ကျားဖြန့်နှိမ်နင်းရေး အထူးစစ်ဆင်ရေးကြီးစပြီလို့ အာဏာသိမ်း စစ်တပ်ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) က ထုတ်ပြောလာပါတယ်။ BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကျားဖြန့်နှိမ်နင်းရေးကို အာဏာသိမ်း စစ်တပ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ အမေရိကန် က မြန်မာနိုင်ငံအပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ Scam Center Strike Force ဖွဲ့စည်းလိုက်ပြီလို့ ကြေညာအပြီးမှာ အခုလို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ကျားဖြန့်နှိမ်နင်းရေး အဖွဲ့ဖွဲ့စည်းကြောင်း အမေရိကန်က ကြေညာပြီး ၂ ရက်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်စတဲ့ မဲခေါင်-လန်ချန်း နိုင်ငံ ၆ နိုင်ငံရဲ့ ဝန်ကြီးအဆင့်အစည်းအဝေးတခုကို တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ်လို့ သဘောတူခဲ့ကြပါတယ်။
တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်က BGF တွေ ကျားဖြန့်လုပ်ကိုင်နေမှုတွေကို မသိကျိုးကျွံပြု ပေးခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ ကျားဖြန့်နှိမ်နင်းမယ်လို့ ဖွင့်ပြောတဲ့ အထိဖြစ်လာပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ ဘားအံခရီးစဥ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျားဖြန့်နှိမ်နှင်းရေးကို စစ်တပ်နဲ့အမျိုးသားရေးတာဝန်လို သတ်မှတ်နှိမ်နှင်းမယ်လို့ ဝန်ခံပြောဆို ခဲ့ပါသေးတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













