• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

နေပြည်တော်က စစ်ခေါင်းဆောင်တည်သည့်ဘုရား ခရိုနီကြီးများ ငွေလှူ

by ဧရာဝတီ
30 June 2023
in သတင်းတို
A A
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် ထိပ်တန်းခရိုနီကြီးများက အလှူငွေပေးအပ်နေစဉ် / CINCDS

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် ထိပ်တန်းခရိုနီကြီးများက အလှူငွေပေးအပ်နေစဉ် / CINCDS

18.1k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည် ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အတွက် မြန်မာ့ထိပ်တန်းခရိုနီများက အလှူငွေများပေးအပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြလာသည်။

ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အခြေ အနေ ရှင်းလင်းပြသပွဲကို စစ်ခေါင်းဆောင်များ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ မြန်မာ့ထိပ်တန်းခရိုနီများ အပါအဝင် စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော်၊ A Bank ပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီ လီမိတက်ပိုင်ရှင် ဦးဝင်းအောင်၊ စစ်ကောင်စီအတွက် စစ်လက်နက်တင်သွင်းပေးသည့် Authentic Company ဦးအောင်မျိုးဟိန်း၊ စစ်ခေါင်းဆောင်၏သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ စီးပွားရေးလုပ်ငန်းများကို နာမည်ခံ လုပ်ဆောင်ပေးရသူ Yetagon Energy ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့အပြင် ယမန် နေ့ညပိုင်းက ထိန်းသိမ်း ခံထားရရာမှ နေအိမ်ပြန်ရောက်ပြီဟု လူမှုကွန်ရက်တွင် အသိပေးလာသော စေပိုင် ဆောက်လုပ် ရေး ကုမ္ပဏီ ပိုင်ရှင် ဦးမောင်ဝိတ်နှင့် တခြားသောစီးပွားရေး လုပ်ငန်းရှင်ကြီးတက်ရောက်ကြောင်း စစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
423
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
28
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
61

တက်ရောက်လာသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အလှူရှင် ၁၀၁ ဦးက စုစုပေါင်း ကျပ်ငွေ ၁၆ ဒသမ ၁၇၇ ဘီလျံ လှူဒါန်းသည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မာရဝိဇယရုပ်ပွားတော်သည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လှူဒါန်းခဲ့သော စကျင်ကျောက်တုံးကြီးကို ၂၀၁၈ အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ရာ ၂၀၁၉ မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ ၂၀ (A) အဆင့် ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကြောင်း၊ ဆင်းတုတော်ကို ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းအခမ်းအနား၌ ပြောဆိုသည်။

ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုကို ပြသရန်၊ မြန်မာ သည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ ဗုဒ္ဓမြတ်စွာဘုရား၏ အေးမြသည့်အရိပ်အာဝါသအောက်တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာ နေထိုင်နိုင်ရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှု မေတ္တာတရား ထားသည့် ဘာသာတရားတခုဖြစ်ရာ ဗုဒ္ဓဘာသာတရား၏အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုရှိစေရန် ရည်ရွယ်ချက် များဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

You may also like these stories:

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

ရန်ကုန်၊ မန္တလေး ညများရဲ့ ဖျော်ဖြေရေး ပဲ့ကိုင်ရှင်

Your Thoughts …
Tags: ခရိုနီစစ်ခေါင်းဆောင်နေပြည်တော်မာရဝိဇယရုပ်ပွားတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Next Post
ကိုင်းပြင်ကျေးရွာအနီးရှိ PDF စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားစဉ်

စစ်ကိုင်းနယ်တွင် စစ်တပ်ကင်းပုန်းနှင့်တိုး၍ PDF ၁၄ ဦး သတ်ဖြတ်ခံရ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved