စစ်အာဏာရှင်အသက်ဆက်ဖို့ အသက်ရှူပေါက်ပေးခဲ့တဲ့ သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူးလို့ မွန်ပြည်နယ် အတွင်းမှာ လှုပ်ရှားနေတဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ကိုသူ က ပြောပါတယ်။
MDSF အဖွဲ့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးကို ဦးတည်တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဆက်ဆံရေး ရှိတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
MSDF အပါအဝင် မွန်ပြည်နယ်ထဲမှာ လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု၊ စိန်ခေါ်မှုနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲ ထွက်ပေါက် အပေါ် အမြင်သဘောထားတွေကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ က နိုင်ကိုသူနဲ့ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မွန် #MSDF #PDF #KNU #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













