စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်သည့် အလှူအတန်းပွဲတိုင်းတွင် မြန်မာပြည်၏ အသက်ငယ်ဆုံး ခရိုနီ ဦးဇော်ဝင်းရှိန်ကို အမြဲမြဲလိုလို တွေ့ရသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ ရေဘေးမှစ၍ ငလျင်ဘေးအထိ စစ်ကောင်စီအား လှူဒါန်းသူများထဲတွင် ဧရာဟင်္သာကုမ္ပဏီအုပ်စု အကြီးအကဲ ဦးဇော်ဝင်းရှိန် အမြဲမြဲလိုလို ပါလေ့ရှိသည်။
အသက်အရွယ်အားဖြင့် ၅၀ မပြည့်သေးသော်လည်း မြန်မာနိုင်ငံတွင် ဘဏ်နှင့်ဆက်သွယ်ရေးလုပ်ငန်း ပိုင်ဆိုင်သည့် ခရိုနီတဦး ဖြစ်လာနေသည်။ ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ခရိုနီဖြစ်လာသည်မှာလည်း ခေတ် လေးခေတ်စလုံး အဆင်ပြေအောင် နေထိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
မြန်မာပြည်မှ ခရိုနီများသည် သူတို့ခေတ်ကောင်းသည့် တချိန် ရှိခဲ့ကြသည်။ ဦးတေဇသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်တွင် အဆင်ပြေသော်လည်း ဦးသိန်းစိန်ခေတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေတ်တို့တွင် အဆင်မပြေခဲ့ပေ။ အလားတူ ကမ္ဘောဇဘဏ် (KBZ) အကြီးအကဲ ဦးအောင်ကိုဝင်းသည် နဝတခေတ်၊ ဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီခေတ်တွင် အဆင်ပြေခဲ့သော်လည်း NLD ခေတ်တွင် သိပ်အဆင်မပြေခဲ့ပေ။
ဧဒင် ဦးချစ်ခိုင်သည် နဝတခေတ်တွင် အဆင်ပြေခဲ့သော်လည်း ဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီခေတ်တွင် အဆင်မပြေခဲ့ပေ။ ဇေကမ္ဘာ ဦးခင်ရွှေသည် ဦးခင်ညွန့် ဩဇာကြီးချိန်တွင် အဆင်ပြေခဲ့သော်လည်း စစ်ကောင်စီခေတ်တွင် အဆင်မပြေခဲ့ပေ။ ဦးဇော်ဝင်းရှိန် တဦးတည်းသာ ခေတ် လေးခေတ်စလုံး အဆင်ပြေခဲ့သူ ဖြစ်သည်။
ဧဒင် ဦးချစ်ခိုင်သည် နဝတခေတ်တွင် အဆင်ပြေခဲ့သော်လည်း ဦးသိန်းစိန်ခေတ်နှင့် စစ်ကောင်စီခေတ်တွင် အဆင်မပြေခဲ့ပေ။ ဇေကမ္ဘာ ဦးခင်ရွှေသည် ဦးခင်ညွန့် ဩဇာကြီးချိန်တွင် အဆင်ပြေခဲ့သော်လည်း စစ်ကောင်စီခေတ်တွင် အဆင်မပြေခဲ့ပေ။ ဦးဇော်ဝင်းရှိန် တဦးတည်းသာ ခေတ် လေးခေတ်စလုံး အဆင်ပြေခဲ့သူ ဖြစ်သည်။
နဝတခေတ်တွင် ဦးဇော်ဝင်းရှိန်သည် သာမန် ဆန်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်တဦးဖြစ်သည်။ သို့သော် စစ်ထောက်ချုပ်တာဝန်ယူခဲ့သည့် ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သားနှင့် ရင်းနှီးလာပြီးနောက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းလုပ်ငန်းကို လုပ်ပိုင်ခွင့်ရလာခဲ့သည်။
ထို့နောက် စစ်ထောက်ချုပ်၏ သားနှင့်ပေါင်းကာ ဆန်တင်ပို့ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စားအုန်းဆီ တင်သွင်းခြင်းနှင့် စစ်တပ်နှင့်ဆိုင်သောလုပ်ငန်းများ လုပ်ပိုင်ခွင့်ရကာ ခရိုနီအသေးစား ဖြစ်လာခဲ့သည်။

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အနားယူသွားပြီးနောက် စစ်ထောက်ချုပ်ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့်လည်း အဆင်ပြေခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး ဝေလွင်၏သားနှင့် အကျိုးတူ ပူးပေါင်းကာ စစ်တပ်နှင့်ပတ်သက်သောလုပ်ငန်းများ လုပ်ပိုင်ခွင့် ထပ်မံ ရရှိလာပြီးနောက် ပိုမို ချမ်းသာလာခဲ့သည်။
နဝတခေတ်တွင် ခရိုနီအသေးစားဖြစ်လာသော ဧရာဟင်္သာကုမ္ပဏီအုပ်စု အကြီးအကဲ ဦးဇော်ဝင်းရှိန်သည် သမ္မတ ဦးသိန်းစိန်ခေတ်တွင်လည်း ဆက်လက် အဆင်ပြေခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ‘စူပါဝန်ကြီး’ ဟုခေါ်ကြသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နောက်လိုက်လုပ်ခဲ့သည်။ ဦးစိုးသိန်းသွားသည့် ခရီးစဉ် တော်တော်များများတွင် ဦးဇော်ဝင်းရှိန် လိုက်ပါလေ့ရှိသည်။
သမ္မတ ဦးသိန်းစိန်ခေတ်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပေါင်းကာ အစိုးရပိုင်လေလံများ ရယူနိုင်ခဲ့သည်။ အစိုးရပိုင်မြေကွက်များအား တန်ဖိုးနည်းစွာဖြင့် ရရှိခဲ့သည်။ ထင်ရှားသော ဥပမာတခုအနေဖြင့် ရန်ကုန်မြို့ရှိ စစ်သမိုင်းပြတိုက် မြေနေရာအား လုပ်ပိုင်ခွင့်ရခဲ့သည်။ A Bank အမည်ဖြင့် ဘဏ်လုပ်ငန်းတခု လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
သမ္မတ ဦးသိန်းစိန်ခေတ်တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ပေါင်းကာ အစိုးရပိုင်လေလံများ ရယူနိုင်ခဲ့သည်။ အစိုးရပိုင်မြေကွက်များအား တန်ဖိုးနည်းစွာဖြင့် ရရှိခဲ့သည်။ ထင်ရှားသော ဥပမာတခုအနေဖြင့် ရန်ကုန်မြို့ရှိ စစ်သမိုင်းပြတိုက် မြေနေရာအား လုပ်ပိုင်ခွင့်ရခဲ့သည်။ A Bank အမည်ဖြင့် ဘဏ်လုပ်ငန်းတခု လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
ထို့ပြင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဦးဇော်ဝင်းရှိန်တို့သည် ရင်းနှီးသူများဖြစ်သည်။ ထို့ကြောင့် ရာဝတီတိုင်းအတွင်းရှိ လယ်မြေများအား စက်မှုဇုန်မြေအဖြစ် ပြောင်းလဲကာ ပုသိမ်စက်မှုမြို့တော်ကို တည်ဆောက်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ သားကို ဧရာဟင်္သာကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။
စစ်ဗိုလ်ချုပ်များနှင့် အဆင်ပြေခဲ့သော ဦးဇော်ဝင်းရှိန်သည် NLD အစိုးရလက်ထက်တွင်လည်း ဆက်လက် အဆင်ပြေအောင် နေထိုင်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းထိန်နှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။
ထို့ပြင် NLD အစိုးရလက်ထက်တွင် စီမံဘဏ္ဍာဝန်ကြီးလုပ်ခဲ့သူ ဦးကျော်ဝင်းမှာ ဦးဇော်ဝင်းရှိန်၏ ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သည့် လူရင်းတဦး ဖြစ်သည်။ ဦးဇော်ဝင်းရှိန် ရွေးပေးသည့်သူများသာ ဝန်ကြီး ဦးကျော်ဝင်း၏ ပြည်ပခရီးစဉ်များတွင် လိုက်ပါခွင့်ရကြသည်အထိ ပိုင်သူဖြစ်သည်။
ဝန်ကြီး ဦးကျော်ဝင်း ကျင်းပသည့် နေပြည်တော် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဇော်ဝင်းရှိန်က တဖက်လှည့်ဖြင့် စပွန်ဆာပေးခဲ့သည်။ အဆိုပါကိစ္စ စစ်ဆေးပေါ်ပေါက်သည့်အတွက် ဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ အနားပေးခြင်းခံခဲ့ရသည်။

NLD အစိုးရလက်ထက်တွင် ဦးဇော်ဝင်းရှိန်သည် လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့သည်။ ဥပမာအားဖြင့် A Bank တခုတည်းသာ ကော်မာရှယ်ဘဏ်လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ်စီမံကိန်း အပိုင်း (၃) ကိုလည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
ထိုကဲ့သို့ NLD အစိုးရလက်ထက်တွင် အထူးအခွင့်အရေး ရခဲ့သော ဦးဇော်ဝင်းရှိသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေတ်တွင်လည်း ဆက်လက် အဆင်ပြေခဲ့သည်။
ဦးဇော်ဝင်းရှိန်သည် စစ်ကောင်စီခေတ်ဦးတွင် လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အဆင်ပြေခဲ့သည်။ ထို့ပြင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်လည်း ဆက်ဆံရေးကောင်းခဲ့သည်။ ထို့ကြောင့်လည်း ဦးဇော်ဝင်းရှိန်သည် စစ်ကောင်စီခေတ်တွင် အဆင်ပြေနေသည်။
လက်ရှိ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့်လည်း ဆက်ဆံရေးကောင်းသည့်အတွက် စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ ဆက်လက် လုပ်ပိုင်ခွင့်ရခဲ့သည်။
လက်ရှိ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့်လည်း ဆက်ဆံရေးကောင်းသည့်အတွက် စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ ဆက်လက် လုပ်ပိုင်ခွင့်ရခဲ့သည်။
စစ်ကောင်စီခေတ်တွင် သူဌေးများအားလုံး အပြိုင်အဆိုင်ဝယ်ကြသည့် အော်ရီဒူး တယ်လီကွန်းကုမ္ပဏီကို ဦးဇော်ဝင်းရှိန်သာ ဝယ်ယူခွင့်ရရှိခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံး ဘဏ်နှင့်ဆက်သွယ်ရေးကုမ္ပဏီပိုင်သည့် ခရိုနီဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ဦးဇော်ဝင်းရှိန်သည် တခေတ်ပြီးတခေတ် ပိုမိုချမ်းသာလာခဲ့ပြီး စစ်ကောင်စီခေတ်တွင် ခရိုနီကြီးများနှင့်အပြိုင် စစ်ကောင်စီကို လှူဒါန်းပေးကမ်းနိုင်သူ ဖြစ်လာခဲ့သည်။
You may also like these stories:
ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း
ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ
သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ
ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ
နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ
အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း