ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ပြောဆိုခဲ့တဲ့ အသံဖိုင်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်နေ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ် လိုက်ပါတယ်။
နယ်စပ်လုံခြုံရေးတာဝန်ခံ ဗိုလ်ချုပ်ကြီးတဦးဟာ သူမနဲ့ တဖက်တည်းမရှိကြောင်း ဟွန်ဆန်ကို ပြောဆိုခဲ့ခြင်းဟာ ပြည်တွင်းနိုင်ငံရေး အားနည်းချက်ကို ထုတ်ဖော်ပြရာရောက်တယ်လို့ တရားရုံးက ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေထုန်တန်ဟာ အမျိုးသားလုံခြုံရေးကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ဟွန်ဆန်ကို ကန့်သတ်ချက် မရှိတဲ့ အလျှော့ပေးမှုတွေ ပြုလုပ်ပြီး နိုင်ငံတော် အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့တယ်လို့ ခုံရုံးက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
#ဧရာဝတီ #ထိုင်းဝန်ကြီးချုပ် #ပေထုန်တန် #ဖယ်ရှား #ကမ္ဘောဒီးယား #ဟွန်ဆန်
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













