• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

by ဧရာဝတီ
27 October 2022
in ဆောင်းပါး
A A
ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

8.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ် တတိယမျိုးဆက်ဟု ခေါ်ဆိုရမည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီ ဗိုလ်ချုပ်များသည် ယခင်ခေတ်ဟောင်း ခရိုနီများကို မယုံကြည့်တော့ဘဲ ချောင်ထိုး လာနေလျက်ရှိသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာပင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ခရိုနီတချို့ ရှိခဲ့သလို မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်း ခရိုနီ ၅ ဦးထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်ခဲ့သူ ခရိုနီ နှစ်ဦးကိုလည်း ရက်အနည်းအငယ် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သေးသည်။

ထိုသူများသည် ယခင် အာဏာသိမ်းစစ်အုပ်စုဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်၊ ဗိုလ်ချုပ်ကြီး သူရသီဟ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အစရှိသော စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်ပြီး နဝတ၊ နအဖ လက်ထက်တွင် ချမ်းသာကြွယ်ဝလာသူများ ဖြစ်သည်။

စစ်ကောင်စီရဲ့ သက်သေ ဦးမောင်ဝိတ်

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပထမဆုံး ပစ်မှတ်ထား ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ခရိုနီ သူဌေးတဦးမှာ စေပိုင် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ပင် ဖြစ်သည်။

သူသည် ၂၀၀၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုနှင့် အကျဉ်းကျနေရာမှ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်အစပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အရပ်သား အစိုးရအဖွဲ့ဝင်များကို အဂတိလိုက်စားမှု ပုဒ်မများဖြင့် တရားစွဲဆိုထားသော အမှုများတွင် ခရိုနီဟောင်း ဦးမောင်ဝိတ်ကို အဓိက သက်သေအဖြစ် အသုံးပြုကာ တရားစွဲသည်။

အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အရပ်သား အစိုးရအဖွဲ့ဝင်များကို အဂတိလိုက်စားမှု ပုဒ်မများဖြင့် တရားစွဲဆိုထားသော အမှုများတွင် ခရိုနီဟောင်း ဦးမောင်ဝိတ်ကို အဓိက သက်သေအဖြစ် အသုံးပြုကာ တရားစွဲသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
34
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
186
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
109

ဦးမောင်ဝိတ်သည် ထောင်က လွတ်မြောက်လာပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း အနိုင်ရတဲ့ NLD အစိုးရကို အပြည့်အဝ ထောက်ခံအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူအဖြစ် လူသိများလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် ပွဲအခမ်းအနားတချို့ တွင် ဦးမောင်ဝိတ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အနီးနားတွင် အမြဲတွေ့ရသည်။

စေပိုင်ဆောက်လုပ်ရေး လုပ်ငန်းစုသည်လည်း ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများတွင် မြို့ပြ ဖွံ့ဖြိုးရေး အစိုးရတင်ဒါ တချို့ကို လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေရှိ ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးကိုလည်း လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

အာဏာသိမ်းလိုက်ပြီး ပထမဆုံး ပစ်မှတ်ထား ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ခရိုနီ ဦးမောင်ဝိတ်

ဦးမောင်ဝိတ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရခိုင်ပြည်နယ်ရှိ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ကိုဗစ် ကာလအတွင်း၌ ကွာရန်တင်းစင်တာ တည်ဆောက်ရေး လုပ်ငန်းများတွင် အားကြိုးမာန်တက် ပါဝင်လှူဒါန်းခဲ့သူလည်း ဖြစ်သည်။

ထိုအခြေအနေများက ဦးမောင်ဝိတ်သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရအဖွဲ့ဝင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူအဖြစ် ပုံပေါ်လာနေသော်လည်း ၎င်း၏ ပုံရိပ်အစစ်အမှန်မှာ အာဏာရှင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင် တဦးပင် ဖြစ်သည်။

သူသည် ဦးသန်းရွှေလက်ထက်တွင် စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်း အဆက်ဆက်နှင့် ရင်းနှီးခဲ့သူဖြစ်ပြီး စစ်ထောင်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့်နှင့် အဓိက နီးစပ်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ် ခင်ညွန့် ဖြုတ်ချခံရပြီးနောက် ဦးမောင်ဝိတ်သည်လည်း စစ်ဗိုလ်ချုပ်များ၏ ဘေးထုတ်ခြင်းခံရသူလည်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို တိုင်းပြည်အတွင်း ကျိကျိတက်ချမ်းသာနေသော စစ်ဗိုလ်ချုပ်များက ပုံရိပ်ဖျက်ချင်သည့်အတွက် ဦးမောင်ဝိတ်ကို အသုံးချနေခြင်းပင် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို တိုင်းပြည်အတွင်း ကျိကျိတက်ချမ်းသာနေသော စစ်ဗိုလ်ချုပ်များက ပုံရိပ်ဖျက်ချင်သည့်အတွက် ဦးမောင်ဝိတ်ကို အသုံးချနေခြင်းပင် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရိုနီများကို တိုက်ကွန်း Tycoon ဟု အမည်တပ်ပြီး နေရာပေး အလေးပေး ဆက်ဆံခဲ့သူ ဖြစ်သည်။ အတိတ်ကာလတွင် မည်သို့ပင် ရှိခဲ့စေကာမူ သူ့လက်ထက်တွင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုနီများ၏ အခန်း ကဏ္ဍသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ခေတ်ဟောင်းခရိုနီများ အရာကျခြင်း

မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသော ထိပ်တန်း ခရိုနီ ၁၀ ဦးအတွင်း ပါဝင်သော ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင်နှင့် ဇေကမ္ဘာ လုပ်ငန်းစုက ဦးခင်ရွှေတို့ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် နှစ်အစပိုင်းတွင် ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးလိုက်သည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ၎င်းတို့၏ သားဖြစ်သူများကိုလည်း ဖမ်းဆီးကာ အမှုဖွင့် အရေးယူထား သည်။

ထိုသို့ နာမည်ကြီး လုပ်ငန်းရှင်ကြီး နှစ်ဦးကို ဖမ်းဆီးအရေးယူခံလိုက်ရခြင်းသည် ခေတ်ဟောင်း ခရိုနီများနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းကြားတွင် စစ်ကောင်စီ၏ အကြောင်းရှာ ရန်ပြုလာမည်ကို စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်ခဲ့သည်။

ဧဒင်လုပ်ငန်းစု ဦးချစ်ခိုင်ကို စစ်ကောင်စီက ယခင်စစ်အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ရရှိခဲ့သော တီကျစ် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး အခွန်အပြည့်အဝ မဆောင်ခဲ့ခြင်းကြောင့် ဖမ်းဆီးအရေးယူလိုက်ခြင်းဟု ဆိုသော်လည်း NLD အစိုးရနှင့် နီးစပ်ခဲ့သည့်အတွက် စစ်ကောင်စီက အရေးယူခြင်းပင် ဖြစ်သည်။

ဧဒင်လုပ်ငန်းစု ဦးချစ်ခိုင်ကို စစ်ကောင်စီက ယခင်စစ်အစိုးရလက်ထက်က လုပ်ပိုင်ခွင့်ရရှိခဲ့သော တီကျစ် ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး အခွန်အပြည့်အဝ မဆောင်ခဲ့ခြင်းကြောင့် ဖမ်းဆီးအရေးယူလိုက်ခြင်းဟု ဆိုသော်လည်း NLD အစိုးရနှင့် နီးစပ်ခဲ့သည့်အတွက် စစ်ကောင်စီက အရေးယူခြင်းပင် ဖြစ်သည်။

ဧဒင်လုပ်ငန်းစုသည် စွမ်းအင်လုပ်ငန်း၊ ဟိုတယ် နှင့်ခရီးသွား၊ ဘဏ်လုပ်ငန်း၊ စက်သုံးဆီ ဆောက်လုပ်ရေးနှင့် သတ္ထုတူး ဖော်ထုတ်လုပ်ရေး အစရှိသော လုပ်ငန်းများစွာ လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ဦးချစ်ခိုင်သည် သူ၏ ယောက်ဖတော်သူ ဗိုလ်ချုပ်လှဦး၏ အဆက်အသွယ်ဖြင့် ၁၉၈၈ခုနှစ် အာဏာသိမ်း စစ်တပ် ခေါင်း ဆောင်များ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှင့် နီးစပ်ကာ စစ်တပ် ကန်ထရိုက် လုပ်ငန်းများစွာ လုပ်ပိုင်ခွင့်ရရှိပြီးနောက် ကြီးပွားလာခဲ့သူ တဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်အထိ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။

အခွန်ရှောင်မှုဖြင့် အကြောင်းပြဖမ်းဆီးခံရသော ဧဒင် ဦးချစ်ခိုင်

“ဆရာချစ်(ဦးချစ်ခိုင်)နဲ့ ကိုဇော်ဇော် (Max) ကို NLD နဲ့ နီးနီးကပ်ကပ်နေခဲ့လို့ တပ်ဘက်က တော်တော့်ကို အမြင်မကြည်ခဲ့တာ။ အခုအာဏာသိမ်းကာလမှာလည်း အတိုင်အခံတွေဘက်ကို ယိမ်းနေတယ်လို့ သူတို့ ယူဆလို့ အခုလိုလုပ်တာ”ဟု ဦးချစ်ခိုင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခိုင်သားအဖကို ဖမ်းဆီးအရေးယူလိုက်ခြင်းသည် အခြားသော စီးပွားရေး လုပ်ငန်းရှင်များကိုပါ တခါတည်း သတိပေးလုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

သူက ဆက်လက်၍ “ကိုဇော်ဇော်(Max) ဆိုရင်လည်း အခု မင်းအောင်လှိုင်တို့ အိမ်ကို အဝင်အထွက် ပြန်လုပ်နေရပြီလေ။ စကစ စီးပွားရေးလုပ်ငန်းရှင်တွေကို သူတို့နဲ့ ကင်းလို့မရဘူးဆိုတာမျိုး ပြချင်တာ”ဟု ဆိုသည်။

ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကို ဖမ်းဆီးအရေးယူခံရခြင်းသည် NLD နှင့် ပတ်သက်မှုကြောင့် မဟုတ်ဘဲ ယခုအာဏာသိမ်းစစ်ဗိုလ်ချုပ်အုပ်စုကို အတိုက်အခံလုပ်ဆောင်နေသော ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်ခဲ့သည့် ခရိုနီများကို သတိပေးခြင်းပင်

ဇေကမ္ဘာ ဦးခင်ရွှေတို့ သားအဖကို ဖမ်းဆီးအရေးယူခံရခြင်းသည် NLD နှင့် ပတ်သက်မှုကြောင့် မဟုတ်ဘဲ ယခုအာဏာသိမ်းစစ်ဗိုလ်ချုပ်အုပ်စုကို အတိုက်အခံလုပ်ဆောင်နေသော ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်ခဲ့သည့် ခရိုနီများကို သတိပေးခြင်းပင် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

၎င်းတို့ကို လွန်ခဲ့သည့် ငါးနှစ်ကျော်က စစ်တပ် နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော အိမ်ရာ စီမံကိန်းတခုတွင် စာချုပ်ပါ အချက်အလက်များကို ကျော်လွန်လုပ်ဆောင်ခြင်းနှင့် ရှေးဟောင်း အဆောက်အအုံများကို ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် အရေးယူထားခြင်း ဖြစ်သည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် ယခင်စစ်အစိုးရနှင့် ကြံ့ခိုင်ရေးပါတီတို့တွင် အာဏာရှိခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း နှင့် ခမည်းခမက်တော်စပ်သူတဦးလည်း ဖြစ်သည်။

သူရဦးရွှေမန်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တပ်မတော်တရပ်လုံးမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ရာထူးနှင့် အဆင့် ၃ ရာထူး ရှိသူ ဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ တွင်လည်း အာဏာရှိသူတဦး ဖြစ်သည်။ ဦးသိန်းစိန်အစိုးရခေတ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည် ။

ဇေကမ္ဘာ ဦးခင်ရွှေကို ဖမ်းခြင်းသည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းမိသားစုကို သတိပေးရာလည်း ရောက်သည်

သူရဦးရွှေမန်းသည် တိုင်းပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလများနှင့် NLD အစိုးရ အာဏာ ရှိခဲ့ချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိလာခဲ့၍ ဒီမိုကရေစီလိုလားသူအဖြစ် အကောင်းမြင်ခဲ့ကြသလို စစ်တပ် အသိုင်းအဝိုင်းဘက်ကမူ သူ့ကို “သစ္စာဖောက်”၊ “သာကူး”၊ “ခြံခုန်သူ”ဟု ဝေဖန်ခဲ့ကြသည်။

ထို့အတွက်ကြောင့် ဦးခင်ရွှေတို့ သားအဖ ဖမ်းဆီးအရေးယူခံရခြင်းသည် သူရဦးရွှေမန်းတို့ အုပ်စုကို တခါတည်း ဖိနှိပ်လိုက် ခြင်းပင် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က မှတ်ချက်ပြုကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူရဦးရွှေမန်း၏ သားနှစ်ယောက်ဖြစ်သော စီးပွားရေးလုပ်ငန်းရှင် ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့သည် ပြည်ပတွင် ထွက်ခွာနေထိုင်ကြလျက်ရှိသလို သူရဦး ရွှေမန်းကိုယ်တိုင်လည်း ၎င်းထူထောင်ထား သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ကို ယခုအောက်တိုဘာလအတွင်း၌ ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

ယခုအာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့နှင့် လက်တွဲ မလုပ်ဆောင်လိုခြင်းနှင့် အတိုက်အခံလုပ်ဆောင်သည်ဟု ယူဆသော ခရိုနီဟောင်းများအပြင် ဗိုလ်ချုပ်ဟောင်းများကိုပါ မျက်နှာမပေးသည်မှာ ယခု အခြေအနေများက သက်သေပြနေသည်။

နော်ဝေးအခြေစိုက် တယ်လီကွန်းကုမ္ပဏီ၊ တယ်လီနော၏ မြန်မာ လုပ်ငန်းခွဲ အရောင်းအဝယ်ကိစ္စတွင် ခရိုနီ ဦးနေအောင်၊ ဦးပြေအောင်တို့အုပ်စု (IGE လုပ်ငန်းစု) သည်လည်း နောက်ပို့ခံရသည်။

နောက်ထပ်ဥပမာကောင်းတခုမှာ နော်ဝေးအခြေစိုက် တယ်လီကွန်းကုမ္ပဏီ၊ တယ်လီနော၏ မြန်မာ လုပ်ငန်းခွဲ အရောင်းအဝယ်ကိစ္စတွင် ခရိုနီ ဦးနေအောင်၊ ဦးပြေအောင်တို့အုပ်စု (IGE လုပ်ငန်းစု) သည်လည်း နောက်ပို့ခံရကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

တယ်လီနော မြန်မာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုနှင့် ရင်းနှီးသော စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော် (ရွှေဗျိုင်းဖြူလုပ်ငန်းစု)က ဝယ်ယူခွင့်ရခဲ့ပြီး ထိုဝယ်ယူမှုတွင် စစ်ခေါင်းဆောင်၏ သမီးဖြစ်သူက ရှယ်ယာထည့်ဝင်ထားသည်။

ခရိုနီ ဦးနေအောင်၊ ဦးပြေအောင်တို့သည် ယခင်စစ်အစိုးရလက်ထက်တွင် အခွင့်အာဏာသုံးပြီး စီးပွားရေး လုပ်ငန်း အများ အပြား ရယူခဲ့ခြင်းနှင့် လာဘ်စားမှုတို့တွင် နာမည်ကြီးသော စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားများပင် ဖြစ်သလို ၎င်းတို့နှင့် ညီအကိုတော်စပ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်သည်ပင် လက်ရှိမြန်မာစစ်တပ်၏ ရေတပ်ချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသူပင် ဖြစ်သည်။

ယခင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဦးသန်းရွှေနှင့် သူ၏ ခရိုနီများ

“IGE အုပ်စုက နောက်ပို့ခံရတာရော သူတို့ကိုယ်တိုင်က အခုဗိုလ်ချုပ်တွေနဲ့ ခပ်ခွာခွာနေလာတဲ့ အခြေအနေရှိတယ်။ အဓိကက အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်တွေ ထပ်ထိမှာကို သူတို့ စိုးရိမ်ကြတယ်။ ဗိုလ်ချုပ်ကြီး မိုးအောင်ဆို ရာထူးကနေ နုတ်ထွက်တဲ့ စာတောင် တင်ခဲ့တယ်လို့ ကြားရတယ်။ ပေးမထွက်လို့ မထွက်ရတာပေါ့”ဟု ရန်ကုန်မြို့ရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တချို့နှင့် ရင်းနှီးသူတဦးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်က ရာထူးကနေ နုတ်ထွက်စာတင်ခဲ့သည့် အကြောင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနအနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

IGE အုပ်စု၏ ခရိုနီညီအကိုများကဲ့သို့ ခရိုနီဟောင်းတဦးဖြစ်သည့် CB (သမဝါယမဘဏ်) ဦးခင်မောင်အေးသည်လည်း ထိုနည်းတူစွာပင် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းအတွင်းမှ သိရသည်။

ဦးခင်မောင်အေးသည် စစ်အာဏာသိမ်းပြီးခါစတွင် မြန်မာပြည်မှ ထွက်ခွာ၍ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြည်တွင်းသို့ ပြန်လာရန် ပြောဆိုသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။

ဦးခင်မောင်အေးသည် စစ်အာဏာသိမ်းပြီးခါစတွင် မြန်မာပြည်မှ ထွက်ခွာ၍ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြည်တွင်းသို့ ပြန်လာရန် ပြောဆိုသဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။

ယခု အာဏာသိမ်းစစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းရှင်များအပေါ် မယုံကြည်ခြင်းနှင့် ဖိနှိပ်မှုများ လုပ်ဆောင်ခြင်း နောက်ထပ်လုပ်ရပ်တခုမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု နည်းပါးသော မန္တလေး အခြေစိုက် ထိပ်တန်း ကျောက်မျက် လုပ်ငန်းရှင် ဦးကျော်သူရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့နေသည်ဟုဆိုကာ ဖမ်းဆီးကာ ကျပ်ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှု အားလုံးကို ချိတ်ပိတ်သိမ်းယူလိုက်ပင် ဖြစ်သည်။

“ကိုကျော်သူရဖြစ်စဉ်က စီးပွားရေးလောကတခုလုံးကို ခြိမ်းခြောက်သတိပေးတဲ့ လုပ်ရပ်ပဲ”ဟု ကျောက်မျက်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောဆိုသည်။

မျိုးဆက်သစ် ခရိုနီတွေ လာပြီ

ထိုသို့ စစ်ကောင်စီက NLD နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ နှင့် ဆက်စပ်သည် ဖြစ်စေ၊ မဆက်စပ်သည် ဖြစ်စေ ခရိုနီဟောင်း များနှင့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိနှိပ်မှု၊ အကြပ်ကိုင်မှုများစွာ လုပ်ဆောင်နေသော်လည်း ခရိုနီဟောင်းများကြား ဩဇာအကြီးမားဆုံးဖြစ်သော ကမ္ဘောဇလုပ်ငန်းစု(KBZ) ဦးအောင်ကိုဝင်းနှင့် နီးစပ်သူ အုပ်စုများကမူ ယခုအာဏာသိမ်းကာလ အတွင်း မြန်မာ့စီးပွားရေးဝန်းကျင်တွင် ရှေ့ရောက်လာလျက်ရှိသည်။

ထိုခရိုနီမျိုးဆက်သစ်များကို စီးပွားရေးလောကတွင် ရှေ့ထွက်မင်းသားများဟု ခေါ်ဆိုနေကြပြီး ယခုစစ်အုပ်စု အတွက် လုပ်ငန်းများ လုပ်ဆောင်ပေးနေသူများအဖြစ် လူသိများသူတချို့မှာ ရွှေဗျိုင်းဖြူ စက်သုံးဆီ လုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၊ ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်၊ 24 Hour လုပ်ငန်းစု ပိုင်ရှင် ဦးအောင်အောင်ဇော်၊ ဦးမောင်မောင်နိုင် (Sky one ဆောက်လုပ်ရေး) ၊ ဦးဇော်ဝင်းရှိန်( ဧရာင်္ဟသာ လုပ်ငန်းစု) ၊ STRONG SOURCE လုပ်ငန်းစုမှ ဦးစိုးနိုင်၊ ဦးစိုးလှိုင်နှင့် ဦးအောင်မျိုးဟိန်း (Authentic) အစရှိသည့် လုပ်ငန်းရှင်များပင် ဖြစ်သည်။

စွမ်းအင်လုပ်ငန်းရှင်တဦးက “အခုစစ်ဗိုလ်ချုပ်တွေက အကုန်လုံးချီပြီးတုပ်ပြီး လုပ်ကြတာများတယ်။ လုပ်ငန်း လုပ်ခိုင်းတဲ့ပုံစံကိုက အရင်ဗိုလ်ချုပ်အဟောင်းတွေလို အကူအညီ တောင်းတာမျိုး မဟုတ်ဘဲ လုပ်ခိုင်းတာဆိုတဲ့ ပုံစံမျိုးနဲ့ သွားတာ၊ အကူအညီတောင်းတဲ့ ပုံစံမျိုးဆို လုပ်ငန်းရှင်က သူတို့ဆီက တခုခုပြန်တောင်းတာမျိုး ဖြစ်လာမှာ စိုးလို့လေ” ဟု မှတ်ချက်ချသွားခဲ့သည်။

You may also like these stories:

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော

စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

Your Thoughts …
Tags: ခရိုနီစစ်ကောင်စီစစ်အာဏာသိမ်းစီးပွားရေး လုပ်ငန်းရှင်တတိယ မျိုးဆက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ  / CJ

ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး

အနန့်ပါဖြစ်စဉ် လုပ်ဆောင်သူတွေရော စေခိုင်းသူပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ရမယ် (ရုပ်/သံ)

အနန့်ပါဖြစ်စဉ် လုပ်ဆောင်သူတွေရော စေခိုင်းသူပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်ရမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved