• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည့် မန္တလေး သပိတ်စစ်ကြောင်းများ

by ဧရာဝတီ
19 February 2022
in ဆောင်းပါး
A A
ဖမ်းဆီးခံထားရသည့် မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူအချို့

ဖမ်းဆီးခံထားရသည့် မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူအချို့

7.8k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုကို ပထမဆုံး လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သည့် မန္တလေးမြို့ပေါ်က သပိတ် စစ်ကြောင်း များသည် အာဏာသိမ်းပြီး တနှစ်ကျော်ကြာသည်အထိ ရပ်တန့်မသွားဘဲ နေ့စဉ်နီးပါး စစ်အာဏာရှင်ကို လက်မခံကြောင်း လမ်းမပေါ် တက်၍ ဖော်ထုတ်ခဲ့ကြသည်။

စစ်ကောင်စီက အကြမ်းဖမ်း ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကားဖြင့် တိုက်သတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် ထောင်ချခြင်း အမျိုးမျိုး လုပ်ဆောင်နေသည့်ကြားမှာပင် မန္တလေးမြို့က လမ်းမများထက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံများ နေ့စဉ် ကြားနေရသည်။

ထိုဆန္ဒပြပွဲများကို ဦးဆောင်သည့် သပိတ်စစ်ကြောင်းများမှာ သံဃသမဂ္ဂ၊ အမျိုးသမီးသပိတ်၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ၊ Generation Z၊ LGBT Union (Mandalay)၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု၊ ရတနာပုံကျောင်းသားများသမဂ္ဂ၊ အင်ဂျင်နီယာ၊ ပြည်ကြီးတံခွန်၊ ဒေါင်းစစ်သည် စသည့် သပိတ်စစ်ကြောင်းများဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် ထို့သို့ ၁ နှစ်ကျော်ကာလအထိ လမ်းပေါ်ထွက် ဆန္ဒပြနေသော မန္တလေးမြို့မှ သပိတ်စစ် ကြောင်းများ အားလျော့ပြိုလဲပြီး မြို့ကြီးများကို ထိန်းချုပ်နိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်း မှ စတင်ကာ သပိတ်ခေါင်းဆောင်များကို ပစ်မှတ်ထား နှိပ်ကွပ်လာသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီ ၉ ရက်ထိ မန္တလေးမြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ခေါင်းဆောင် များ အပါအဝင် သပိတ်နှင့် ဆက်စပ်သူ ၄၀ ဦးခန့် ဖမ်းဆီးခံထားရကြောင်း သိရပြီး ယနေ့အချိန်ထိလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

“အာဏာရူးတွေဟာ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှ ရန်သူလို သဘောထားပြီး အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်တာတွေ ပေါ်ပေါ်ထင်ထင် လုပ်နေတာ အားလုံး သိပြီးသားပါ။ တနိုင်ငံလုံး သူတို့ကို ဆန့်ကျင်နေတယ်ဆိုတာ အသံတိတ် သပိတ်တွေ က သက်သေပါပဲ။ အဲဒီထဲကမှ သပိတ်စစ်ကြောင်းတွေက လမ်းပေါ်ထွက်ပြီး ပြောက်ကျားသပိတ်နဲ့ ဆန့်ကျင်နေဆဲ ဆိုတော့ အာဏာရူးတွေ အတွက်တော့ အိမ်မက်တစ္ဆေ အခြောက်ခံနေရသလို ဖြစ်နေတာပေါ့” ဟု သံဃသမဂ္ဂ (မန္တလေး) သပိတ်စစ်ကြောင်းမှ ဦးဆောင်ဆရာတော်တပါးက မိန့်ကြားသည်။

ထိုသို့ သပိတ်ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ရုံဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြမှုများ လျော့နည်းသွားပြီး နွေဦးတော်လှန် ရေးအတွက် အားနည်းသွားမည်၊ လူထုလှုပ်ရှားမှုများ ရပ်တန့်သွားမည်ဟူသော အထင်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ် ကွပ်နေခြင်း ဖြစ်သည်ဟုလည်း ဆရာတော်က သုံးသပ်သည်။

“ဒါဟာ လူထုတော်လှန်ရေး ဖြစ်တယ်ဆိုတာကို သူတို့ မေ့နေကြတယ်။ သပိတ်စစ်ကြောင်းတွေကို နှိပ်ကွပ်အကြမ်းဖက် ရုံနဲ့ ဒီတော်လှန်ရေးဟာ ရပ်တန့်သွားမှာ မဟုတ်သလို အားနည်းသွားမှာလည်း မဟုတ်ဘူး” ဟု ပြည်ကြီးတံခွန်သပိတ် အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကလည်း မိန့်ကြားသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မန္တလေးမဟာမြိုင် ရပ်ကွက်အတွင်း သပိတ်ခေါင်းဆောင်များ နေထိုင်လျက်ရှိသော နေ အိမ်ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းကာ ၇ ဦးကို ဖမ်းဆီး ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၉ ရက်ကလည်း မြေပြင်သပိတ်စစ်ကြောင်းများတွင် ပါဝင်နေသည့် သင်္ဂဇာကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒိမာ၊ သပိတ်တက်ကြွလှုပ်ရှားသူ ကိုသူရအောင်၊ ကိုဖိုးလုံး(ခ) ကိုရဲဇင်ထွန်းနှင့် အလွတ်တန်း သတင်းထောက် (CJ) ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ ထပ်မံဖမ်းဆီးခံရသည်။

၎င်းတို့အား ဖမ်းဆီးစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ရိုက်နှက် ထိုးကြိတ်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ် ခဲ့ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသလို ယနေ့အချိန်ထိ အဆက်အသွယ် မရသေးသဖြင့် ကျန်းမာရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း မန္တလေးစုပေါင်းသပိတ်အင်အားစုက ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖမ်းဆီးခြင်းခံရချိန်အထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်သောကြောင့် ဖမ်းဆီးခံရပြီး နောက် ပိုင်း စစ်တပ်၏ လူမဆန်သော ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဖြစ်ပေါ်လာမည့် အဖြစ်အပျက် အားလုံးကို စစ်ကောင်စီ အနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည်ဟုလည်း သပိတ်အင်အားစုက ဆိုသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
451
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးခံခဲ့ရသော နေပြည်တော်၊ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းများ၏ ဦးဆောင်သူ တဦးဖြစ်သော ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ဒြပ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုးသည် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၂၄ နာရီအတွင်း မန္တလေး နန်းတွင်းစစ်ကြော ရေးတွင် သေဆုံးခဲ့ရသည်။

ထို့အတူ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ သပိတ်စစ်ကြောင်း ဦးဆောင်သူ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုးသည်လည်း မန္တလေး နန်းတွင်းစစ်ကြောရေးတွင် ၃ လကျော် ကြာသည် အထိ ထိန်းသိမ်းခံထားရစဉ် ကျန်းမာရေး မကောင်းသော်လည်း ဆေးကုသခွင့် မရရှိခဲ့ပေ။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

ထို့အတွက်ကြောင့် မန္တလေးသပိတ်အင်အားစုက ၎င်းတို့ ရဲဘော်ရဲဖက်များ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း နှင့် စစ်ကောင်စီက ဖမ်းဆီးပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် ကိစ္စအရပ်ရပ်ကို တာဝန်ယူရမည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

မန္တလေးအမျိုးသမီးသပိတ်စစ်ကြောင်းမှ တက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်က “သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးသွားရုံနဲ့ တော်လှန်ရေးဟာ အရှိန်အဟုန် ပျက်မသွားဘူး။ တဗိုလ်ကျရင် တဗိုလ် တက်လာပါလိမ့်မယ်။ နောက် ထပ် ခေါင်းဆောင်တွေ အများကြီး ရှိပါသေးတယ်။ ခေါင်းဆောင်ပိုင်းတွေ ပါသွားလို့ မန္တလေးက ပြိုလဲသွားပြီလို့ အားလုံး ကတော့ တွေးကောင်းတွေးကြလိမ့်မယ်။ မန္တလေးက ပြိုလဲသွားမဲ့ အထဲမှာ မပါဘူး။ ပြောက်ကျားစနစ်နဲ့ ရတဲ့နေရာ ကနေပြီးတော့ လှုပ်ရှားနေဆဲပဲ ဖြစ်တယ်” ဟု ပြောဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီသည် မန္တလေးတွင် လုံခြုံရေး ပိုမိုတင်းကျပ်လာပြီးနောက် သပိတ်လှုပ်ရှားသူများ သာမက မြို့ပြပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကိုပါ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပိတ် ဆို့ပြီး ပိုက်ဆိပ်တိုက် ရှာဖွေဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် စစ်ကောင်စီသည် ၎င်းတို့ မွေးမြူထားသော သတင်းပေး (ဒလန်) များ၊ CCTV မှတ်တမ်းများမှ သာမက ဖမ်းဆီးမိထားသူကို ဓားစာခံပြုလုပ်ပြီး ကျန်အဖွဲ့ဝင်များအား ဖုန်းဆက် ချိန်းဆိုခိုင်းခြင်း၊ နေရာလိုက်ပြခိုင်းခြင်း၊ အလှူငွေ လှူဒါန်းလိုသည်ဆိုကာ လိမ်လည်ခေါ်ယူခြင်း၊ ဧည့်စာရင်း တိုင်ကြားမှုကို ခြေရာခံခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း များဖြင့် ဖမ်းဆီးခြင်း၊ အရပ်ဝတ်ဖြင့် ကင်းပုန်းချ စုံစမ်းကာ နေရာအတိအကျ သိရှိချိန်မှ ဝင်ရောက် ဖမ်းဆီးခြင်း စသည့် နည်းလမ်းများဖြင့် ပရိယာယ်ဆင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင် လက်အောက်မှ လူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည့် တော်လှန်ရေး ရဲဘော်များ အား လူထုအနေဖြင့် စောင့်ရှောက်ပေးကြရန်၊ ရသည့်နေရာမှ ပူးပေါင်းပါဝင်ပေးရန်၊ နေစရာခိုအောင်းစရာများ ရှာပေးရန်၊ နှုတ်လုံပေးကြရန်နှင့် ပံ့ပိုးကူညီပေးကြရန် မအေးမြင့်အောင်အောင်က မေတ္တာရပ်ခံ တိုက်တွန်းသည်။

မန္တလေးမြို့အတွင်း ယခုကဲ့သို့ တော်လှန်ရေးအင်အားစုများအား ပိုက်ဆိပ်တိုက် ဖမ်းဆီးနေခြင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စေခိုင်းချက်အရ တိုင်းအစိုးရအဖွဲ့က စီမံချက်များ ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးပိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီခန့် တိုင်းအစိုးရအဖွဲ့၏ စီမံချက်ရေးဆွဲမှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ စရဖ အဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

အဆိုပါ ပူးပေါင်းအဖွဲ့က ညပိုင်းအချိန်များ၌ နေအိမ်များအတွင်း စီးနင်းဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း၊ PDF၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ကူညီထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့် ပြည်သူတို့၏ နေအိမ်များအား ချိတ်ပိတ်ခြင်း၊ ၎င်းတို့ ရှာဖွေသူအား မတွေ့ရှိလျှင် မိသားစုဝင်များအား ဓား စာခံအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်၊ ဖေဖော်ဝါရီ ၁၀ ရက် က အောင်မြေသာစံမြို့နယ်မှ အမရဌာနီအရှေ့၊ အမရဌာနီအနောက်၊ ညောင်ကွဲရပ်ကွက်များနှင့် ဖေဖော်ဝါရီ ၁၁ ရက်များ တွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်များကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ကာ တအိမ်တက်ဆင်း ဝင်ရောက်စီးနင်း စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၃၀ ဦးကျော်ထိ ဖမ်းဆီခံခဲ့ရကြောင်း သိရသည်။

“ရပ်ကွက် အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားပြီးမှ စစ်ဆေးတာတွေကို လုပ်ကြတာ။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြ ချက် မပါဘဲ တရပ်ကွက်လုံးကို ပိတ်ပြီး အိမ်ပေါက်စေ့ ဝင်မွှေသွားတာ။ မိသားစု အိမ်ထောင်စုဇယား ပြခိုင်းတယ်။ အဲဒီ ဇယားမှာ ပါတဲ့လူတွေ အကုန်ရှိလား၊ မရှိဘူးလား မေးတယ်။

အိမ်ထောင်စုဇယားအတိုင်း လူမစုံဘူးဆိုရင် ဘယ်သွားတာ လဲ၊ ဘာလို့ မနေတာလဲ စုံနေအောင်ကို မေးတာ။ နောက် သူတို့ဆီက စာရင်းတွေနဲ့ တိုက်ကြည့်ကြတယ်။ စစ်ပြီးသား အိမ်တွေကိုလည်း မှုတ်ဆေးနဲ့ အမှတ်အသား လုပ်သွားတယ်” ဟု သံလျက်မှော် အနောက်ရပ်ကွက်မှ ဒေသခံတဦး က ပြောပြသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

ထို့ပြင် မဟာဝိဇိတာရာမကျောင်းတိုက်မှ မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော် အရှင်ကလျာဏ၏ တေဇာလင်္ကာ ရကျောင်းသည် ဖေဖော်ဝါရီ ၅ ရက်တွင် ချိတ်ပိတ်ခံရပြီး ကျောက်ဆည်မြို့ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာမိုး ဟိန်းထွန်း (အန္တဂုဏ်ရည်ဆေးခန်း)၊ ဦးစိုးသီဟ (သီဟမိတ္တူကွန်ပျူတာ)၊ ဦးစိုးရွှေ (ရွှေဇင်မောင် ကျောက်ဆည်ဆင်အဖွဲ့)၊ ကိုသံမဏိ(၈၈ ငြိမ်း/ပွင့်) (ဇာမဏီ ရောင်းဝယ်ရေး)၊ ဦးကိုကိုထွေး (၈၈ ငြိမ်း/ပွင့်)၊ ဦးမင်းသိန်း (NLD) (ကမ္ဘာကျော်တေး သံသွင်း)တို့၏ နေအိမ်များလည်း ဖေဖော်ဝါရီ ၇ ရက်တွင် ချိတ်ပိတ်ခံခဲ့ရသည်။

လက်ရှိ အခြေအနေတွင် စစ်ကောင်စီဘက်က မန္တလေးမြို့အတွင်း တအိမ်တက်ဆင်း ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိရာ သပိတ်လှုပ်ရှားနေသူများ အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံး ရှောင်တိမ်းနေကြရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်ကို နံနက် ၇ နာရီ ဝန်းကျင်မှ စတင်ပြီး စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ကာ တအိမ်တက်ဆင်း ရှာဖွေမှုများ ထပ်မံပြု လုပ်နေကြောင်း သိရသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

“သူတို့က တနိုင်ငံလုံး တည်ငြိမ်နေပါပြီ ဆိုတာကို ပြသချင်ကြတယ်။ ပြည်သူတွေကလည်း အုပ်ချုပ်ခွင့် မရစေရဆိုတဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်တော်လှန်နေကြတာ။ အဲဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို ပိုပြီး အသည်းအသန် ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတာ ဖြစ်တယ်။ လောလောဆယ်တော့ အခြေအနေအရ လုံခြုံရေးကို ဂရုစိုက်နေရတဲ့အတွက် သပိတ်တွေကို ခဏနားထားရပေမယ့် အခွင့်အရေးရတာနဲ့ လမ်းပေါ်သပိတ်တိုက်ပွဲတွေ ဆက်ရှိနေအုံးမှာပါ” ဟု သံဃသမဂ္ဂ (မန္တလေး) သပိတ်စစ်ကြောင်းမှ ဦးဆောင်ဆရာတော်တပါးက မိန့်ကြားသည်။

ထို့ပြင် တော်လှန်ရေး အင်အားစုများ၏ စစ်ကောင်စီ ယန္တရား ဒေါက်တိုင်များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ သတင်းပေး(ဒလန်)များအား ပစ်ခတ်လုပ်ကြံခြင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်းများ အချိန်ကာလတခုထိ ငြိမ်နေနိုင်သော်လည်း အခွင့်အခါ သင့်သည်နှင့် လှုပ်ရှားမှုများ တဖန်ပြန်လည် နိုးထလာလိမ့်မည်ဟုလည်း ပြောက်ကျားအဖွဲ့များက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အရုဏ်ဦးသပိတ်သို့ ပူးပေါင်း ပါဝင်မည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်ပြီး ဖမ်းဆီးရာ အမျိုးသမီးငယ် ၁ ဦး ဖမ်းဆီးခံခဲ့ရသလို မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်တွင် ဒီဇင်ဘာ ၇ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် ညသပိတ် လူစုခွဲအပြီး ရပ်ကွက်နေ ပြည်သူ ၂၀ ခန့်ထိ ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

ထို့ပြင် ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းမှ သပိတ်ခေါင်းဆောင်များ ဖြစ်သည့် မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုရန်စိုးပိုင်၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် (ဗဟို) အမှု ဆောင်အဖွဲ့ဝင်ဟောင်း ကိုနောင်ထက်အောင်၊ အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီမှ ဒေါ်သက်ဆုလှိုင်နှင့် ဦးနိုင်းသီဟကျော် အပါအဝင် လူငယ် ၆ ဦးကိုလည်း အောက်တိုဘာ ၃၀ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

“ရန်သူဘက်ကတော့ ရန်ငါစည်းပြတ်တဲ့မူအတိုင်း သူတို့ကို ဆန့်ကျင်သူမှန်သမျှ အကြောက်တရားတွေ ရိုက်သွင်းပြီး အုပ်ချုပ်ဖို့ ကြိုးစားနေတယ်။ ဒါကို ဦးဇင်းတို့ ပြည်သူတွေ သဘောပေါက်ဖို့ လိုပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက အကြောက်တရားတွေအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပြီးပြီ။ တိုင်းပြည်ရဲ့ အနာဂတ် နောင်မျိုးဆက်တွေအတွက် အကြောက်တရားကို သတ္တိရှိရှိနဲ့ ဆန့်ကျင်ဖယ်ရှားကြဖို့ လိုအပ်ပါတယ်” ဟု သံဃသမဂ္ဂ (မန္တလေး) သပိတ်စစ်ကြောင်းမှ ဦးဆောင်ဆရာတော်တပါးက တိုက်တွန်းသည်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ (ဓာတ်ပုံ – Poison/ Spring Diary)

ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကလည်း နွေဦးတော်လှန်ရေး အားကောင်းလာသည် နှင့်အမျှ စစ်ကောင်စီသည် သွေးရူးသွေးတန်းဖြင့် ရွာများအား မီးရှို့ခြင်း၊ ရပ်ကွက်များတွင် ဧည့်စာရင်းအကြောင်းပြ အနု ကြမ်းစီးခြင်းမျိုး လုပ်လာနိုင်သည့်အပြင် စိတ်မထင်လျှင် မထင်သလို မဆိုင်သည့် ပြည်သူများများကိုပါ ဖမ်းဆီးခြင်း၊ သတ် ဖြတ်ခြင်းများလည်း လုပ်လာနိုင်သလို မြေပြင်တွင်လည်း တကယ်လုပ်နေကြောင်း မိန့်ကြားသည်။

“အဲဒီလိုတွေကြောင့် လူထုရဲ့ စိတ်ထဲမှာ ငါတို့တွေ ဒီကောင်တွေနဲ့ ဘယ်လိုမှ အတူယှဉ်တွဲပြီး နေလို့ မဖြစ်နိုင်ဘူး။ သူတို့ကို အုပ်ချုပ်ခွင့် လုံးဝမပေးနိုင်ဘူးဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ လူထုဟာ နွေဦးတော်လှန်ရေးကို အနိုင်တိုက်ဖို့ပဲ ပိုင်းဖြတ် ထားကြတာကြောင့် မကြာခင်မှာ အရေးတော်ပုံ အောင်မြင်လာပါလိမ့်မယ်” ဟုလည်း ဆရာတော်က ဆိုသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန် လက်ရှိ အခြေအနေသည် နောက်ဆုံး အခွင့်အရေး ဖြစ်သောကြောင့် ဆန္ဒပြလူထု သပိတ်များအပြင် နိုင်ငံ့ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ (CDM)၊ ရပ်/ကျေး အဆင့် အုပ် ချုပ်ရေးမှူးများ နုတ်ထွက်ခြင်း၊ စစ်တပ်ထုတ်ကုန်များ မသုံးစွဲခြင်း၊ လက်နက်ကိုင်တော်လှန်ရေး စသည့် နည်းလမ်းမျိုး စုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရန် နိုင်ငံတဝန်း ယခုထက် ပိုမိုပါဝင်လာရန် လိုအပ်သည်ဟုလည်း တော် လှန်ရေး အင်အားစုများက တိုက်တွန်းပြောဆိုသည်။ ။

Your Thoughts …
Tags: စစ်ကောင်စီဖမ်းဆီးနှိပ်ကွပ်မန္တလေးမြို့သပိတ်ခေါင်းဆောင်သပိတ်စစ်ကြောင်းများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ဒီဇင်ဘာတွင် ICJ တရားရုံးတွင် ပြုလုပ်ကြားနာသော ဂမ်ဘီယာ-မြန်မာအမှု / CJ

ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်

“စစ်ခေါင်းဆောင်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စည်းရုံးမှု ဘယ်လောက်သက်ရောက်မှု ရှိမလဲ” (ရုပ်/သံ)

“စစ်ခေါင်းဆောင်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စည်းရုံးမှု ဘယ်လောက်သက်ရောက်မှု ရှိမလဲ” (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved