• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အမျိုးသားချင်း လိင်တူဆက်ဆံခြင်း၏ ဆိုးကျိုးများ

by Peter Aung
24 May 2015
in Health
A A
လိင်ပညာပေး , လိင်တူဆက်ဆံခြင်း , ကျန်းမာရေး , ကူးစက်ရောဂါ

စအိုကို အသုံးပြုပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်နိုင်တဲ့ ရောဂါနဲ့ ပိုးတွေကတော့ စအို ကင်ဆာ၊ လိင် အင်္ဂါတွင် အနာဖြစ်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်း ရေယုန် ဗိုင်းရပ်စ်တွေကြောင့် အစာဟောင်းအိမ် ရောင်ရမ်းခြင်း၊ စအိုလမ်းကြောင်းပိုးဝင်ခြင်း အပါအဝင် ရောဂါတွေ အများအပြား ဖြစ်နိုင်ပါတယ်။

139.5k
VIEWS
Share on FacebookShare on Twitter

အမျိုးသားချင်းလိင်တူဆက်ဆံမှု၊ အမျိုးသားချင်း လက်ထပ်အတူနေခွင့်တွေကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေ၊ ယာဉ်ကျေးမှု လူမှု ပတ်ဝန်းကျင်သစ်တွေ တနေ့တခြားပိုမိုများပြားလာနေပါပြီ။ မြန်မာနိုင်ငံမှာတောင် အမျိုးသားချင်း လိင်တူချင်း အတူ နေကြတဲ့ဓလေ့သစ်တခု တဖြည်းဖြည်း အမြစ်တွယ်နေတဲ့အပြင် ဥပဒေကြောင်းအရ အသိအမှတ်မပြုပေမယ့် လူမှု ပတ်ဝန်းကျင် မှာတော့ လက်ခံတာမျိုးတွေရှိလာပါပြီ။ ဒါပေမယ့်လည်း သဘာဝတရားကိုဆန့်ကျင်ပြီး လုပ်တဲ့ကိစ္စဖြစ် တာမို့ လိင်တူ ဆက်ဆံတာက ဆိုးကျိုးများစွာရှိပါတယ်။ ဒီတပတ်လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုအဖြစ် အမျိုးသား ချင်း လိင်တူဆက်ဆံမယ်ဆိုရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြသနာတွေ ဖော်ပြလိုက်ပါတယ်။

အမျိုးသားလိင်တူဆက်ဆံမှုဆိုတာ

အမျိုးသားချင်း လိင်တူဆက်ဆံခြင်းက အမျိုးသမီးတွေနဲ့ လိင်ကွဲဆက်ဆံခြင်းထက်ပိုပြီး ကျန်းမာရေး အရအန္တရာယ်များပါ တယ်။ လိင်ဆက်ဆံဖော် များတာ ကြောင့်သာမဟုတ်ဘဲ အမျိုးသားချင်း လိင်ဆက်ဆံမှုရဲ့ သဘာဝကြောင့်လည်း ဖြစ်ပါ တယ်။

အမျိုးသားချင်း လိင်တူဆက်ဆံတဲ့ အလေ့အထက ပြုသူနဲ့ အပြုခံသူ (မြန်မာနိုင်ငံမှာတော့ top နဲ့ bottom လို့ သိကြ ပါတယ်) တို့က အများသိကြတဲ့ နည်းလမ်းတွေအတိုင်း ဆက်ဆံပြီး သာယာမှုရှာဖွေတာမျိုး မကတော့ဘဲ ရံဖန်ရံခါမှာ ပုံမှန် ဆိုတာထက် ပိုလွန်တာ တွေ (ဥပမာ- လက် သို့မဟုတ် အခြားပစ္စည်းတွေ) အသုံးပြုတာမျိုးတွေ လုပ်တတ်ကြတဲ့ အတွက် အန္တရာယ်ပိုများလာခဲ့ပါ တယ်။ mouth-anal contact သို့မဟုတ် oral-anal contact လို့ခေါ်တဲ့ ပါးစပ်နဲ့ စအို ထိတွေ့ ဆက်ဆံခြင်းကို လုပ် တတ်ကြသူတွေကတော့ အန္တရာယ် အများဆုံး ဖြစ်ပါတယ်။

စအိုအသုံးပြုဆက်ဆံခြင်း

စအိုကို အသုံးပြုပြီးတော့ လိင်ဆက်ဆံခြင်းက Gay အများအပြား အသုံးပြုနေကြနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် စအို ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝအရ စအိုဟာလိင် အင်္ဂါ မဟုတ်ပါဘူး။ အမျိုးသမီး လိင်အင်္ဂါနဲ့လည်း သိသိသာသာကွဲပြားပါ တယ်။ အမျိုးသမီး အင်္ဂါမှာ သဘာဝချောဆီတွေရှိပြီးတော့ ကြွက်သားကွန်ရက်ကလည်း အထောက်အပံ့ပေးထားပါတယ်။ နှိုင်းယဉ်ကြည့်မယ်ဆိုရင် စအိုဟာ နူးညံ့တဲ့ ကြွက်သားငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ထွက်ပေါက်တခု၊ အပြင် ကို အညစ် အကြေးစွန့်ပစ်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်း၊ ဆွဲဆန့်သလိုဖြစ်ခြင်းတွေကြောင့် ကွင်းပုံ သဏ္ဍန် ကြွက်သားတွေကို လျော့လျဲ စေပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲ အနေနဲ့ အညစ်အကြေးတွေ မထိန်းနိုင်ဘဲ ထွက်ကျခြင်းကနေပြီးတော့ နာတာရှည်ဝေဒနာ ဖြစ်သွားတဲ့ အထိ ကြုံတွေ့ ရနိုင်ပါ တယ်။

နောက်ထပ်ကြုံနိုင်တဲ့ ထိခိုက်မှုကြောင့် စအိုအတွင်းမှာ ပေါက်ပြဲပြီး သွေးယိုစိမ့်နိုင်တာပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်း ကနေ ကူးစက်တတ်တဲ့ HIV နဲ့ အခြားရောဂါပိုးတွေလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။ စအိုကို အသုံးပြုပြီး လိင်ဆက်ဆံမှုကြောင့် ကူးစက်နိုင်တဲ့ ရောဂါနဲ့ ပိုးတွေကတော့ စအို ကင်ဆာ (Anal Cancer)၊ Chlamydia trachomatis ပိုးကြောင့် လိင် အင်္ဂါတွင် အနာဖြစ်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်း (Cryptosporidium)၊ Giardia lamblia ၊ ရေယုန် ဗိုင်းရပ်စ်(Herpes simplex virus)တွေကြောင့် အစာဟောင်းအိမ် ရောင်ရမ်းခြင်း၊ စအိုလမ်းကြောင်းပိုးဝင်ခြင်း
HIV လို့ သိကြတဲ့ Human Immunodeficiency Virus ကြွက်နို့၊ ကင်ဆာ စတာတွေကို ဖြစ်စေနိုင်တဲ့ HPV ခေါ် Human Papilloma Virus ၊ Isospora belli ရောဂါပိုး မှိုစွဲစေနိုင်တဲ့ Microsporidia၊ ဆီးပူ -ညောင်းကျ (Gonorrhea)၊ အသည်းရောင် ဘီပိုးနဲ့ စီပိုး (Viral hepatitis types B & C)၊ ကာလသားရောဂါ လို့ သိကြတဲ့ ဆစ်ဖလစ် (Syphilis) စတာ တွေပဲဖြစ်ပါတယ်။

ဒီလို ကူးစက်တတ်တဲ့ရောဂါ တွေဟာ လိင်တူဆက်ဆံတွေမှာသာ သီးသန့် ဖြစ်တတ်တာမျိုး မဟုတ်ပေမယ့် လိင်တူဆက် ဆံသူတွေကြားမှာ အများဆုံးတွေ့ရတတ်ပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (Centers for Disease Control and Prevention –CDC) က ၂၀၁၀ ခုနှစ် လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ အမျိုးသား ကွန်ဖရင့် မှာတင်သွင်းခဲ့တဲ့ အချက် အလက် တွေ အရ အမေရိကန် နိုင်ငံမှာ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေထဲမှာ HIV တွေ့ရှိရမှုက တခြား အမျိုး သား တွေမှာ တွေ့ရှိရမှုထက် ၄၄ ဆများပြီးတော့ တခြားအမျိုးသမီးတွေထက် အဆ ၄၀ များတယ်လို့ သိရပါတယ်။ ဆစ် ဖလစ် ပထမအဆင့်နဲ့ ဒုတိယအဆင့် တွေ့ရှိရမှုကလည်း အမျိုးသားချင်း လိင်တူဆက်ဆံသူတွေက တခြား အမျိုးသား တွေ ထက် ၄၆ ဆပိုပြီးတော့ အမျိုးသမီးတွေထက် ၇၁ ဆ ပိုများတယ်လို့လဲ ဆိုပါတယ်။

၁၉၈၈ ခုနှစ်မှာ CDC က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အသည်းရောင် ဘီပိုးကူးစက်မှု အားလုံး ရဲ့ ၂၁ ရာခိုင်နှုန်းဟာ လိင်တူဆက် ဆံမှုကြောင့် ဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လိင်ကွဲဆက်ဆံမှုကြောင့် ကူးစက်မှုကတော့ ၁၈ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန် နိုင်ငံမှာ လိင်တူဆက်ဆံသူက လူဦးရေရဲ့ ၁ ရာခိုင်နှုန်းနဲ့ ၃ ရာခိုင်နှုန်း အတွင်းမှာသာ ရှိပေမယ့် ရောဂါကူးစက်မှုမှာကတော့ လိင်ကွဲဆက်ဆံသူတွေထက် သိသိသာသာကို မြင့်မားနေတာကို တွေ့ရပါတယ်။

စအိုကို အသုံးပြုပြီး ဆက်ဆံခြင်းကြောင့် အမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။ Human Papilloma ဗိုင်းရပ်စ် ပုံစံကွဲ အချို့ကြောင့် ဒီလိုဖြစ်ရခြင်း ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အချက်အလက် တွေ အရ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုက လိင်ကွဲဆက်ဆံသူတွေမှာ ဖြစ်တာထက် ၁၀ဆ ပိုများ လာပါတယ်။ AIDS မှာလည်း လိင်တူဆက်ဆံသူ အမျိုးသားတွေက ၂ ဆဖြစ်နေပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
517
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ပါးစပ်-စအို ဆက်ဆံခြင်း

လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ ကပ်ပါးပိုးနဲ့ အူလမ်းကြောင်းအတွင်း ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားစေတာက oral-anal contact ကြောင့်ဖြစ်ပါတယ်။ အကာအကွယ်မပါဘဲ စအိုကိုဆက်ဆံတဲ့ အပြင် စအိုလျှာနှင့်လျက်ခြင်း ဒါမှ မဟုတ် အမျိုး သား လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းတွေသူတွေထဲမှာ Gay bowel syndrome လို့ခေါ်တဲ့ ဒီလိုရောဂါမျိုးတွေ ဖြစ် ပွားမှုကို ပိုမိုတွေ့ရှိရပါတယ်။ အမျိုးသမီး အချို့မှာလည်း တွေ့ရတတ်ပေမယ့် အများဆုံးသော လူနာတွေကတော့ အမျိုး သားချင်း လိင်တူဆက်ဆံသူတွေဖြစ်ကြပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ၁၉၉၁ မှာထုတ်ပြန်တဲ့ အချက်တွေအရ နယူးယောက်မြို့က အသည်းရောင် အေပိုး ရှိသူ အမျိုးသား တွေကို စစ်တမ်းကောက်ယူကြည့်တဲ့ အခါမှာ ဖြေဆိုပေးသူတွေထဲက ၇၈ ရာခိုင်နှုန်းက သူတို့ဟာ လိင်တူ ဆက်ဆံသူ သို့မဟုတ် လိင်တူ လိင်ကွဲဆက်ဆံသူတွေ ဖြစ်တဲ့ အကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံက အမျိုးသားချင်းလိင်တူဆက်ဆံသူတွေဆီမှာ Human Herpes Virus 8 (HHV-8) ကိုတွေ့ရပါတယ်။ နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လိင်တူဆက်ဆံမှုပြုခဲ့တယ်ဆိုတဲ့ အမျိုး သားတွေရဲ့ ၃၈ ရာခိုင်နှုန်းမှာ ဒီပိုးကို တွေ့ရတယ်လို့ သိရပါတယ်။ HIV သို့မဟုတ် HHV-8 ပိုးရှိသူ တဝက်လောက်ဟာ နောက်လာမယ့် ၁၀ နှစ်အတွင်းမှာ ကင်ဆာရောဂါဖြစ်လာနိုင်မယ်လို့လည်း သူတို့က ခန့်မှန်းခဲ့ပါတယ်။

စအိုတွင်းသို့ လက်ထိုးသွင်းခြင်း

ထိုးသွင်းခြင်း ဆိုတာကတော့ လက်ကို စအိုအတွင်း ကိုသွင်းတာဖြစ်ပြီးတော့ စအိုကိုဆက်ဆံတာထက်ပိုပြီး ထိခိုက်မှုရှိပါ တယ်။ ပေါက်ပြဲမှုတွေဖြစ်နိုင်သလို ရောဂါပိုးကူးစက်ပြန့်ပွားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်တမ်းကောက်ယူလေ့လာမှုတခု အရ လိင်တူ ဆက်ဆံသူတွေရဲ့ ၂၂ ရာခိုင်နှုန်းလောက်က ဒီလိုလုပ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ကြပါတယ်။

နိဂုံးချုပ်

လိင်တူဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သိသိသာသာ ပြောင်းလဲစေခဲ့ပါ တယ်။ မမျှော်လင့်ထားတဲ့ နေရာတွေမှာ လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ့ရှိမှုတွေတိုးလာခဲ့ပါတယ်။ လည်ချောင်း နာတာ လောက်ကို သာမန်ကိစ္စတခုလို သဘောထားလို့ မရတော့ပါဘူး။ ဆရာဝန်တွေလည်း သူတို့လူနာတွေရဲ့ မေးခွန်း တွေကို ဖြေကြားနေရသလို ရောဂါမှားယွင်းသတ်မှတ်ခြင်းမပြုမိအောင်လည်း ဂရုစိုက်နေကြရပါတယ်။ လည်ချောင်းနာ တဲ့ သူတယောက်ကို သူတို့ရဲ့ လိင်ကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးနေရပါပြီ။ လိပ်ခေါင်းရောဂါ ဆိုတာ သာမန်ခွဲစိတ်ကု ရောဂါ တခုလို့ သတ်မှတ်လို့ မရတော့ပါဘူး။ လိင်ဆက်ဆံတဲ့ အလေ့အထကိုပါ ထည့်သွင်းစဉ်းစားနေရပြီ ဖြစ်ပါတယ်။ လိင်တူဆက်ဆံမှုကြောင့် ဖြစ်ရတဲ့ အချို့သောရောဂါတွေရဲ့ အပြင်ပန်း အသွင်အပြင်က သာမန် ဒူလာလိပ်ခေါင်း ရောဂါ တခုလိုမျိုး ရှိနေတတ်လို့ပါပဲ။

(Ref: http://factsaboutyouth.com/posts/health-risks-of-the-homosexual-lifestyle)

Your Thoughts …
Tags: Gender
Peter Aung

Peter Aung

Similar Picks:

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

by Erica Yokoyama
22 September 2025
578

မစ္စ တာကိုင်ချီသည် ပါတီနှင့် ပါလီမန်မဲများ အနိုင်ရပါက ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

by ဧရာဝတီ
5 February 2025
542

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တောင်းဆိုလိုက်ပါတယ်။

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်မှု ကိုင်တွယ်နေပြီလို့ NUG ပြော (ရုပ်/သံ)

by ဧရာဝတီ
18 February 2025
192

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေက အချုပ်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတဲ့ တိုင်ကြားချက်ကို ကိုင်တွယ်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြေးခုန်ပစ် အားကစားနည်းနှင့် မြန်မာနိုင်ငံ

by ခင်မောင်ထွေး (ပျဉ်းမနား)
1 December 2012
26.1k

ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့...

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု ဆောင်းပါးများ ရေးသားသူ ဒေါက်တာ ဖြိုးသီဟ

ကျား/မ တန်းတူညီမျှမှု ဆိုတာ ခရီးစဉ်တခုပါ

by ဇူးဇူး
10 December 2020
6.6k

အရင်ထက်စာရင် Gender ကို ပိုသဘောပေါက် လာကြတယ်၊ ပိုပြောလာကြတယ်။ သိရှိမှုအပိုင်း အတိုင်း အတာအားဖြင့် အရင်ထက် တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ခရီးကတော့ အရမ်းအဝေးကြီး လိုသေးတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် နေပျော်တဲ့၊ စိတ်ချလုံခြုံတဲ့...

Next Post
Miss World, Miss Universe, MRTV 4, Life Style, နိုင်းနိုင်း, နေအောင်, မို့မို့မြင့်အောင်,

မမြင်ရတဲ့ အရာတွေဆို သိပ်စိတ်ဝင်စားတယ်

ထိပ်စီးချင်းတော့ တူတယ်

ထိပ်စီးချင်းတော့ တူတယ်

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved