• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

ကိုယ်ကျိုးစွန့် သူရဲကောင်း မသီတာဦး

by နန်းဆိုင်နွမ်
23 May 2018
in Women & Gender
A A
/ ကိုထွန်းထွန်းလင်း / သာစည်မြို့/ ပရဟိတ လူမှုကူညီရေးအဖွဲ့

/ ကိုထွန်းထွန်းလင်း / သာစည်မြို့/ ပရဟိတ လူမှုကူညီရေးအဖွဲ့

45.5k
VIEWS
Share on FacebookShare on Twitter

မီးရထားသံလမ်းပေါ်မှာ ပြေးလွှားရင်း “ အမေလာပြီ၊ ငါ့သား မသေစေရဘူး” လို့ အော်ဟစ်ကာ ဝါးတပြန်စာ နက်တဲ့ ရေကန်ထဲကို ခုန်ဆင်းကာ ရေနစ်နေသူ ၂ ဦး အနက် တဦးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် ကလေးကို ကယ်တင်ခဲ့သူကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဖြစ်တဲ့ မသီတာဦး ဖြစ်ပါတယ်။

“ ကလေးဇောကြောင့်ဖြစ်မယ်။ ကျမဗိုက်ထဲမှာလွယ်ထားတဲ့ ၃ လ သားလေးကို မေ့သွားတယ်။ ကျမစိတ်ထဲမှာ ရေနစ်နေတဲ့ ကလေးပဲရှိတယ်။ အရမ်းထူးဆန်းတယ်” လို့ မသီတာဦးက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့တာပါ။

မသီတာဦးဟာ မန္တလေးတိုင်း၊ သာစည်မြို့နယ် ကွမ်းခြံရိုး ဘူတာအနီးက မင်းလှကန်မှာ လှေနဲ့ငါးမျှားထွက်ရင်း လှေ မှောက်ပြီး ရေနစ်နေတဲ့ မီးရထားဝန်ထမ်းသားအဖကို ဆင်းကယ်ခဲ့သူဖြစ်ပါတယ်။

သူမဟာ ကိုယ်ဝန် ၃ လလွယ်ထားပေမယ့် ရေနစ်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးကို ဆယ်ပေးခဲ့တဲ့ ကိုယ်ကျိုးစွန့် မြန်မာမူဆလင် အမျိုးသမီးတဦး ဖြစ်ပါတယ်။

ရေနစ်သူကို ကယ်တင်တဲ့အလုပ်ဆိုတာ အလွန်ကြောက်စရာကောင်းသလို ရေကူးမကျွမ်းကျင်ရင်လည်း ၂ဦး စ လုံး သေဆုံးသွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးအနေနဲ့ ကလေးကို ကယ်တင်နိုင်ခဲ့တဲ့အတွက် အင်မတန်မှ အံ့သြဝမ်းသာစရာ ဖြစ်ရပါတယ်လို့ သာစည်မြို့၊ ပရဟိတ လူမှုကူညီရေးအဖွဲ့က ကိုထွန်းထွန်း လင်းက ပြောပြပါတယ်။

“ နောက် ဘာသာခြား အမျိုးသမီးတဦးက ဗုဒ္ဓဘာသာ ကလေးငယ်ကို ကူညီလိုက်တာမျိုးဖြစ်တဲ့အတွက် ကျနော်တို့ ပိုပြီးတော့ ဂုဏ်ယူတယ်။ ဘာသာရေးတွေ ခွဲခြားပြီး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်မှာ အခုလိုဘာသာမတူတဲ့ အမျိုးသမီးက အသက်စွန့်ပြီး ကယ်တင်ခဲ့တဲ့အတွက် ပိုပြီးပီတိဖြစ်ရပါတယ်” လို့ ကိုထွန်းထွန်းလင်း ဆိုပါတယ်။

မင်းလှကန်မှာ အမျိုးသားအများစုဟာ ငါးလာမျှားကြချိန် အရက်သေစာ သောက်စားတတ်ကြပြီး အမြဲတမ်း အော် ဟစ်စနောက် ဆူညံနေကြတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ကတော့ အော်ဟစ်အကူအညီတောင်းနေတာကြားလို့ သွားပြီး ကူညီပေးခဲ့တယ်လို့ မသီတာဦးက ပြောပြ ပါတယ်။

ရေနစ်နေတဲ့ သားအဖက “ကယ်ကြပါ၊ ကယ်ကြပါ” လို့ အော်သံကြားတဲ့အချိန်မှာ မသီတာဦးဟာ သူ့ယောင်းမကို ထွက်ကြည့်ခိုင်းရာက သူတို့ရေနစ်နေတာကို သိရှိလိုက်လို့ ဗိုက်ထဲကကလေးကို သတိမထားမိတော့ပဲ ကလေးကို ကယ်လိုစိတ်တခုဘဲရှိခဲ့တယ်လို့ ပြောပါတယ်။

“ ကမ်းမှာ အမြဲတမ်းလိုလို အရက်လာသောက်ကြမူးကြပြီး အော်နေကြတာရှိတယ်။ အစကတော့ စနောက်တယ် ထင်နေတာ။ ဒါပေမယ့် အဲဒီနေ့အော်နေတာ ဆိုးဆိုးဝါးဝါးပဲ။ မဟုတ်တော့ပါဘူးဆိုပြီး ယောင်းမကို သွားကြည့်ခိုင်းတယ်။ ယောင်းမက ကလေးနဲ့ သူ့အဖေ ရေနစ်နေတယ်ဆိုပြီး လာပြောတော့ ကျမလည်း ကလေးဇောနဲ့ ချက်ချင်း ထပြေးသွားတာပဲ” လို့ မသီတာဦးက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ရေနစ်နေတဲ့ သားအဖ ၂ ဦးမှာ ကလေးငယ်ကို ရေထဲခုန်ဆင်းကူးခတ်ပြီး ကယ်ဆယ်လာနိုင်ခဲ့ပေမယ့် ရေနစ်သူကို ကယ်တင်ဖို့ ကမ်းစပ်ကိုပြေးသွားချိန်မှာ သံလမ်းပေါ်တွင် ၂ ကြိမ်မှောက်ရက်လှဲသလို ကမ်းစပ်မှာလည်း ဆူးခြုံ တွေကို ခုန်ကျော်ပြီး ခုန်ဆင်းသွားရတယ်လို့ မသီတာဦးက ဆက်ပြောပြပါတယ်။

“ ကလေးဇော သားဇောကြောင့်ဖြစ်မယ်။ ကျမဘာမှမမြင်တော့ဘူး။ ကလေးကိုပဲ ပြေးမြင်တာ။ မဖြစ်ခင်က ကျမ ယောကျ်ား ကလည်း ငါးလာဖမ်းနေတဲ့သားအဖမှာ ကလေးက အသားဖြူဖြူနဲ့ ချစ်စရာလေးလို့ပြောပြထားတယ်လေ” လို့ မသီတာဦးက ဆိုပြန်ပါတယ်။

ကလေးကိုကယ်ဖို့ ရေထဲခုန်ဆင်းပြီး ကန်အလယ်ကို ကူးခတ်သွားချိန်မှာ မသီတာဦးဟာ ထမီကျွတ်ပြီး၊ ခြေ ထောက်ကြွက်တက်လာလို့ ဆက်မကူးနိုင်တော့တဲ့အတွက်“ အိုး.. အလ္လာ၊ ကျမကို စောင့်ရှောက်ပြီး သနားတော်မူပါ။ အိုး..အလ္လာ ဒီကလေးရဲ့အသက်ကို စောင့်ရှောက်ပြီး သနားတော်မူပါလို့ ရေထဲမှာ ငိုပြီး ဆုတောင်း ခဲ့ပါတယ်။ အခါ ၂၀ လောက် ရေငုတ်သွားပြီး ဆုတောင်းနေလိုက်တယ်” လို့ အခက်အခဲ ကြုံတွေ့ခဲ့ရတာ တွေကို အားရပါးရ ပြန်ပြောပြနေပါတယ်။

မသီတာဦးဟာ ကလေးနဲ့ ကမ်းစပ်ကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာကို သတိမရတော့ဘဲ ကမ်းစပ်ပြန် ရောက်လာချိန်မှာပဲ မေ့မျောသွားခဲ့ပါတယ်။ သူသတိရလာတဲ့အချိန်မှာတော့ ဆေးရုံကို ရောက်နေပြီလို့ ဆိုပါ တယ်။

“ ဆေးရုံကနေဆင်းပြီး ၂ ရက်မြောက်နေ့မှာ ကျမကိုယ်ဝန်ပျက်ကျသွားခဲ့တယ်”လို့ မသီတာဦးက စိတ်မကောင်း စွာနဲ့ဆိုပါတယ်။

RelatedPosts

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

21 November 2025
940
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

8 October 2025
436
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

22 September 2025
578

ကလေးကို သွားဆယ်တဲ့အချိန်ဟာ ဆောင်းတွင်းပိုင်းဖြစ်တဲ့အတွက် အလွန်အေးပေမယ့် ကလေးဇောကြောင့် အေးတဲ့ဒဏ်လည်းမသိတော့ဘဲ ကြွက်တက်လို့ ဆက်မကူးနိုင်တော့ပေမယ့် အလ္လာရဲ့ ကျေးဇူးတော်ကြောင့် ကမ်းစပ်အထိ ပြန်ရောက်လာခဲ့တာပါလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာနဲ့လူမျိုးကို အခြေခံပြီး ခွဲခြားမှုတွေ ရှိနေကြပေမယ့် မသီတာဦးကတော့ ကလေးငယ်ရဲ့ အ သက်ကိုသာ တန်ဖိုးထားကာ ဘာသာလူမျိုးကို စိတ်ထဲမခွဲခြားဘူးလို့ ပြောပြပါတယ်။

“ ကျမက ဒီကလေးကို ဗုဒ္ဓဘာသာဖြစ်လို့ မကယ်ဘူးဆိုရင် ကလေးသေသွားမှာပေါ့။ ကျမတို့မှာလည်း အသက် ၅ နှစ်အရွယ် သားလေးတယောက်ရှိတယ်လေ။ အသက်တခုပဲ ကျမသိတယ်။ ဘာသာတွေ လူမျိုးတွေ ကျမ သိပ် အယူမသီးဘူး” လို့မသီတာဦးက ဆက်ပြီးပြောပါတယ်။

မသီတာဦးရဲ့ခင်ပွန်းဟာ တံငါအလုပ်လုပ်ကိုင်ပြီး ရလာတဲ့ငါးတွေကို မသီတာဦးက သာစည်ဈေးထဲမှာ သွားရောင်း ချတဲ့ အလုပ်ကို လုပ်ပါတယ်။ သူတို့မှာ ကလေး ၃ ဦးရှိပြီး အခုတော့ နောက်ထပ်ကိုယ်ဝန် ရနေပြီလို့ သိရပါတယ်။

မသီတာဦးကယ်ဆယ်ခဲ့တဲ့ ကလေးလေးဟာ သူတို့အိမ်ကို ဝင်ထွက်သွားလာမှုရှိသလို ကလေးအတွက် လိုအပ် တာကိုလည်း တတ်နိုင်သလောက် အကူအညီပေးနေသေးတယ်လို့လည်း သူမက ဆက်လက်ပြောပြပါတယ်။
သူများကလေးကို ကယ်တင်နိုင်ခဲ့ပေမယ့် ကိုယ့်ရင်သွေးပျက်ကျသွားတဲ့အပေါ် မသီတာဦးက “ အခုထိ တခါတလေ စိတ်က အလိုလိုသိနေလို့လား မသိဘူး။ ခံစားရတယ်။ ဝမ်းနည်းရတယ်။ ဒါပေမယ့် ဒီကလေးကို ကယ်လိုက် တော့ သူက ကျမသားဖြစ်သွားပြီလေ။ ကျမဆီကို အမြဲလာလည်တယ်။ အဆက်အသွယ်ရှိပါတယ်” လို့လည်း သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

ကိုယ့်ရင်သွေးပျက်စီးသွားပေမယ့်လည်း နောက်ရင်သွေးတယောက် အစားပြန်ရသလိုပါလို့ မသီတာဦးရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုတင်ဦးကလည်း ပြောပါတယ်

“ဆုံးရှုံးလိုက်ရတာကတော့ ဝမ်းတော့နည်းတာပေါ့။ ကိုယ့်ရမယ့်ကလေးမရလိုက်တာ။ ဒါပေမယ့် ဒီကလေးကို ကိုယ်က အသက်ကယ်ခဲ့တဲ့အတွက် သူကလည်း ကိုယ့်သားသမီးလိုပါပဲ။ အခုချိန်ထိ လိုတာဝယ်ပေး၊ သွားလိုက် လာလိုက်လုပ်နေတာပဲ၊ မိသားစုဝင်လိုဖြစ်နေတယ် ” လို့ ကိုတင်ဦးက ပြောပါတယ်။

“ ကျနော်တို့ကတော့ ဘာသာရေးကို သိပ်ပြီးအဓိကမထားဘူး။ တရက်လုပ် တရက်စားရမယ်။ ဒီမှာရှိတဲ့သူတွေနဲ့ သင့်မြတ်အောင်ပေါင်းမယ်။ ဆယ်တုန်းက ဗုဒ္ဓဘာသာဖြစ်လို့ ဗမာဖြစ်လို့ ဆင်းမကယ်ရင် အဲဒီကလေး ၅ နှစ် အရွယ်မှာပဲ သေဆုံးရမယ်။ တကယ်လို့ သူကြီးလာရင် ဘာဖြစ်လာမလဲ၊ ခန့်မှန်းလို့မရဘူး” လို့ ကိုတင်ဦးက ပြော ပါတယ်။

မသီတာဦးလို အညတြသူရဲကောင်း အမျိုးသမီးတွေ ဘာသာလူမျိုးမခွဲခြားဘဲ လူကိုလူချင်း ကူညီလိုတဲ့ မြန်မာ လူမျိုးတွေ အများကြီးပေါ်ထွန်းဖို့လိုသလို သူဟာ ဘာသာရေး မခွဲခြားဘဲ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် စံပြနမူနာပါလို့ သာစည်မြို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

”ကိုယ့်စေတနာ ကိုယ့်အကျိုးပေးဆိုသလိုပါပဲ။ ကျမတို့က ဘာသာရေးမခွဲခြားဘူး။ ခွဲခြားနေရင် ဒီကလေးအသက် ကို ဘယ်လိုကယ်နိုင်မှာလဲ။ ကျမစိတ်ထဲမှာ ဘာသာမတူညီလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တယောက်အခက်အခဲကို တယောက် ကူညီဖို့ အတူတူနေထိုင်ဖို့ပဲ ရှိပါတယ်” လို့ မသီတာဦးက သူ့ရင်တွင်းခံစားချက်ကို ပြောပြလိုက်ပါတယ်။

သူတပါးကို ကူညီဖို့ မိမိကိုယ်ကျိုးကိုစွန့်လွှတ်ခဲ့တဲ့ မသီတာဦးကို ၂၀၁၇ ခုနှစ်အတွက် တနှစ်တာ သူရဲကောင်းဆု 7 days News က ၂၀၁၈ ခုနှစ်၊ မတ်လမှာ ချီးမြှင့် ခဲ့ပါတယ်။

ဖော်ပြပါဆောင်းပါးကို မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဦးဆောင်ထုတ်ဝေသည့် Hi news ( Honesty Information မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

Your Thoughts …
Tags: ကိုယ်ဝန်ဆောင်မွတ်ဆလင်
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.2k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ခွင့်ရတာ ကျနော် ဝမ်းသာတယ်

ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ခွင့်ရတာ ကျနော် ဝမ်းသာတယ်

by ဧရာဝတီ
10 September 2025
6.5k

ကျနော့်ဆို အိုးသည်မ မူလတန်းကျောင်းမှာ အထွေထွေလုပ်သား လေးကြိမ်လျှောက်ခဲ့ပါတယ်၊ အဲဒီတုန်းက ကျနော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ပြီး အစိုးရက ဘင်္ဂါလီလူမျိုးဆိုရင် မရဘူး၊ ဝန်ထမ်းဖြစ်ခွင့်မရှိဘူးလို့ ပြောတယ်၊ အခု အာရက္ခပြည် ရခိုင်ပြည်နယ်မှာ ကျနော်တို့ မွတ်စလင်တွေဝန်ထမ်းလုပ်ခွင့်ရတော့ ကျနော်ဟာ...

ရက်စက်လွန်းတဲ့ စစ်ကောင်စီ လုပ်ရပ် (ရုပ်/သံ)

ရက်စက်လွန်းတဲ့ စစ်ကောင်စီ လုပ်ရပ် (ရုပ်/သံ)

by ဧရာဝတီ
9 May 2025
1.2k

မန္တလေးအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ အိုးဘိုအကျဉ်းထောင်ဟာလည်း ထိခိုက်ပျက်စီးမှုထဲပါဝင်ခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးဟာ သန္ဓေသားနဲ့အတူ သေဆုံးသွားခဲ့ရပါတယ်။

အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်

အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်

by ဧရာဝတီ
6 May 2024
754

အိန္ဒိယဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တခုတည်းသော အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကျန်တဲ့ဟာ မကူညီရင်တောင်မှ လူသားချင်းစာနာ ထောက်ထားမှုအရ အိန္ဒိယနိုင်ငံဘက်ကို ဝင်လာတဲ့သူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးဖို့ကို ကျနော်တို့ တွန်းနေပါတယ်။

အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ

အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ

by ဧရာဝတီ
18 May 2024
682

အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ India for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ မဏိပူရ်ပြည်နယ်အတွင်း ဖမ်းဆီးထောင်ချခံထားရသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရှိနေပြီး ထောင်ထဲကလေးမွေးဖွားခဲ့ရသူ ၅ ဦး ရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

by ဧရာဝတီ
21 September 2023
652

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဒုစရိုက်သမားများ ခိုအောင်းနေထိုင်လျက်ရှိပြီး မကြာခဏဆိုသလို ပြန်ပေးဆွဲခြင်း ၊ လူမှောင်ခိုကူးခြင်း ၊ အချင်းချင်းသတ်ဖြတ်ခြင်းစသည့် ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်လျက်ရှိပြီး လူသတ်မှုဖြစ်စဉ် အများစုမှာ ၄ လုံးအဖွဲ့ဟုခေါ်သည့် ARSA အဖွဲ့လက်ချက် ဖြစ်သည်ဟုလည်း...

Next Post
ငြိမ်းချမ်းရေးထိန်းသိမ်းမှုမှာ အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍက အရေးကြီးသည် / ဧရာဝတီ

အမျိုးသမီးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေး

UWSA ကို တရုတ်က အကြီးအကျယ် ထောက်ပံ့နေသော်လည်း မြန်မာပြည် မြောက်ပိုင်း စစ်ပွဲတွင် ဝင်မပါစေလို / Reuters

မြန်မာ့စစ်မီး တရုတ်ကို ဟပ်နေပြီ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved