အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့က တရုတ်သံရုံးရှေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုကို သရုပ်ဖော်ပြသခဲ့ကြပါတယ်။
မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဝင်ရောက်စွက်ဖက်နေမှုကို ရပ်တန့်ဖို့ ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ အခုလို သရုပ်ပြခဲ့တာပါ။
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၃၄ မိနစ်မှာ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသူ၊ ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အိုးတိန်တွင်း #သရုပ်ပြ #ဝါရှင်တန်ဒီစီ #တရုတ်သံရုံး #စာသင်ကျောင်း #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













