• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြန်ကြားရေးက Eleven ကို တရားစွဲဆိုမှု ၅ နှစ်ခန့် ရှိသော်လည်း အမှုမပြတ်သေး

by မိုးမိုး
20 September 2019
in သတင်း
A A
Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝေဖြိုး  / မိုးမိုး / ဧရာဝတီ

Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝေဖြိုး / မိုးမိုး / ဧရာဝတီ

41.9k
VIEWS
Share on FacebookShare on Twitter

ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ်ကို အသရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆို ထား သည့် အမှုကို တရား ရင်ဆိုင်နေရသည်မှာ ၄ နှစ်ကျော် ၅ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့ အချိန်ထိ မပြီးပြတ်သေးကြောင်း သိရသည်။

Weekly Eleven ဂျာနယ်၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက“ဒီအမှုက ၅ နှစ်ပြည့်တော့မယ်။ အရင် အစိုးရလက်ထက်က ၁ နှစ်ကျော်၊ အခု အစိုးရ လက်ထက်က ၄ နှစ်ကျော် ၅ နှစ်နီးပါး ရှိသွားပြီ။ ရုံးချိန်းကလည်း ၁၂၀ ကျော်သွားပြီ” ဟု ယနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး ရုံးချိန်းသို့ လာရောက်စဉ် သတင်းထောက်များကို ပြောသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက် ထုတ် Weekly Eleven ဂျာနယ်တွင် နေထွန်းနိုင် ရေးသားခဲ့သည့် “အများ ပြည်သူ ဆိုင်ရာ ဝန် ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင် မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား”  သတင်း ဆောင်းပါး ဖော်ပြခဲ့မှု အပေါ် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းဆောင်ပါးတွင်  ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက အိန္ဒိယ ကုမ္ပဏီထံမှ ပုံနှိပ် စက်များ ဝယ်ယူရာတွင် သတ်မှတ်ပေါက်ဈေးထက် ပိုမိုမြင့်မားနေကြောင်း ဝေဖန်ရေးသားခဲ့သဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

တရားစွဲခံရသူများမှာ Weekly Eleven ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ် အောင်၊ မန်နေဂျင်း ဒါရိုက် တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒု အယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင် တို့ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယနေ့ ရုံးချိန်း၌ မြို့နယ် တရားသူကြီး ဒေါ်သန္တာညွန့်က ထိုအမှုသည် ကြာမြင့်စွာ စစ်ဆေးနေရသည့် အတွက် တရားလိုဘက်မှ အမှုရုပ်သိမ်းလိုသည့် ဆန္ဒရှိသလားဟု မေးမြန်းခဲ့ရာတွင် တရားလိုဘက်မှ ပြန်ကြားရေး အရာရှိက “နောက် ရုံး ချိန်းကျရင် ကျနော်တို့ဘက်က အထက်လူကြီး ညွှန်ကြားတဲ့ အတိုင်း ပြောပေးပါမယ်” ဟု ပြန်လည် ဖြေဆိုခဲ့သည်။

တရားသူကြီး ဒေါ်သန္တာညွန့်က “ဟိုဘက်ကလည်း ရုပ်သိမ်းဖို့ ရှိတယ်ဆိုရင် ရုပ်သိမ်းပေးမှာပါ။ စစ် မယ်ဆိုလည်း ဆက် စစ်မှာပါ။ အမှုကလည်း ၄  နှစ်ကျော်ပြီ မို့လို့ပါ”  ဟု တရားခွင်၌ ပြောဆိုသည်။

ထိုအမှုတွင် တရားစွဲဆိုထားသည့် ၅ ဦးထဲ၌ အမှုနှင့် မသက်ဆိုင်သည့်သူများပါ ပါဝင်နေကြောင်း၊ ထိုအမှုနှင့် သက်ဆိုင်သူ များမှာ သတင်းဆောင်းပါး ရေးသားသူနှင့် အယ်ဒီတာချုပ်များနှင့်သာ သက်ဆိုင်ကြောင်း Eleven Media Group တွင် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ယင်းအမှုကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ တာဝန် ယူ ရင်ဆိုင်နေရသည့် အမှု ဖြစ်ကြောင်း၊ လက်ရှိတွင် တရားရုံးဘက်မှ စိစစ်ဆဲ အမှုဖြစ်သည့်အတွက် အမှု ရုပ်သိမ်းရန် အနေအထား တင်ပြလာခြင်းမျိုး မသိရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

အမှုတွင် တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့သည့် ဦးကျော်စိုးသည် ပင်စင်ယူသွားသဖြင့် လက်ရှိတွင် ရုံးချိန်းသို့ ပြန်ကြားရေး ဝန်ကြီး ဌာနမှ အရာရှိတဦး တရားခွင်သို့ လာရောက်သည်ကို တွေ့ရသည်။

အယ်ဒီတာချုပ် ဦးဝေဖြိုးက “ကျနော်တို့ အခုလို ရေးသားတယ် ဆိုတာက အစိုးရရဲ့ မူဝါဒတွေကို ထိပါးနေတာ မဟုတ်ပါ ဘူး။ အစိုးရ ဝန်ကြီးဌာနအချို့မှာ လုပ်မှားကိုင်မှားတွေ ရှိလို့ လွဲချော်မှုတွေ ရှိရင် တိုင်းပြည်ရဲ့ဘဏ္ဍာတွေ မလိုလားအပ်ဘဲ နဲ့ လေလွင့်ဆုံးရှုံးတာတွေ မဖြစ်အောင် ရည်ရွယ်ပြီး တော့ အပြုသဘောဆောင်တဲ့ အနေနဲ့ ကျင့်ဝတ် စည်းကမ်းနဲ့ အညီ ခိုင် မာမှန်ကန်တဲ့ အချက် အလက်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်”  ဟု ပြောဆိုသည်။

အဆိုပါ သတင်းဆောင်းပါး စတင် ရေးသားသည့် အချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ကြီးမှာ ဦးအောင်ကြည် ဖြစ်ပြီး တရားစွဲဆိုသည့် အချိန်တွင် ဝန်ကြီး ဦးရဲထွဋ် ဖြစ်ကာ၊ ယခု အမှုရင်ဆိုင်နေရ သည့် ကာလ၌ ပြန်ကြားရေး ဝန်ကြီး ဦးဖေ မြင့် လက်ထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
137
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
62

ယင်းအမှုကို စတင် ကိုင်တွယ်ဖြေရှင်းပေးသည့် မြို့နယ်တရားသူကြီးမှာ  ဦးခင်ဝင်း ဖြစ်ပြီး၊ လက်ရှိတွင် တရားသူကြီး ဒေါ်သန္တာညွန့်က တာဝန်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

ယင်းအမှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုရာ လက်ရှိတွင် မြို့နယ် တရားသူကြီး ဒေါ်သန္တာညွန့်က လက်ခံ စစ်ဆေးနေခြင်း ဖြစ်သည်။

You may also like these stories:

Eleven အမှု သမ္မတ ညွှန်ကြားချက်အတိုင်းသာ လုပ်ရမည်ဟု သမ္မတရုံး ပြော

Eleven သတင်းသမား ၃ ဦး အမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် မီဒီယာကောင်စီ တိုက်တွန်း

Eleven သတင်းသမားများ လွှတ်ပေးရေး IPI တောင်းဆို

Your Thoughts …
Tags: Eleven ဂျာနယ်ပြန်ကြားရေးဝန်ကြီးဌာန
မိုးမိုး

မိုးမိုး

...

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

by အောင်သူရ
3 June 2025
27.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့ဇနီးအတွက် သီးသန့်ဓာတ်ပုံရိုက်ပေးရသည့် ဓာတ်ပုံဆရာမှာ ပြည့်ဦးအောင် ဖြစ်သည်။

ပညာရှင်လား စစ်ကောင်စီလော်ဘီလား

ပညာရှင်လား စစ်ကောင်စီလော်ဘီလား

by ဝေမင်းထွန်း
26 March 2025
3.4k

စစ်ကောင်စီ၏ အကြံပေးများသည် ပြည်တွင်းရော ပြည်ပမှာပါ တိုးမပေါက်ခဲ့ကြပေ။ လူထု၏ အသိမှတ်ပြုမှုမခံရဘဲ လူရာလည်း အသွင်းမခံခဲ့ကြရပေ။

ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း

ဝါရှင်တန်ကို ချဉ်းကပ်ရန် အမေရိကန် လော်ဘီ စစ်အုပ်စု ငှားရမ်း

by ဧရာဝတီ
8 August 2025
903

DCI အုပ်စု၏ ဦးဆောင်မိတ်ဖက် ဂျပ်စတင် ပီတာဆန်နှင့် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင်တို့ လက်မှတ်ရေးထိုးထားပြီး ထိုသဘောတူညီချက်သည် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်အသက်ဝင်သည်။

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

by ဧရာဝတီ
18 March 2023
4.7k

အယ်ဒီတာ တဦးအနေဖြင့် စကားအသုံးအနှုန်းများကို ပြင်ဆင်ရန်မှာ သူ့တာဝန်ဖြစ်သော်လည်း သူ့အလုပ်သူလုပ်ခွင့် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တယ်

မီဒီယာ ပြုပြင်ပြောင်းလဲရေး သမင်လည်ပြန်

by ရဲထွဋ်
3 May 2019
25.5k

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင်ရမယ့်အပြောင်းအလဲတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တယ်ဆိုရင် အံ့သြကြလိမ့်မယ်၊ ယုံချင်မှလည်း ယုံကြလိမ့်မယ်။

ပြန်ကြားရေးဝန်ကြီးဌာန Webportal တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန Webportal တိုက်ခိုက်ခံရ

by ဧရာဝတီ
10 January 2017
17.5k

အဆိုပါတိုက်ခိုက်မှုတွင် ပြည်ပအခြေပြု IP နံပါတ်များဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

Next Post
ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒို

ဆာလောင်နေချိန် ဟမ်ဘာဂါ ကျွေးခဲ့ဖူးတဲ့ အမျိုးသမီးကို ပြန်လည် ရှာဖွေခဲ့တဲ့ စီရော်နယ်ဒို

Spider-Man နဲ့ Venom တို့ကို အတူတကွ မြင်တွေ့ရဖို့ ရှိနေပါတယ်

"Venom 3" ရုပ်ရှင်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Spider-Man

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved