တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိုနှိုင်းမှုနဲ့ အာဏာသိမ်းတပ်နဲ့ အပစ်အခတ်ရပ်စဲကြောင်း သဘောတူလက်မှတ်ရေးထိုးခဲ့သလို မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေလည်း တပ်တွေ ပြန်ဆုတ်ခွာမယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး နှစ်ဖက်တပ်တွေ ရောက်တဲ့ နေရာမှာ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲမှာဖြစ်ပြီး TNLA ထိန်းချုပ်ဒေသတွေကို အာဏာသိမ်းတပ်ဘက်က လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းအတွင်းမှာ TNLA က ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ မြို့ ၅ မြို့ကို ပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့နမ္မတူမြို့တွေကတော့ TNLA ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေမှာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #TNLA #အပစ်ရပ် #တရုတ် #မိုးကုတ် #မိုးမိတ် #၁၀၂၇ #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













