• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မီဒီယာ ပြုပြင်ပြောင်းလဲရေး သမင်လည်ပြန်

by ရဲထွဋ်
3 May 2019
in ဆောင်းပါး
A A
၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တယ်

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တယ်

25.5k
VIEWS
Share on FacebookShare on Twitter

မေလ ၃ ရက်နေ့ကို ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉၉၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ် ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေထဲက တခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက်အောင် ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစိတ်တဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲရေး

မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေက မြန်မာ့မီဒီယာပြုပြင် ပြောင်းလဲရေးတွေဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ ရလဒ်လို့ ယူဆကြတယ်။ တကယ်တော့ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ မီဒီယာပွင့်လင်းမှုတွေကို ပိုပြီး မြန်ဆန်သွားစေတာ မှန်ပေမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ မူလအစတော့ မဟုတ်ခဲ့ဘူး။

တပ်မတော်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးတွေထဲမှာ ဦးကျော်ဆန်းဟာ လူသိအများဆုံးနဲ့ မီဒီယာသမားအများစုရဲ့ အမုန်းခံရဆုံးဖြစ်မယ် ထင်တယ်။ ဒါ့ကြောင့်၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့်အပြောင်းအလဲတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ် ထဲက စတင်ခဲ့တယ်ဆိုရင် အံ့သြကြလိမ့်မယ်၊ ယုံချင်မှလည်း ယုံကြလိမ့်မယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
12
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
155
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
105

ဦးကျော်ဆန်းဟာ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် တပ်မတော်အစိုးရရဲ့ ပြန်ကြားရေးမူဝါဒတွေကို တိတိကျကျ အကောင်အထည်ဖော်တယ်။ ဒါ့ကြောင့်လည်း ခေါင်းမာဂိုဏ်းသားအဖြစ် တံဆိပ်ကပ်ခံရတယ်၊ လူမုန်းခံရတယ်။ ဒါပေမယ့် အဲဒါကြောင့်ပဲ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် လူကြီးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ရခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်။

ကျနော် ပြန်ကြားရေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ၂၀၀၅ ခုနှစ် မေလ။ ဝန်ကြီး ရုံးခန်းမှာ ပထမဆုံး သတင်းပို့တဲ့အချိန်မှာ ဦးကျော်ဆန်းက “ အခု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွက် ပြင်ဆင်နေတယ်၊ အခြေခံဥပဒေပေါ်လာရင် စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာ နိုင်ငံသား အခွင့်အရေးဖြစ်သွားပြီ။ မဖြစ်မနေပေးရမယ်။ အဲဒါကြောင့် ငါတို့ မူဝါဒတွေ ပြောင်းဖို့ရှိတယ်။ နိုင်ငံတကာအခြေအနေတွေကို လေ့လာနိုင်ဖို့ ပြင်ဆင်နေတယ်” လို့ပြောခဲ့တယ်။

အဲဒီအချိန်က ဦးကျော်ဆန်းရဲ့ အစီအစဉ်က အခုလိုဖြစ်ပါတယ်။

၁။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ကြိုတင် လေ့လာမှုတွေလုပ်မယ်။
၂။ စာပေစိစစ်ရေးမူဝါဒတွေကို ဖြည်းဖြည်းချင်းလျှော့သွားမယ်။
၃။ နိုင်ငံတကာသတင်းဌာနတွေကိုလည်း အခြေအနေပေးတိုင်း လူကြီးတွေကို တင်ပြပြီး မြန်မာနိုင်ငံထဲမှာ သတင်းယူခွင့်ပြုမယ်။ လူကြီးတွေအနေနဲ့ နိုင်ငံတကာသတင်းမီဒီယာကို သတင်းယူ ခွင့် ပြုတာဟာ အကျိုးရှိတယ်ဆိုတာ လက်ခံအောင် ကြိုးစားမယ်။

ဒါပေမယ့် အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ရတာက မလွယ်ဘူး၊ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်ဘူး။ အထူးသဖြင့် စာပေစိစစ်ရေးမူဝါဒရယ်၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ ဆက်ဆံရေးရယ်က ထိပ်ပိုင်းက လူကြီးတွေရဲ့ မိုးလေဝသကို ကြည့်ပြီး လုပ်နေရတယ်။ တခါတလေ မမေ ျှာ်လင့်တဲ့ဖြစ်ရပ်တွေကြောင့် တုန့်ဆိုင်းသွားရတာ ရှိတယ် ။ တခါတခါကျတော့လည်း ဝန်ကြီးအချင်းချင်း အချွန်နဲ့မ တာခံရလို့ အစီအစဉ်တွေရပ်သွားတာ၊ နောက်ပြန်ရွေ့သွားတာလည်း ရှိတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို အများဆုံးထောက်ပြလေ့ရှိတာကတော့ ဦးအောင်သောင်းနဲ့ ဦးခင်အောင်မြင့်ပဲ။ (ဦး) စောဝေရဲ့ ကဗျာကိစ္စ၊ မြန်မာတိုင်းမ် ကြော်ငြာကိစ္စ တို့လိုမျိုး တွေမှာ စာပေစိစစ်ရေး ညံ့တယ်၊ ဦးကျော်ဆန်း မီဒီယာတွေကို မထိန်းနိုင်ဘူး စသည်ဖြင့် အပြောခံရတယ်။ တခါကတော့ ဦးခင်အောင်မြင့်က ဂျာနယ်တစောင်မှာ အစိုးရကို သွယ်ဝိုက်ေ၀ ဖန်ထားတဲ့ ဆောင်းပါးတပုဒ်ကို ပြပြီး ဒီလိုဂျာနယ်ကို ဘယ်သူက ခွင့်ပြုလဲဆိုပြီး ဦးရွှေမန်း ဦးစီး ကျင်းပတဲ့ နေ့စဉ်နိုင်ငံရေးအစည်းအဝေးမှာ ပြောတယ်။ အဲဒီနေ့က ဦးကျော်ဆန်း နေပြည်တော်မှာ မရှိလို့ ကျနော်က ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားတက်ရတော့ ဦးရွှေမန်းက ပြန်စစ်ပြီး တင်ပါလို့ ညွှန်ကြားတယ်။ တကယ်ပြန်စစ်လိုက်တော့ အဲဒီဂျာနယ်က ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနတခုရဲ့ ထုတ်ဝေခွင့်ကို ငှားပြီး ထုတ်နေတာဖြစ်နေတယ်။ အဲဒီလို ကိစ္စ တွေက မကြာမကြာဖြစ်လေ့ရှိတယ်။

တခါမှာကျတော့ ကော်ဖီမစ် ကြော်ငြာတခုဟာ ပြောင်းပြန်ဖတ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ညွှန်းတာဖြစ်နေတယ်ဆိုပြီး ဦးကျော်ဆန်းကို ကျပ်လွှတ်လိုက်တယ်။ အဲဒီ အချိန်က စောဝေရဲ့ ကဗျာကိစ္စကလည်း ဖြစ်ပြီးချိန်ဆိုတော့ ဦးကျော်ဆန်း ရှုးရှုးရှားရှားနဲ့ ပြန်ရောက်လာတယ်။ ရန်ကုန်စာပေစိစစ်က ဦးတင့်ဆွေတို့ရော၊ နေပြည်တော်က ကျနော်တို့ရော အဲဒီကြော်ငြာကို နေရောင်ထဲ ထောင်ကြည့်၊ မှန်ထောင်ကြည့် အလုပ်ရှုပ်တော့တာပေါ့။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။

အဲဒီဒဏ်တွေကို အများဆုံးခံရတာကတော့ ဦးတင့်ဆွေပေါ့။ အပေါ်က အခြေအနေကို မူတည်ပြီး ဦးကျော်ဆန်းက စာပေစိစစ်ရေးမူဝါဒတွေကို အတိုးအလျှော့လုပ်ရတာကို မသိတဲ့ သတင်းသမား တွေကတော့ စာပေစိစစ်က ဂဏန်းမငြိမ်ဘူး၊အပြောင်းအလဲမြန်တယ်၊ လိုတမျိုး မလိုတမျိုးဆို ဦးတင့်ဆွေကို အပြစ်တင်ကြတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

အနာဂတ်မီဒီယာအခြေအနေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြင်မယ်ဆိုရင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အခြေပြုထားတဲ့ မီဒီယာအဖွဲ့အစည်း တွေ၊ ယူနက်စကိုလို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါပေမယ့် အနောက် အုပ်စုနိုင်ငံတွေနဲ့ မြန်မာဆက်ဆံရးအခြေအနေကြောင့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ အခက်တွေ့နေတယ်။

အဲဒီအချိန်မှာ စွန့်စားပြီး ကူညီတဲ့ ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းက ဂျာမနီနိုင်ငံအခြေစိုက် Friedrich-Ebert-Stiftung , FES လို့ခေါ်တဲ့ Friedrich Ebert ဖောင်ဒေးရှင်းပဲ။ FES က ၂၀၀၈ ခုနှစ်ထဲမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တဖွဲ့ကို စင်္ကာပူ အခြေစိုက် Asia Media Information and Communication Centre, AMIC နဲ့ မလေးရှားအခြေစိုက် Asia-Pacific Institute for Broadcasting Development, AIBD တွေမှာ နှစ်ပတ်ကြာ ဆွေးနွေးပွဲတွေလုပ်ပေး တယ်။ အဲဒီဆွေးနွေးပွဲတွေမှာ နိုင်ငံတကာမီဒီယာ ပညာရှင်တွေက မီဒီယာဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှုမီဒီယာ၊ မီဒီယာနဲ့ ဒီမိုကရေစီ စတဲ့ ဘာသာရပ်တွေကို ဆွေးနွေးတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆောင်ရွက်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သုံးသပ်တယ်။

အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ ၂၀၀၉ ခုနှစ်ထဲရောက်တော့ ဦကျော်ဆန်းက အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက်

၁။ မီဒီယာဥပဒေသစ်တွေ (ပုံနှိပ်/မှတ်ပုံတင်ဥပဒေ၊ စာနယ်ဇင်းဥပဒေ၊ ရုပ်သံဥပဒေ၊ ရုပ်ရှင်ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ) ဆွဲဖို့

၂။ စာနယ်ဇင်းဥပဒေပြီးရင် စာပေစိစစ်ဖျက်သိမ်းဖို့

၃။ အစိုးရရုပ်သံနဲ့ သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းဖို့

၄။ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြည်တွင်းမှာ မီဒီယာသင်တန်းတွေပို့ချခွင့်ပြုဖို့

ဆိုပြီး သတ်မှတ်ခဲ့တယ်။ ကျနော်သိသလောက် အဲဒီ အစီအစဉ်ကို အကြီးအကဲတွေကိုလည်း ဦးကျော်ဆန်း ရှင်းပြ အတည်ပြုချက်ယူခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာထဲကို ဌာန အသီးသီးက ဥပဒေသစ်တွေအတွက်လေ့လာမှုတွေ စလုပ်နေခဲ့ပြီ။ စာပေစိစစ်မူဝါဒတွေကို လျှော့ပေးတာတွေ လုပ်နေပြီ။

၂၀၁၁ အပြောင်းအလဲ

၂၀၁၁ သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးချိန်မှာလည်း အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦးကို ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ တရားဝင် ရှင်းလင်းတင်ပြခဲ့တယ်။ အဲဒီ တင်ပြတဲ့အချိန်မှာ ဦးတင့်ဆွေလည်း လိုက်ပါသွားခဲ့ရတယ်။ အကြီးအကဲတွေကလည်း ဦးကျော်ဆန်းရဲ့ အစီအစဉ်ကို လက်ခံခဲ့တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စတင်ချိန်မှာ နိုင်ငံတကာထောက်ခံမှုတွေ ရလာတဲ့အတွက် မီဒီယာပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေလည်း ပိုရလာခဲ့တယ်။ အဲဒီအချိန်မှာ ဦးကျော်ဆန်းက မြန်မာနိုင်ငံမှာ မီဒီယာပြုပြင်ပြောင်းလဲရေးကို သက်သေပြ ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာ အစည်းအဝေးနှစ်ခုကို လုပ်ခဲ့တယ်။

ပထမတခုကတော့ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတကာညီလာခံဖြစ်ပြီး နောက်တခုက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်ပါတယ်။ အခုတော့ အဲဒီ အခမ်းအနားနှစ်ခုက နှစ်စဉ်ပုံမှန်ကျင်းပတဲ့ အခမ်းအနားတွေဖြစ်နေပြီး အစိုးရ၊ပြည်တွင်းမီဒီယာသမားများနဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်နိုင်တဲ့ နေရာတွေဖြစ်နေပါပြီ။

ဦးကျော်ဆန်း

ဒီနေရာမှာ ဦးကျော်ဆန်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့သူဆိုရင် သမ္မတ ဦးသိန်းစိန် က ဘာ့ကြောင့် ဦးကျော်ဆန်းကို သမဝါယမဝန်ကြီးဌာနကို ရွှေ့လိုက်တာလဲလို့ မေးစရာရှိပါတယ်။ အဓိကကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးအပေါ် ရှုမြင်ပုံကွဲလွဲတာကြောင့်ပါပဲ။

၁။ သမ္မတနဲ့ ဝန်ကြီးတချို့က မီဒီယာပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်တယ်။ မြန်မြန်ပြောင်းလဲပြချင်တယ်။

၂။ ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဖြစ်ပဲ ဆက်လုပ်ချင်တယ်။ အဆင့်ဆင့်ပြောင်းချင်တယ်။

ဥပမာ စာပေစိစစ်ဖျက်သိမ်းရေးကိစ္စမှာ သမ္မတရုံးဘက်က မြန်မြန်ဖျက်ချင်တယ်။ ဦးကျော်ဆန်းက စာနယ်ဇင်းဥပဒေ ( သတင်းမီဒီယာဥပဒေ)ရေးဆွဲနေချိန်မှာ ထုတ်တင် စနစ်ကနေ တင်ထုတ်စနစ် ပြောင်းတာကို အဆင့်ဆင့်လုပ်မယ်၊ ဥပဒေအတည်ဖြစ်မှ စာပေစိစစ် လုံးဝဖျက်သိမ်းတာကို လုပ်ချင်တယ်။

အဲဒီလို သဘောထားကွဲလွဲမှုတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ဦးအောင်ကြည်နဲ့ ဦးကျော်ဆန်းကို အစားထိုးခဲ့တာဖြစ်ပါတယ်။

မဆုံးတဲ့ခရီး

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း တံတားအောက်မှာ မြစ်ရေတွေအများကြီး စီးဆင်းသွားခဲ့ပါပြီ။ မြန်မာ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးဟာလည်း လီဗာနင်းတဲ့အချိန်ရော၊ ဘရိတ်ဆောင့်နင်းတဲ့ အချိန်တွေ ရောကြုံခဲ့ရပြီ။ ဆက်သွားနေသလား၊ ရပ်နေသလား ဆိုတာတောင် မသေချာဘူး။ မီဒီယာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးတောင် ကြားရတာ နည်းသွားပြီ။ ဒါပေမယ့် ပြဿနာတွေ ဘယ်လောက်ရှိရှိ ဒီခရီးက ရပ်လို့ မရတာတော့ သေချာပါတယ်။

(စာရေးသူသည် သမ္မတ ဦးသိန်းစိန်ခေတ် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စင်ကာပူနိုင်ငံ ISEAS-Yusof ishak Institute တွင် အကြီးတန်းသုတေသီ တဦးဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည်အား ပြန်လည်ဖော်ပြပါသည်။)

Your Thoughts …
Tags: ပြန်ကြားရေးဝန်ကြီးဌာနမီဒီယာပြုပြင်ပြောင်းလဲရေးဦးကျော်ဆန်း
ရဲထွဋ်

ရဲထွဋ်

Contributor

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

by အောင်သူရ
3 June 2025
27.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့ဇနီးအတွက် သီးသန့်ဓာတ်ပုံရိုက်ပေးရသည့် ဓာတ်ပုံဆရာမှာ ပြည့်ဦးအောင် ဖြစ်သည်။

ပညာရှင်လား စစ်ကောင်စီလော်ဘီလား

ပညာရှင်လား စစ်ကောင်စီလော်ဘီလား

by ဝေမင်းထွန်း
26 March 2025
3.4k

စစ်ကောင်စီ၏ အကြံပေးများသည် ပြည်တွင်းရော ပြည်ပမှာပါ တိုးမပေါက်ခဲ့ကြပေ။ လူထု၏ အသိမှတ်ပြုမှုမခံရဘဲ လူရာလည်း အသွင်းမခံခဲ့ကြရပေ။

ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း

ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း

by ဧရာဝတီ
8 August 2025
903

DCI အုပ်စု၏ ဦးဆောင်မိတ်ဖက် ဂျပ်စတင် ပီတာဆန်နှင့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင်တို့ လက်မှတ်ရေးထိုးထားပြီး ထိုသဘောတူညီချက်သည် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်အသက်ဝင်သည်။

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

by ဧရာဝတီ
18 March 2023
4.7k

အယ်ဒီတာ တဦးအနေဖြင့် စကားအသုံးအနှုန်းများကို ပြင်ဆင်ရန်မှာ သူ့တာဝန်ဖြစ်သော်လည်း သူ့အလုပ်သူလုပ်ခွင့် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန Webportal တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန Webportal တိုက်ခိုက်ခံရ

by ဧရာဝတီ
10 January 2017
17.5k

အဆိုပါတိုက်ခိုက်မှုတွင် ပြည်ပအခြေပြု IP နံပါတ်များဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝေဖြိုး  / မိုးမိုး / ဧရာဝတီ

ပြန်ကြားရေးက Eleven ကို တရားစွဲဆိုမှု ၅ နှစ်ခန့် ရှိသော်လည်း အမှုမပြတ်သေး

by မိုးမိုး
20 September 2019
41.9k

ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ်ကို အသရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆိုထားသည့် အမှုကို တရား ရင်ဆိုင်နေရသည်မှာ ၅ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့ အချိန်ထိ မပြီးပြတ်သေးကြောင်း သိရသည်။

Next Post

"ဆိုခွင့် ပိတ်ထားတဲ့ သီချင်းတွေကို ပရိသတ် တောင်းတဲ့အခါ အခက်အခဲဖြစ်တယ်"လို့ ဇော်ကြီးပြော (ရုပ်/သံ)

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ အမှုဆောင် အဖွဲ့ဝင် ဦးခမ်းမောင်  / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ကျနော်တို့ တိုးတက်မှုမှာ တရုတ်ရဲ့ ပါဝင်မှု ဘာမှမရှိပါဘူး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved