ကချင်ပြည်နယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ စစ်ကောင်စီရဲ့ ရေယာဥ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေရဲ့ လှုပ်ရှားနေမြေတွေကို ဖြတ်ကူးစဉ်မှာ ရေမြှုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ နောက်ပွင့်လောင်ချာ အပါအဝင် လက်နက်မျိုးစုံနဲ့ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပါတယ်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၅ စီးအပါအဝင် စုစုပေါင်း ရေယာဥ် ၁၄ စင်းကို မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက မြစ်ကမ်းစပ်တွေ အဖြတ်မှာ မန္တလေး PDF ဦးဆောင်တဲ့ အဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီရဲ့ အရံသင်္ဘောတစင်းလုံးဝနစ်မြုပ်ခဲ့ပြီး စစ်သင်္ဘောတချို့လည်း ထိခိုက်ခဲ့တယ်လို့ မြေပြင်မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တဦးက ဧရာဝတီကို ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













