ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်ရှိ ရန်ကုန်-ပြည် ကားလမ်းမအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။
မင်းလှမြို့နယ်၊ တာကလေးကျေးရွာအနီးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စတင်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီကနေ့ မနက် ၁၁ နာရီခွဲအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။
ရှေ့တန်း သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဒီကနေ့ မနက်ပိုင်းမှာ ပဲခူးတိုင်းထဲက မြို့တွေ ဖြစ်တဲ့ ကြို့ပင်ကောက်၊ နတ်တလင်း၊ လက်ပံတန်းနဲ့ စစ်ကွင်း မြို့ ၄ မြို့ကို PDF ပူးပေါင်းတပ်တွေက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်နေကြောင်း ပြောပေမယ့် ဧရာဝတီအနေနဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။
#BreakingNews #မြန်မာ #ဧရာဝတီ #ပဲခူးတိုင်း #မင်းလှမြို့နယ် #ရန်ကုန်ပြည်ကားလမ်း #တိုက်ပွဲ #WhathappensInMyanmar













