အမေရိကန်နိုင်ငံသားတွေဆီက ငွေကြေးခိုးယူနေတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကနေတဆင့် မြန်မာ စစ်တပ်က အကျိုးအမြတ်ရနေတယ်လို့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ရီပါ့ပလစ်ကန် လွှတ်တော် ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။
ရီပါ့ပလစ်ကန်ပါတီ လွှတ်တော်ကိုယ်စားလှယ်၊ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ယန်းကင်မ် (Young Kim) က အောက်လွှတ်တော် နိုင်ငံခြားရေးရာဌာနရဲ့ အရှေ့အာရှ၊ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ၊ တောင်အာရှနဲ့ ဗဟိုအာရှဆပ်ကော်မတီတို့ရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာအရေး ကြားနာပွဲမှာ ပြောသွားခဲ့ တာပါ။
ကျားဖြန့်လုပ်ငန်းတွေကနေ တဆင့်ရရှိတဲ့ ရန်ပုံငွေတွေဟာ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေအတွက်သာမက စစ်အာဏာရှင်ရဲ့အိတ်ကပ်ထဲကိုပါ ရောက်နေတယ်လို့ ပြောသွားခဲ့တာပါ။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရုတ်နဲ့ ရုရှားတို့အတွက် တဆင့်ခံကြိုးကိုင်အုပ်ချုပ်တဲ့ စစ်အစိုးရဖြစ်လာဖို့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်း ဆပ်ကော်မတီဥက္ကဌ ယန်းကင််မ်က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန် #ကြားနာပွဲ #ကျားဖြန့် #ရွေးကောက်ပွဲ #စစ်အစိုးရ #တရုတ် #ရုရှား #WhathappensInMyanmar













