နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်က ပုံရိပ်ပြန်လည်မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေး အဖွဲ့ (Myanmar Narrative Think Tank) နဲ့ တရုတ်အစိုးရပိုင် မီဒီယာတို့ ဩဂုတ်လ ၂၂ ရက်နေ့က ပူးပေါင်းလိုက်ကြောင်းစစ်တပ် ပြန်ကြားရေး ဌာနက ဖော်ပြပါတယ်။
စစ်ကော်မရှင်က ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေး အဖွဲ့ နဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ဖို့ ရန်ကုန်မြို့မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြ တာပါ။
Think Tank ဆိုတာက နိုင်ငံတကာမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့ အကြံပေးအဖွဲ့တွေ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ခဝါချဖို့သာ ခေတ်အဆက်ဆက် အသုံးချနေတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












