တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တရုတ်အစိုးရက သီးသန့်စီခေါ်ယူတွေ့ဆုံကာ နှစ်ဖက်အပစ်ရပ်ဖို့ ပြောဆိုမှုရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ PSLF/TNLA ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားတာဖြစ်ပါတယ်။
လာမယ့် ဩဂုတ်လကုန်ပိုင်းမှာတော့ တရုတ်အစိုးရကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ TNLA ထပ်မံ တွေ့ဆုံဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ရှိတယ်လို့ ဆိုပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ဟာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်က တရုတ်အစိုးရကြားဝင်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးထားခဲ့ကြတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #TNLA #စစ်ကောင်စီ #နောင်ချို #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













