မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) တိုက်ခိုက်သိမ်းပိုက်ရာမှာ တရုတ်နိုင်ငံထုတ် လက်နက်တွေ တွေ့မြင်ခဲ့ရပါတယ်။
မန္တလေး PDF က ထုတ်ပြန်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ တရုတ်အစိုးရပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းစု နိုရင်ကို တံဆိပ်နဲ့ သေတ္တာတွေ၊ GBP128 Warhead လို့ ရေးသားထားတဲ့ သေတ္တာတွေ တွေ့ရှိခဲ့ရတာပါ။
ဒါ့အပြင် First Person View Drone လို့ခေါ်တဲ့ FPV ဒရုန်းတွေ၊ စစ်ကောင်စီတပ်သား သုံ့ပန်း(၁၆)ဦး၊ ဒရုန်းဂျမ်ဘာ၊ ကားတစီး၊ ဒရုန်းဆက်စပ် ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့လည်း ပါရှိပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













