ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်အပါအဝင်၊ ရာဇဝတ်လုပ်ငန်းတွေ နဲ့ နာမည်ကြီးတဲ့ KK Park မြို့သစ် စီမံကိန်းထဲမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ထွက်ခွါခိုင်းခဲ့ပါတယ်။
ထွက်ပြေးလာသူတွေရဲ့ပြောပြချက်အရ ကရင်နယ်ခြားစောင့်တပ် (BGF) ပြောက်ကျားစစ်အင်္ကျီဝတ်ဆင်ထားသူတွေနဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေက လက်နက်ကိုင် စောင့်ကြပ်ကြည့်ရှုနေပြီး မြန်မာနိုင်ငံသားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်ထွက်ပြေး ကြရပေမယ့် တရုတ်နိုင်ငံသားတွေကိုတော့ ကားတွေနဲ့ ခေါ်ဆောင်သွားတာတွေ့ရတယ်လို့ ဆိုပါတယ်။
KK Park က ကျားဖြန့်လုပ်ငန်းတွေကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် လွတ်လပ်တဲ့ သတင်းမီဒီယာတွေက ဟန်ပြသက်သက်စီးနင်းမှုလို့ ဖော်ထုတ် ရေးသားကြအပြီးမှာ အခုလိုနောက်ဆက်တွဲ အခြေအနေတွေအနေနဲ့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #KKPark #ကျားဖြန့် #တရုတ် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













