ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးဝါးတဲ့ ဖြစ်စဉ်တွေထဲက တခုဖြစ်ပါတယ်။ အနန့်ပါဆိုတာကတော့ ခရီးသွားတွေ ခေတ္တတထောက်နားခိုတဲ့ စျေးဆိုင်တန်းလေးတွေ ရှိတဲ့နေရာပါ။
အဲဒီနေရာမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အကြိုဖျော်ဖြေပွဲကျင်းပနေချိန် စစ်တပ်က ဖျက်အားပြင်း ဗုံးတွေနဲ့ လေကြောင်းကတဆင့် ဗုံးကြဲခဲ့လို့ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
သေဆုံးဒဏ်ရာရရှိခဲ့သူတွေထဲမှာ KIO/KIA အရာရှိတချို့ အပါအဝင် ဘာသာရေးဆရာတွေ၊ အနုပညာရှင်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ဖျော်ဖြေရေးပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ အရပ်သားပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ ၃ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ဒေသခံတွေနဲ့ ပြည်သူတွေအတွက်ကတော့ ခုချိန်ထိ ခြောက်လှန့်ခံနေရဆဲ ဖြစ်ရပ်ဆိုးတခုလို့ ပြောရမှာပါ။
#မြန်မာ #ဧရာဝတီ #အနန့်ပါ #ဗုံးကြဲ #ကချင် #KIO#မြန်မာ #WhatsHappeningInMyanmar
——————-
Help The Irrawaddy Report the Truth from Myanmar
https://bit.ly/3btQYpR












