လက်ရှိ ချင်းပြည်နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင် (CB) နဲ့ Chin Land Council (CC) တို့ကြား မပြေလည်မှုတွေရှိနေသလို ပလက်ဝ ဒေသပိုင်ဆိုင်မှုကလည်း အငြင်းပွားမှုတွေ ရှိနေတာပါတယ်။
ပလက်ဝဒေသကို AA က ရခိုင်ပြည်နယ်ရဲ့ ခရိုင်တခုအဖြစ် ထည့်သွင်းပြဋ္ဌာန်းတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတခုမှာ ဖော်ပြရာက ဝေဖန်မှုတွေလည်း မြင့်တက်နေတာပါ။ ဒီလိုခရိုင် သတ်မှတ်တာနဲ့ပတ်သက်ပြီးတော့ AA ဘက်ကတော့ တရားဝင်ပြောဆိုလာတာမျိုး မရှိသေးပါဘူး။
ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ နယ်မြေအငြင်းပွားမှုတွေ၊ ပွတ်တိုက်မှုတွေကို တော်လှန်ရေးကာလ အလွန်မှ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ နွေဦးတော်လှန်ရေး ချင်းလက်နက်ကိုင် ၁၈ ဖွဲ့က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #AA #CB #CC #ပလက်ဝ #ချင်းပြည်နယ် #နယ်မြေ #ရခိုင်ပြည်နယ် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













