အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်သင့်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
NUG အနေနဲ့ အစိုးရတရပ်ရဲ့ လုပ်ငန်းစဉ်တွေကို အစီစဉ်တကျလုပ်ဆောင်ဖို့ လိုအပ်ပြီး ကာလကြာရှည်လာတဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခအတွက် မတူညီတဲ့ ရှုထောင့်တွေကနေ နိုင်ငံရေးနည်းအရ ဖောက်ထွက်နိုင်ဖို့ စဉ်းစားချက်တွေရှိသင့်တယ်လို့လည်း ပြောဆိုနေကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ ပြောင်းလဲ စဉ်းစားသင့်တဲ့ နိုင်ငံရေး လမ်းစဉ်၊ နိုင်ငံတကာ ဆက်ဆံရေးတွေနဲ ပတ်သက်လို့ ဘယ်လို ပြုပြင် ပြောင်းလဲမှုတွေ လုပ်သင့်တယ်ဆိုတာကို ဥပဒေအထောက်အကူပြု ကွန်ရက် တည်ထောင်သူတဦးဖြစ်တဲ့ ဦးအောင်ထူးက ပြောကြားထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













