြီး ၅,၀၀၀ ကျော် ဒဏ်ရာရသည့် ထိုငလျင်သည် ချို့ယွင်းနေသည့် ကျန်းမာရေးစနစ်ကို မနိုင်မနင်း ဖြစ်စေသည်။ စစ်အုပ်ချုပ်ရေးအောက်၌ ကျန်းမာရေးကဏ္ဍတွင်ဆရာဝန်နှင့် သူနာပြုအရေအတွက် အကြီး အကျယ် ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆေးဝန်ထမ်းများသည် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့နောက် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား အမြစ်ဖြတ်သုတ်သင်ရန် စစ်တပ်က ကြိုးစားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဖိနှိပ်တိုက်ခိုက်သောကြောင့် ထိုသို့ဖြစ်ရသည်ဟု စစ်တပ်ကို လူအများအပြားက အပြစ်တင်ကြသည်။
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆေးဝန်ထမ်းများသည် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့နောက် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများအား အမြစ်ဖြတ်သုတ်သင်ရန် စစ်တပ်က ကြိုးစားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဖိနှိပ်တိုက်ခိုက်သောကြောင့် ထိုသို့ဖြစ်ရသည်ဟု စစ်တပ်ကို လူအများအပြားက အပြစ်တင်ကြသည်။
ထို့ကြောင့် ငလျင်ဒဏ်ခံရသူ အများအပြားသည် ဆေးဝါးစောင့်ရှောက်မှုမရခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုရရန် ကာလကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ကြုံရသည်ဟု ငလျင်ဒဏ်သင့်ဒေသမှ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုကို လေ့လာစောင့်ကြည့်နေသည့် ဆရာဝန် နှစ်ဦး၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့က ပြောသည်။

ဆေးဝါးနှင့်ဝန်ထမ်း မလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိသောကြောင့် လူနာများ၏ ဒဏ်ရာများ ပုပ်ကုန် ကြောင်း ဆရာဝန်များက ပြောသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) နှင့် လူ့အခွင့်အရေးအတွက် သမားတော်များအဖွဲ့ (PHR) က ပြောသည်။
ကျန်းမာရေးအဆောက်အအုံများနှင့် ကျန်းမာရေးလုပ်သားများကို စစ်ကောင်စီက တရားဥပဒေမဲ့ နှစ်နှင့်ချီ ဖိနှိပ် တိုက်ခိုက်မှုသည် အရေးပေါ်တုံ့ပြန်မှုကို အပြင်းအထန် ထိခိုက်စေကြောင်း ဧပြီလ ၂၉ ရက်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အဆိုပါအဖွဲ့များက ဆိုထားသည်။
ကျန်းမာရေး လုပ်သားအချို့သည် စစ်ကောင်စီထိန်းချုပ်ဒေသတွင် လုပ်ကိုင်ရန်၊ လိုအပ်နေသော နေရာများသို့သွားရန် စစ်ဆေးရေးဂိတ် ဖြတ်သန်းပါက အဖမ်းခံရမည်ကို လွန်စွာ စိုးရိမ်သောကြောင့် အခြေအနေ ပိုမိုဆိုးရွားစေကြောင်း ၎င်းတို့က ပြောသည်။
ငလျင်ဒဏ်ခံရသော ဒေသအချို့တွင် စစ်တပ်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် လက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစုများ အားပြိုင်နေပြီး တင်းမာမှုနှင့် သံသယအခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
ဧပြီလ ၂ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသော်လည်း စစ်ကောင်စီသည် အရပ်သားများ သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သည်ဟု အချက်အလက်များကို ဆန်းစစ်လေ့လာမှုအရ သိရသည်။ အပစ်အခတ်ရပ်စဲပြီးနောက် တိုက်ခိုက်မှု ၁၇၂ ခု ရှိပြီး ထိုတိုက်ခိုက်မှုများအနက် ၇၃ ခုကို ငလျင်ကြောင့် ပျက်စီးသော ဒေသများ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ စစ်ကောင်စီ၏ပြောခွင့်ရသူအား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း တုံ့ပြန်ခြင်း မရှိပေ။
လုပ်သားအင်အား မလုံလောက်မှုများ
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ပြည်တွင်းစစ်ဖြစ်စေသည့် စစ်အာဏာမသိမ်းမီအချိန်က ကျန်းမာရေးလုပ်သားအရေအတွက်သည် တိုးတက်လျက်ရှိသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကျန်းမာရေးလုပ်သား အရေအတွက်မှာ ၁၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ပြီး လူ ၁၀,၀၀၀ အတွက် ဆရာဝန် ခြောက်ဦးခန့်နှင့် သူနာပြု ကိုးဦးခန့်ရှိကြောင်း WHO က ဆိုသည်။
သို့သော် ၂၀၂၂ ခုနှစ်သို့ ရောက်သောအခါ ကျန်းမာရေးလုပ်သားများသည် စစ်ကောင်စီ ဆန့်ကျင်ရေး အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်ကောင်စီအောက် ဆေးရုံဆေးခန်းများတွင် အလုပ် လုပ်ရန် ငြင်းဆန်သောကြောင့် လူ ၁၀,၀၀၀ အတွက် ဆရာဝန် ၁ ဒသမ ၀၁ ဦးနှင့် သူနာပြု ၁ ဒသမ ၉၆ ဦးသာ ရှိတော့ပြီး WHO ၏ အနိမ့်ဆုံး စံနှုန်းဖြစ်သော လူ ၁၀,၀၀၀ လျှင် ကျန်းမာရေးလုပ်သား ၂၂ ဒသမ ၈ ဦးထက် များစွာ လျော့နည်းနေသည်။
သို့သော် ၂၀၂၂ ခုနှစ်သို့ ရောက်သောအခါ ကျန်းမာရေးလုပ်သားများသည် စစ်ကောင်စီဆန့်ကျင်ရေး အာဏာဖီဆန် ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး စစ်ကောင်စီအောက် ဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ရန် ငြင်းဆန် သောကြောင့် လူ ၁၀,၀၀၀ အတွက် ဆရာဝန် ၁ ဒသမ ၀၁ ဦးနှင့် သူနာပြု ၁ ဒသမ ၉၆ ဦးသာ ရှိတော့ပြီး WHO ၏ အနိမ့်ဆုံး စံနှုန်းဖြစ်သော လူ ၁၀,၀၀၀ လျှင် ကျန်းမာရေးလုပ်သား ၂၂ ဒသမ ၈ ဦးထက် များစွာ လျော့နည်းနေသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်သည် ကျန်းမာရေးအဆောက်အအုံ အနည်းဆုံး ၂၆၃ ခုကို တိုက်ခိုက်ပြီး ကျန်းမာရေးလုပ်သား အနည်းဆုံး ၇၄ ဦးကို သတ်ဖြတ်ကာ ၈၀၀ ကျော်ကို ဖမ်းဆီးအရေးယူကြောင်း ကမ္ဘာတဝန်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအပေါ် တိုက်ခိုက်မှုများကို ခြေရာခံသည့် ဆွစ်ဇာလန်မှ အစိုးရနှင့် မပတ်သက်သော အဖွဲ့အစည်း Insecurity Insight ၏ အဆိုအရ သိရသည်။
အချို့သည် နောက်ပိုင်းတွင် အလုပ်ပြန်ဆင်းကြသော်လည်း ကျန်းမာရေးလုပ်သားအင်အားမှာ မလုံလောက်မှုမရှိဘဲ များစွာလိုအပ်နေဆဲ ဖြစ်သည်ဟု WHO ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သူရှာရာ ဖာနန်ဒိုက ပြောသည်။
ယခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အချို့ဆေးရုံများတွင် ဆရာဝန်တဦးမှ မရှိကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာသို့ ဝန်ခံသည်။
အစိုးရနှင့် မပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများမှာလည်း ကျွမ်းကျင်သည့် ကျန်းမာရေးလုပ်သား မရှိခြင်းနှင့် ဆေးဝါးတင်သွင်းရာတွင် စစ်ကောင်စီက ချမှတ်သည့် အခက်အခဲများကြောင့် “အလွန်အမင်း အကန့်အသတ်ရှိ ကြောင်း” WHO က ပြောသည်။ ထိုသို့ ဆေးဝါးတင်သွင်းမှု ကန့်သတ်ချက်များသည် အသက်ကယ်ဆေးများ မလုံလောက်မှု ဖြစ်စေသည်။
ငလျင် မတိုင်မီက စစ်တပ်သည် ငလျင်ကြောင့် ပျက်စီးသွားသည့် မြို့တမြို့ဖြစ်သော မန္တလေးမှ ပုဂ္ဂလိကဆေးရုံ အနည်းဆုံး ၈ ခုကို ပိတ်ခဲ့သည်ဟု စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပြီး ကျန်းမာရေး အဆောက်အအုံ အနည်းဆုံး ၅ ခုသည် ငလျင်ကြောင့် လုံးဝပျက်စီးကာ ၆၁ ခုမှာ တစိတ်တပိုင်း ပျက်စီးသွားကြောင်း WHO က ပြောသည်။
အတိုက်အခံနှင့် ပူးပေါင်းသည့် ကျန်းမာရေးလုပ်သားများသည် မြေအောက်ကွန်ရက်များဖြင့် အသက်ကယ်စောင့် ရှောက်မှုများ ပေးနေသော်လည်း အလွန်နည်းသည့် ရသမျှပစ္စည်းများဖြင့် လုပ်ကိုင်နေရပြီး ၎င်းတို့၏ လုံခြုံရေးသည် လွန်စွာ စိုးရိမ်ရသည်ဟု အခြေအနေအရ အမည်မဖော်လိုသည့် NUG အစိုးရ တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီသည် အတိုက်အခံနှင့် ပူးပေါင်းသည့် ဆရာဝန်များကို ဖမ်းဆီးပြီး အတိုက်အခံများကို အကြမ်းဖက်သမား များဟု သတ်မှတ်သည်။
ငလျင်ဇုန်သို့ သွားရောက်ခဲ့သော အမည်မဖော်လိုသည့် ဆရာဝန်နှစ်ဦးကလည်း လုပ်သား အင်အားပြဿနာကို ပြောပြကြသည်။
တချိန်က လေ့ကျင့်မှုများကို ဦးဆောင်ခဲ့သည့် ဝါရင့်ဆရာဝန်ကြီးများ ထောင်ချခံထားရသောကြောင့် သို့မဟုတ် ငလျင် ဒေသသို့သွားလျှင် အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် ငလျင်ဒဏ်ခံရသူများကို ကုသပေးနေသည့် ဆေးဝန်ထမ်းများ သည် ရောဂါရှာဖွေဆုံးဖြတ်သည့် ကျွမ်းကျင်မှုမရှိကြောင်း အထက်ပါ ဆရာဝန်နှစ်ဦးအနက်တဦးက ပြောသည်။
နာတာရှည်ရောဂါ ခံစားနေရသူများသည် အဓိကျသည့် ဆေးဝါးများမရဘဲ ငလျင်ဒဏ်ခံရသူများသည် ဝမ်းလျှော ဝမ်းပျက်၊ အရေပြားရောဂါများနှင့် အပူချိန်သည် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိသောကြောင့် အပူဖြတ်ခြင်းတို့ကို ခံစားနေရကြောင်း အခြားဆရာဝန်တဦးက ပြောသည်။
“ငလျင်ဒဏ်ခံ ပြည်သူတွေဟာ သူတို့ အရမ်းလိုအပ်နေတဲ့ အရေးပေါ်အကူအညီ မရဘူး” ဟုလည်း ၎င်းကပြောပြီး လွတ်မြောက်လာသူများကို ကူညီနေသူများကို အာဏာပိုင်များက မကြာခဏ စစ်မေးတတ်ကြောင်းလည်း ပြောသည်။
လျှို့ဝှက်လှုပ်ရှား တုံ့ပြန်ဆောင်ရွက်မှု

ငလျင်ဒဏ်အဆိုးဆုံးခံရသည့် ဒေသအားလုံး မဟုတ်သော်လည်း အများစုကို ထိန်းချုပ်ထားသည့် စစ်တပ်သည် ငလျင်ပြီးနောက် ဆက်သွယ်ရေးပိတ်ပင်မှုများ၊ တင်းကျပ်သော အကောက်ခွန်စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်း မရှိကြောင်း ကုသလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ မြန်မာဆိုင်ရာအကြီးအကဲ ဂျိမ်းစ် ရိုဒီဟက်ဗာက ပြောသည်။
ငလျင်ဒဏ်အဆိုးဆုံးခံရသည့် ဒေသအားလုံး မဟုတ်သော်လည်း အများစုကို ထိန်းချုပ်ထားသည့် စစ်တပ်သည် ငလျင်ပြီးနောက် ဆက်သွယ်ရေးပိတ်ပင်မှုများ၊ တင်းကျပ်သော အကောက်ခွန် စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်း မရှိကြောင်း ကုသလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ မြန်မာဆိုင်ရာအကြီးအကဲ ဂျိမ်းစ် ရိုဒီဟက်ဗာက ပြောသည်။
ငလျင်ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအားလုံး အာဏာပိုင်များထံ မှတ်ပုံတင်ရန် စည်းကမ်းချက် ကြောင့် မြန်မာလူသားချင်းစာနာမှု ကူညီသူအချို့သည် လျှို့ဝှက် လုပ်ကိုင်ရပြီး တနိုင်ငံလုံးတွင် စစ်မျက်နှာ အများ အပြား တိုက်နေရသည့် စစ်တပ်သည် အကူအညီပေးရေးအတွက် တပ်များကို ဖြန့်ချစေလွှတ်ကြောင်း မတွေ့ရပေ။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အသုံးစရိတ်မှ ငွေများကို စစ်ကောင်စီက နှေးကွေးနေသော စီးပွားရေးကို မြှင့်တင် ရန် ချေးငွေအဖြစ် ပြောင်းလဲခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် စစ်တပ်ထိန်းချုပ် မီဒီယာက ဖော်ပြခဲ့သည်။ ထိုလုပ်ရပ်ကြောင့် အရေးပေါ်အကူအညီများ၊ သယ်ယူပို့ဆောင်ရေး အထောက်အကူများနှင့် ပြန်လည် နာလန်ထရေး အစီအစဉ်များ မရှိတော့ကြောင်း ယခင် အရပ်သားအစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
သေဆုံးသူများ၏ မိသားစုများသို့ ၆၁ ဒေါ်လာခန့်နှင့်ညီမျှသော ကျပ်ငွေနှင့် ဒဏ်ရာရသူများအတွက် ဂရုဏာကြေး အနည်းငယ်မှအပ မည်သည့် တရားဝင် အကူအညီမှ မရကြောင်း စစ်ကိုင်းတွင် ငလျင်ကြောင့် နေအိမ်ပျက်စီးသွားသော ဦးညီညီတင်က ဆိုသည်။
မိုးရာသီ နီးကပ်လာချိန်တွင် သောင်းနှင့်ချီသော လူများသည် ယာယီတဲများတွင် နေထိုင်နေရဆဲဖြစ်ပြီး ကူးစက်ရောဂါ များ ပျံ့နှံ့မည်ကို စိုးရိမ်ကြောင်း WHO က ပြောသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါ အပါအဝင် ယခင် သဘာဝဘေးအန္တရာယ်များကို လူမှုအသိုက်အဝန်းက အကြီးအကျယ် တုံ့ပြန်မှုနှင့်ယှဉ်လျှင် ကူညီမည့်အဖွဲ့ငယ်များသာရှိပြီး လူထုအခြေပြုအဖွဲ့အစည်းများနှင့် အာဏာပိုင်များ ပူးပေါင်း ဆောင်ရွက်မှု မရှိကြောင်း ဦးညီညီတင်က ပြောသည်။
“တညီတညွတ်တည်း လုပ်မယ်ဆိုတဲ့စိတ် ပျောက်ကုန်ပြီ။ လူတွေက ကြောက်နေလို့ လို့ ကျနော်ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
(Reuters ပါ ဝလုံး၊ Poppy McPherson နှင့် ရွှန်းနိုင်တို့၏ Health care crisis follows Myanmar quake as junta drives medics underground ကို ဘာသာပြန်သည်။)
You may also like these stories:
မန္တလေးဆေးရုံကြီးတွင် လူနာများ ပြည့်လျှံပြီး ဆေးဝါး မလုံလောက်
လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်
ငလျင်အပြီး ပရဟိတအဖွဲ့က အိမ်မွေးတိရစ္ဆာန်များကို ကူညီနေ
အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး
မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်
နိုင်ငံတကာအကူအညီ ငလျင်ဘေးသင့်သူများထံ မရောက်သေး
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်














