ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဌာနေပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးလာတယ်လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ရွှေလုပ်ကွက်တွေရှိတဲ့ လန်ဆယ်ဒေသကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
ခေါင်လန်ဖူးမြို့နယ်ထဲမှာ မေလနှောင်းပိုင်းက အင်အားတွေ ဖြည့်တင်းပြီး ဦးတန်ဂူးတန် ဦးဆောင်တဲ့ ရဝမ်ဌာနေပြည်သူ့စစ် အဖွဲ့တွေနဲ့ ပူးပေါင်းကာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လန်ဆယ် #ဆော့လော် #ကချင် #ပြည်သူ့စစ် #KIA #ဦးတန်ဂူးတန် #ရဝမ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













