ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ပံ့ပိုးမှုကြောင့်ဆိုပြီး တရုတ်ရဲ့ အပြင်းအထန် ဖိအားပေးတာကို ခံနေရတယ်လို့ UWSA က ထုတ်ပြောလာပါတယ်။
UWSA အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုသိမ်းတာ၊ နယ်စပ်ဂိတ်တွေ ပိတ်ဆို့တာအပါအဝင် မကြုံစဖူးအရေးယူမှုတွေကို တရုတ်အစိုးရ လုပ်နေ တယ်လို့ “ဝ”တပ်ဖွဲ့ရဲ့ သတင်းဌာန WSTV က ဩဂုတ်လ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။
တရုတ်အစိုးရဟာ “ဝ” အာဏာပိုင်တွေတင်သာမက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ သာမာန် ပြည်သူတွေရဲ့ တရုတ်ပြည်မှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို ချွင်းချက်မရှိ သိမ်းယူ ထားပြီး ဘီလျံပေါင်းများစွာသိမ်းဆည်းခံထားရတဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် UWSA ခေါင်းဆောင် ပေါက်ယိုချန်ရဲ့တူတော်စပ်သူ ဒုတိယ စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကို တရုတ်ဖမ်းဆီးထားတဲ့ကိစ္စကို လက်ရှိအချိန်အထိမဖြေရှင်းနိုင်သေးတာဟာလည်း ဒီအကြောင်း အချက်တွေ အထဲက တခုဖြစ်တယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က ဆက်ပြီးဖိအားပေးလာမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ကို ခန့်မှန်းရခက်တယ်လို့လည်းဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













