၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု ဖမ်းဆီးခံရမှုက တယ်လီမြန်မာရဲ့သုံးစွဲမှုဆိုင်ရာအချက်အလက်တွေ လွှဲပြောင်းပေးမှုနဲ့ ဆက်စပ်တယ်လို့ နော်ဝေ-မြန်မာ ကော်မတီ (The Norwegian Burma Committee) ဒါရိုက်တာဟောင်း အော်ဒွန်းအာဂါ Audun Aagre က ဗြိတိန်အခြေစိုက် Panorama သတင်းဌာနရဲ့ အင်တာဗျူးတခုပြောဆိုခဲ့ပါတယ်။
အာဂါဟာ နော်ဝေ-မြန်မာ ကော်မတီ (The Norwegian Burma Committee) တွင် ဒါရိုက်တာဟောင်းဖြစ်ပြီးနော်ဝေ Myanmar Support Group ကို ဆက်လက်အကြံပေးနေသူဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းလိုက်ချိန်ကတည်းက တိမ်းရှောင်နေတဲ့ ကိုဂျင်မီကို တယ်လီနောအနေနဲ့ သုံးစွဲသူတွေရဲ့မက်တာဒေတာတွေကို ထုတ်ပြန်ပြီးတဲ့နောက် မကြာခင်မှာပဲစစ်တပ်က ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်တယ်လို့ အာဂါကဆိုပါတယ်။
တယ်လီနောအနေနဲ့ မက်တာဒေတာပေးတာမျိုးလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မကျူးလွန်ဘဲနေဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ချိုးဖောက်ခဲ့ပြီးအခုလုပ်ရပ်အတွက် တာဝန်ခံသင့်တယ်လို့ အာဂါကပြောဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













