• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကမ္ဘာ့ဘဏ် စီးပွားရေးခန့်မှန်းချက် မတိကျဟု စစ်ခေါင်းဆောင် ပြော

by မောင်ကဝိ
5 July 2025
in သတင်း
A A
ကမ္ဘာ့ဘဏ် စီးပွားရေးခန့်မှန်းချက် မတိကျဟု စစ်ခေါင်းဆောင် ပြော

ကမ္ဘာဘဏ်ရဲ့ စီးပွားရေးခန့်မှန်းချက်ဟာ "မတိကျ မပြည့်စုံတဲ့ အချက်အလက်တွေကို အခြေခံတယ်"လို့ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ အမျိုးသားစီးပွားရေးတိုးတက်မှုညှိနှိုင်းရေးအစည်းအဝေးမှာ မင်းအောင်လှိုင်က ပြောတယ်

1.8k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေက သတင်းအချက်အလက်တွေ မတိကျ မပြည့်စုံဘူးလို့ မကြာခဏ ပြောတတ်တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး ခန့်မှန်းချက်ဟာ ယုံကြည်လက်ခံဖွယ်မရှိဘူးလို့ပြောပါတယ်။

အဓိကအားဖြင့် မတ်လက ဖျက်အားပြင်း ၇.၇ ငလျင်ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ စီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က လွန်ခဲ့တဲ့လက ခန့်မှန်းပါတယ်။

ကမ္ဘာဘဏ်ရဲ့ စီးပွားရေးခန့်မှန်းချက်ဟာ “မတိကျ မပြည့်စုံတဲ့ အချက်အလက်တွေကို အခြေခံတယ်”လို့ ဗုဒ္ဓဟူးနေ့က လုပ်တဲ့ အမျိုးသားစီးပွားရေးတိုးတက်မှုညှိနှိုင်းရေးအစည်းအဝေးမှာ မင်းအောင်လှိုင်ပြောကြောင်း စစ်ကောင်စီမီဒီယာက ဖေါ်ပြပါတယ်။

ရန်ကုန်က ကမ္ဘာ့ဘဏ်ရုံးထံက လတ်တလောမှတ်ချက် မရသေးပါဘူး။

မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (GDP) က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၇၆.၄ ဘီလီယံ ရှိပြီး သူ့စစ်ကောင်စီက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ GDP ဒေါ်လာ ၈၁.၆ ဘီလီယံအထိ ဒေါ်လာ ၅.၂ ဘီလီယံတိုးဖို့ ရည်မှန်းထားတယ်လို့ အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်ပြောပါတယ်။

ပြင်ပခန့်မှန်းချက်တွေ ဘယ်လိုရှိရှိ ပြည်သူတွေ ဆုံးဖြတ်ချက်ပြတ်သားပြီး အလုပ်ကြိုးစားရင် အဲဒီ ခန့်မှန်းချက်တွေကို အာခံပြီး စစ်မှန်တဲ့ GDP တိုးတက်မှုရမယ်လို့ သူပြောပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

ကမ္ဘာဘဏ် အစီရင်ခံစာကတော့ မြန်မာဟာ၂၀၂၆ ခုနှစ် မတ်လမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်မှာ အဓိကအားဖြင့် ငလျင်ဒဏ်ကြောင့် ငလျင်မဖြစ်ခင် ထုတ်လုပ်မှုထက် ဒေါ်လာ ၂ ဘီလီယံလျှော့နည်းပြီး GDP ၂.၅ ရာခိုင်နှုန်းကျုံ့သွားမယ်လို့ ခန့်မှန်းထားတယ်။

“ကဏ္ဍအားလုံးက ထုတ်လုပ်မှုဟာ စက်ရုံပိတ်သိမ်းခြင်း၊ ထုတ်လုပ်ရောင်းချမှုကွင်းဆက် အကန့်အသတ်၊ လုပ်အားမလုံလောက်မှုနဲ့ အခြေခံအဆောက်အအုံပျက်စီးမှုကြောင့် အနှောင့်အယှက်ဖြစ်နေတယ်” လို့ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ငလျင်ကြောင့် ပျက်စီးမှုတန်ဖိုး ဒေါ်လာ ၁၁ ဘီလီယံရှိပြီး GDP ရဲ့ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြေပြင်မှာတော့ ပြည်သူတွေဟာ ပြည်တွင်းစစ်၊ သဘာဝဘေးအန္တရာယ်တွေ၊ ငွေကြေးဖေါင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးတန်ဖိုးကျဆင်းမှု၊ ရေရှည် ဓာတ်အားပြတ်တောက်မှုတွေကို ရင်ဆိုင်နေရပြီး ပြည်သူသန်းပေါင်းများစွာဟာ ငလျင်နောက်ပိုင်း အကျပ်အတည်းတွေ ပိုရင်ဆိုင်နေရတယ်။

ငလျင်ကြောင့် ကြီးမားတဲ့ လူမှုစီးပွား ပျက်စီးမှုတွေကြောင့် ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၃.၆၂ ထရီလီယံ (ဒေါ်လာ ၁.၇ ဘီလီယံ) ဆုံးရှုံးတယ်လို့ မေလ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာကို ပြန်လည်တည်ဆောက်ခြင်း -ငလျင်အလွန် စီးပွားရေးပြန်လည်နာလန်ထခြင်း အစည်းအဝေးမှာ မင်းအောင်လှိုင်ဝန်ခံတယ်။ ဒါပေမဲ့ ကမ္ဘာဘဏ်ရဲ့ခန့်မှန်းချက်ကို သူပယ်ချတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လုံးမှာ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ စားနပ်ရိက္ခာဖူလုံမှု၊ ပို့ကုန်တိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးရေးတွေ ကတိပေးပေမဲ့ ဘာမှဖြစ်မလာဘူး။

စစ်ကောင်စီဟာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ လေ့လာသုံးသပ်မှုတွေကို အမြဲတမ်း ပယ်ချပြီး တိကျမှု၊ ဘက်မလိုက်မှုနဲ့ ရိုးသားတည်ကြည်မှု မရှိဘူးလို့စွပ်စွဲသလို မြန်မာ့အကျပ်အတည်း ဆွေးနွေးမှုတွေကို ပယ်ချတယ်။

မင်းအောင်လှိုင် ကမ္ဘာ့ဘဏ်ကို ဝေဖန်တဲ့အပေါ် ပြည်သူတွေက လူမှုကွန်ရက်မှာ လှောင်ပြောင်ကြပြီး သူ့စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်က သူ့မိသားစုနဲ့သူ့စစ်ခရိုနီတွေရဲ့ စီးပွားရေးတိုးတက်မှုကို အခြေခံတာလို့ ဟာသလုပ်ကြတယ်။

မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ သမီး ခင်သီရိသက်မွန်တို့ဟာ ဖခင်သြဇာကို အသုံးပြုပြီး ဆေးဝါး၊ ဆေးရုံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်တွေ၊ သယ်ယူပို့ဆောင်ရေး၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဖျော်ဖြေရေး၊ အာမခံ၊ ဆက်သွယ်ရေး၊ ပန်းချီပြခန်းတွေ၊ စားသောက်ဆိုင်တွေ၊ အားကစားရုံ လုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။

အမေရိကန် ပြည်ထောင်စုက အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်ကို အမည်ပျက်စာရင်းထည့်ပြီး သူတို့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့ထားတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ၏ Myanmar Regime Leader Rejects World Bank Economic Forecast as Inaccurate ကို ဘာသာပြန်သည်။)

You may also like these stories:

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

တရုတ် မြေရှားသတ္တု ချုပ်ကိုင်မှုတွင် ပြည်တွင်းစစ် ဖြစ်နေသည့် မြန်မာ အရေးပါ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

ခေတ် ၄ ခေတ်စလုံး ကောင်းစားသော ခရိုနီ ဦးဇော်ဝင်းရှိန်

Your Thoughts …
Tags: GDPကမ္ဘာ့ဘဏ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်စီးပွားရေးခန့်မှန်းချက်ဖျက်အားပြင်း ငလျင်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

Next Post
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved