အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေဟာ စစ်တပ်ဝါဒဖြန့် ရုပ်မြင်သံကြား အစီအစဉ်တွေ၊ အင်တာနက်စာမျက်နှာတွေ၊ မြေပြင်ကွင်းဆင်းမှုတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကြွေးကြော်သံမျိုးစုံနဲ့ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရာမှာ ပါတီမူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေကို လူထုထံ ဖော်ထုတ်တင်ပြတဲ့အခါ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးကနေ စီးပွားရေးတိုးတက်ရေး၊ အခြေခံလူတန်းစားတွေ အကြွေးကင်းရေးအထိ နယ်ပယ် ကဏ္ဍပေါင်းစုံ ပြောဆိုကြပါတယ်။
ဒီလိုမျိုး ရွေးကောက်ပွဲဝင်ပြီး နိုင်ငံနဲ့ ပြည်သူတွေအရေး ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေနဲ့ ကျားဖြန့်တွေ အခြေစိုက်နေတဲ့ မြန်မာပြည်မှာ အာဏာယူထားတဲ့ စစ်တပ်ကတော့ ကျားဖြန့်လုပ်ငန်းတွေ ရှိတဲ့နေရာ၊ ပါဝင်ပတ်သတ်နေသူတွေကို သိနေပေမယ့် အရေးယူတာမျိုး မရှိပါဘူး။
ကျားဖြန့်အရေးမှာ အခုလိုနှုတ်ဆိတ်နေတာက မူဝါဒရှိခြင်း၊ မရှိခြင်းထက် စစ်တပ်ကို ကြောက်နေရတာသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။
#မြန််မာ #ဧရာဝတီ #ကျားဖြန့် #နိုင်ငံရေးပါတီ #ပါတီမူဝါဒ #WhathappensInMyanmar













