ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park စီမံကိန်းက ကျားဖြန့် လုပ်ကိုင်သူတွေ စွန့်ခွာထွက်ပြေးသွားလို့ လုပ်ငန်း ရပ်တန့်သွားပေမယ့် ရွှေကုက္ကိုလ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ကွက် အများအပြားကတော့ ဆက်လက်လည်ပတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ ရွှေကုက္ကိုလ်မြို့သစ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေအပါအဝင် အခြားသော BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျားဖြန့်လုပ်ကွက်ပေါင်း ၁၀ ခုကျော်ဟာ ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













