ကလေးတွေနဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူစိတ်ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကချင် လွတ်လပ်ရေး ကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တရုတ် – မြန်မာ နယ်စပ်၊ ဝိုင်းမော် – ကန်ပိုက်တည် လမ်းပိုင်းမှာရှိတဲ့ ဆဒုံးမြို့ကို လေကြောင်းကတဆင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မူကြို ကလေးငယ်တွေအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဆဒုံးမြို့အလယ်နဲ့ ဈေးကို ဗုံးကြဲသွားတာ ဖြစ်တယ်လို့ မြို့ခံ အမျိုးသမီးတဦးက ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ဆဒုံး #ဗိုလ်ချုပ်ဂွန်မော် #ဗုံးကြဲ #KIC #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













