• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ALP အကွဲအပြဲ ဘယ်ကိုဦးတည်နေသလဲ

by ဧရာဝတီ
22 March 2023
in ဆောင်းပါး
A A
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင်တို့ ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်

17k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အတွင်းက အကွဲအပြဲ ဇာတ်လမ်းမှာ ပို၍ ကြီးထွားလာခဲ့သည်။

ALP ပါတီတွင်း ခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုများ၊ ညှိနှိုင်းမရမှုများ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် မတ်လ ၂၀ ရက် မနက်ပိုင်းက ALP ၏ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် ပါတီ ပြန်လည် ဖွဲ့စည်း ကြောင်း ထုတ်ပြန်ချက်တခု ဖော်ပြလာခဲ့သည်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ALP ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားပြီး အကြံပေး အဖွဲ့ဝင် ၂ ဦး၊ အဓိပတိ ကော်မတီအဖွဲ့ဝင် ၃ ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ၄ ဦး၊ ဗဟိုကော်မတီဝင်များနှင့် အရံ ဗဟိုကော် မတီဝင်အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

ဒေါ်စောမြရာဇာလင်းသည် အာဏာသိမ်း စစ်တပ်နှင့်အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်ရပ်တည်သူဖြစ်သည်။ ယခုအကွဲအပြဲသည် ဒုတိယ အကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ALP ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သည့် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သည့် အဖွဲ့ကိုလည်း ဖယ်ရှားမှုပြုလုပ်ခဲ့သေးသည်။

ယခုအခါ ပါတီခေါင်းဆောင်၂၈ ဦးဖြင့် ပြန်လည် ဖွဲ့စည်းသည့် ALP တွင် တပ်ဘက်ဆိုင်ရာမှ ဗိုလ်မှူးကြီး အဆင့် ရှိသူ ခိုင်လင်းထိန်အပါအဝင် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ စုစုပေါင်း ၁၀ ဦး ပါဝင်လာသည်ကိုလည်း တွေ့ရသည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသစ်အား မတ်လ ၅ ရက်တွင် ဖွဲ့စည်းရန် ပြင်ဆင်ခဲ့ကြသော်လည်း ပါတီတွင်း အခက် အခဲများကို ဖြေရှင်းရန် စောင့်မျှော်သည့်အတွက် ထုတ်ပြန်ချက် မထုတ်ပြန်ဘဲနေခဲ့သည် ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း နိုင်ငံရေးသတ်ကွင်းများကို ဖန်တီးလာကြသော လူတစုကြောင့် မိမိတို့ သွားလိုသည့် နိုင်ငံရေးလမ်း ကြောင်းအား ဖြောင့်တန်းစွာ သွားလိုသည့်အတွက် ယခုလို အသစ်ပြန်လည် ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း ALP ပါတီသစ်၏ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

၎င်းက “ပါတီသစ် ပြန်လည် ဖွဲ့စည်းရတာက ဥက္ကဋ္ဌကြီး (ဦးခိုင်ရဲခိုင်) က သူ့လမ်းစဉ်နဲ့သူ သွားချင်တယ်။ ကျမတို့က လည်း NCA လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်း NCA လမ်းကြောင်းအတိုင်း သွားဖို့ လိုအပ်တယ်။ ညှိနှိုင်းလို့ရမယ့် အခြေ အနေက အင်မတန်မှ နည်းတယ်။ အဲဒီအတွက်ကြောင့် သူသွားချင်တဲ့လမ်းကြောင်းကို သွားချင်သလိုသွား၊ ကိုယ်က လည်း ကိုယ်သွားလိုတဲ့လမ်းကို ရည်ရွယ်ချက်၊ သဘောတူတဲ့လူတွေနဲ့ တည့်တည့်မတ်မတ် သွားဖို့ အခုလို ဖွဲ့စည်း ရခြင်း ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ALP ပါတီ ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်သည် တိုက်ခိုက်ရေးနှင့် လွတ်လပ်ရေးဆိုသည့် လမ်းစဉ်ဖြင့် သွားလိုကြောင်း၊ ဒေါ်စောမြ ရာဇာလင်းတို့ကမူ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် သွားလိုကြောင်း စသည့် သဘောထားကွဲလွဲမှုများကြောင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ရ ခြင်း ဒေါ်စောမြရာဇာလင်း က ပြောသည်။

ဦးခိုင်ရဲခိုင် ဦးဆောင်သော ALP ဘက်ကမူ ဒေါ်စောမြရာဇာလင်းအနေဖြင့် ပါတီသစ်ထူထောင်သည် ဆိုသည့်ကိစ္စမှာ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး အပါအဝင် ဗဟိုကော်မတီဝင် အများစုအား အသိပေးခဲ့ခြင်း မရှိသည့်အတွက် တရားဝင်မှု မရှိကြောင်း မတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပါတီသစ် မထောင်မီက ဒေါ်စောမြရာဇာလင်းသည် ALP/ ALA ၏ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့် စစ်သည် ၂ ဦးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စစ်တွေလေဆိပ်၌ စစ်ကောင်စီတပ်အား ဖမ်းဆီးခိုင်းခဲ့ပြီးနောက် ယင်းတပ်ဖွဲ့ဝင်များအား လွှဲပြောင်းရယူကာ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ALP/ ALA ၏ အမှတ် ၁၀၁ တပ်ရင်းတွင် ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

အဆိုပါ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးသည် ပါတီ ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင်၏ အမိန့်ညွန်ကြားချက်ကြောင့် ခရီးသွားခြင်း ဟုဆိုပြီး ထိုသို့ ဖမ်းဆီးခြင်းနောက်ပိုင်း ALP အတွင်း အကွဲအပြဲဇာတ်လမ်းသည် ပို၍ပင် ပွင့်ထွက်လာခဲ့သည်။

ထိုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ALP ပါတီ တရားစီရင်ရေးကော်မတီက ဒေါ်စောမြရာဇာလင်း၏ တာဝန်များ ဖြစ်သော နိုင်ငံရေးဆွေးနွေးရေး ကော်မတီခေါင်းဆောင်တာဝန်နှင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရှိ တာဝန်များကို ယာယီရပ်စဲခဲ့ကြောင်း ALP ခေါင်းဆောင်များက ကြေညာချက် ထုတ်ခဲ့သည်။

သို့သော်လည်း ပါတီဆုံးဖြတ်ချက်အပေါ် အမိန့်နာခံခြင်း မရှိဘဲ ပါတီ၊ တပ်အမည်၊ အမှတ်တံဆိပ်များကို အသုံးပြုကာ ပါတီသစ်ထူထောင်ခြင်းမှာ ကြီးလေးသော စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည့်အတွက် ဒေါ်စောမြရာဇာလင်းအား ALP ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိတော့ကြောင်းလည်း ဦးခိုင်ရဲခိုင် ဦးဆောင်သော ALP ပါတီမှ ကြေညာသည်။

ဒေါ်စောမြရာဇာလင်းသည် စစ်ကောင်စီနှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြင့် ခရီးဆက်ရန် ဆန္ဒရှိသူ ဖြစ်ကြောင်း၊ ဒေါ်စောမြရာဇာလင်း၏ သဘောဆန္ဒနှင့် ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့တို့ကြား သဘောထား မတိုင်ဆိုင်သည့်အတွက် ကွဲလွဲမှုဖြစ်ရခြင်း ဖြစ်ကြောင်း ဦးခိုင်ရဲခိုင် ဦးဆောင်သော ALP ပါတီမှ အထွေထွေ အတွင်း ရေးမှူး ခိုင်ကျော်ခိုင်က ပြောသည်။

၎င်းက “အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက ဒုစစ်ဦးချုပ်ကို စစ်တွေလေဆိပ်မှာ စစ်ကောင်စီကို ဖမ်းခိုင်းတဲ့ကိစ္စရယ်။ နောက်တချက်က သူ (ဒေါ်စောမြရာဇာလင်း) က စစ်ကောင်စီနဲ့ အလွန်ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ သွားချင်တဲ့ သဘောရှိတယ်။ ဌာနချုပ်ကိုလည်း စစ်တွေမှာပဲ ထားပြီးတော့ NCA လမ်းကြောင်းအတိုင်း သွားလိုတဲ့သဘောထား တွေ ရှိတယ်။ အဲဒီကိစ္စကနေ စပြီးတော့ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတာ” ဟု ဧရာဝတီသို့ ပြောသည်။

ALP/ ALA ဌာနချုပ်အား မြန်မာ- အိန္ဒိယနယ်စပ် ပါတီဥက္ကဋ္ဌ နေထိုင်ရာတွင်ထားရှိပြီး တပ်ပိုင်းဆိုင်ရာ အနေဖြင့် မြောက်ပိုင်းတိုင်း (အိန္ဒိယနယ်စပ်)၊ အလယ်ပိုင်းတိုင်း (ပြည်တွင်း)၊ အရှေ့ပိုင်းတိုင်း (ထိုင်းနယ်စပ်) စသည်ဖြင့် စစ်ဒေ သ ၃ ခုဖြင့် ဖွဲ့ထားကြောင်းလည်း သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၌ ဗဟိုကော်မတီဝင် ၃၀ ကျော်ရှိကာအများစုမှာ ဦးခိုင်ရဲခိုင် ဦးဆောင်သည့်အခြမ်းတွင် ရှိနေပြီး၊ အရှေ့ပိုင်းစစ်ဒေသနှင့် မြောက်ပိုင်းစစ်ဒေသတို့မှ တပ်မှူး၊ တပ်သားများမှလည်း ဦးခိုင်ရဲခိုင် ဦးဆောင်မှု အောက်တွင်သာ ဆက်လက် ရှိသေးကြောင်းလည်း ပါတီဝင်များက ဆိုသည်။

ထို့ကြောင့် ဒေါ်စောမြရာဇာလင်း၏ ပါတီသစ်ထောင်ခြင်းအပေါ် တရားဝင်မှု မရှိသလို ပါတီ နာမည်၊ တံဆိပ်များကို လည်း ကိုယ်ကျိုးအတွက် အသုံးချခွင့် မရှိကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုသည်။

သို့သော် ALP ပါတီသစ်ထူထောင်သူ ဒေါ်စောမြရာဇာလင်းကမူ “လုပ်ကတည်းက တရားဝင်တယ် ဆိုတာ ခံယူပြီးမှ လုပ်လိုက်တာ ဖြစ်တယ်။ တပ်အများအားဖြင့် ကိုယ့်ဘက်မှာ ရှိတယ်။ ခေါင်းဆောင်အများကြီး ကိုယ့်ဘက်မှာ ရှိတယ်။ အခု ဖွဲ့စည်းလိုက်တဲ့အထဲမှာလည်း ပုဂ္ဂိုလ်အများစု ပါဝင်ပါတယ်။ ကျမကို တရားရေးဌာနက တာဝန်ရပ်စဲတယ်လို့ ပြောတယ်။ ဘယ်မှာလဲ တရားရေးဌာန၊ ဘယ်မှာလဲ တရားရုံး၊ ပါတီအကြောင်းကို မီဒီယာမှာ မပြောချင်လို့ မပြောဘဲ နေခဲ့တာ” ဟု ဧရာဝတီသို့ ပြောသည်။

ALP/ ALA ၏ ဒုစစ်ဦးစီးချုပ် ခိုင်မင်းစိုးသည် အလယ်ပိုင်းတိုင်း စစ်ဒေသ (ပြည်တွင်း) တွင် တာဝန်ပေးအပ်ခြင်း ခံထားရသူ ဖြစ်သည့်အတွက် ပြည်တွင်းရှိနေသည့် ခေါင်းဆောင်၏ အမိန့် တစုံတရာ မရဘဲ ခရီးထွက်ခွင့်မရှိကြောင်း နှင့် ဒုစစ်ဦးစီးချုပ်၏ လုပ်ရပ်တချို့မှာလည်း ပါတီပြိုကွဲစေသည့် လုပ်ရပ်မျိုးကို လုပ်ကိုင်ခဲ့မှုကြောင့် စစ်ခုံရုံးဖြင့် စုံစမ်း စစ်ဆေးတခု ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ဒေါ်စောမြရာဇာလင်းက ဆက်လက်ပြောကြားသည်။

ယင်းပြင် ALP ပါတီသည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့စဉ်က ဥက္ကဋ္ဌတက်ရောက် လက်မှတ်ထိုးထားခြင်းမျိုး မဟုတ်ဘဲ ၎င်းကိုယ်တိုင် NCA လက်မှတ်သဘောတူညီချက် လက်မှတ်ရေးထိုးထားသူ ဖြစ်သည့်အတွက် ပါတီ၊ နာမည်နှင့် တံဆိပ်ကို ပြန်လည်အသုံးပြုခြင်း ဖြစ်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောသည်။

ALP ကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်တွင် ခိုင်ပြည်သိမ်း ဦးဆောင်မှုဖြင့် စတင် ဖွဲ့စည်းခဲ့ပြီးနောက် စစ်အစိုးရထံ ပါတီ ခေါင်းဆောင်များ အဖမ်းခံပြီးနောက်ပိုင်း ၁၉၇၄ ခုနှစ်တွင် ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်မှုဖြင့် ဒုတိယအကြိမ် ပြန်လည် ဖွဲ့စည်းခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဥက္ကဋ္ဌ ခိုင်မိုးလင်း ဦးဆောင်သော မိုးလင်းရာဇာစစ်ကြောင်းသည် ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ချီတက်လာစဉ် ချင်းတောင်တန်း၌ စစ်တပ်၏ ပိတ်ဆို့တိုက်ခိုက်ခြင်း ခံရကာ ပါတီခေါင်းဆောင် ခိုင်မိုးလင်း ကျဆုံးသွား ပြီးနောက် ၁၉၈၁ ခုနှစ်တွင် ခိုင်ရဲခိုင် ဦးဆောင်မှုဖြင့် တတိယအကြိမ် ပြန်လည်ဖွဲ့ခဲ့သည့် ဝါရင့် ရခိုင်တော်လှန်ရေး အဖွဲ့ အစည်းတခုလည်း ဖြစ်သည်။

တော်လှန်ရေးကာလ ကြာရှည်လာသည့်အမျှ ALP ပါတီသည် ခေါင်းဆောင်ပိုင်းအကွဲအပြဲဖြစ်ကာ ပါတီတွင်း စည်းလုံးမှု ပျက်ပြားခြင်း၊ လူသူလက်နက်အင်အား ချည့်နဲ့ဲလာခြင်း၊ အထက်အောက် ခေါင်းဆောင်ပိုင်းကြားတွင်လည်း အမိန့်နာခံမှု အားနည်းလာမှုနှင့်အတူ အုပ်စုကွဲမှုများမှာလည်း အရှိန်မြင့်လာသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း ALP သည် ထောက်ခံမှုများ ကျဆင်းနေသည့်အချိန် ဦးခိုင်ရဲခိုင်၊ ဒေါ်စောမြ ရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့နှင့် ဦးခိုင်စိုးအောင် ဦးဆောင်သော အဖွဲ့တို့ သဘောထားကွဲလွဲမှု ဖြစ်ကာ ပါတီ နှစ်ခြမ်း ကွဲသွားခဲ့သည်။

ယခုတဖန်လည်း ဦးခိုင်ရဲခိုင်ဦးဆောင်သော အဖွဲ့နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့တို့ ထပ်မံ အစိတ်စိတ် အမွှာမွှာကွဲကာ ပါတီတွင်း အကွဲအပြဲဇာတ်လမ်းမှာ အတောမသတ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။

ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက “ခေါင်းဆောင်တွ အကွဲအပြဲဖြစ်တာက အဓိက တော်လှန်ရေး စိတ်ဓာတ်ပျောက် နေတယ်။ လက်နက်လက်ကိုင် တော်လှန်ရေးနဲ့ ရန်သူကို နင်လားငါးလား တိုက်မယ်ဆိုတဲ့ လမ်းကြောင်းက ပျောက်ဆုံးသွားပြီးတော့ အခွင့်အရေးဆိုတဲ့ လမ်းကြောင်းကို ရောက်သွားတယ်။ အဲဒါကြောင့် စစ်ကောင်စီဆီက အခွင့်အရေး ကို မျှော်လင့်ရင်း တစတစ ချုပ်ငြိမ်းသွားမယ့် သဘောရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ALP အနေဖြင့် နယ်မြေစိုးမိုးမှုမရှိခြင်း၊ လူသူလက်နက်အင်အားမရှိခြင်းတို့ကြောင့် နိုင်ငံရေးပါတီ သို့မဟုတ် နယ်ခြားစောင့်တပ် သို့မဟုတ်၊ ပြည်သူ့စစ် စသည့်ဖြင့် တခုခု အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းရတော့မည့် အခြေအနေရှိပြီး၊ ထိုမှလွဲပြီး အခြား နိုင်ငံရေးထွက်ပေါက် မရှိတော့သည့် အနေအထားမျိုးသာ မြင်တွေ့ရကြောင်း ဦးဖေသန်းက ဆိုသည်။

လတ်တလောခြေအနေတွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသည် လူထုထောက်ခံမှု တစုံတခုအထိ ကျဆင်း နေသလို ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များနှင့်လည်း မကြာခဏ ပွတ်တိုက်မှုများ ရှိနေသည်။

ပြီးခဲ့သော နှစ်များက ALP ပါတီမှ တပ်ဖွဲ့ဝင်တချို့မှာ AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရကာ တချို့မှာလည်း ပြန်လည် လွတ်မြောက်လာခဲ့သလို တချို့လည်း လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။

ယင်းပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြအပါအဝင် တပ်မှူး ၃ ဦးမှာလည်း ပြီးခဲ့သော ဇန်နဝါရီလ ၄ ရက်တွင် စစ်တွေ ြမို့ ၊ ဝေသာလီကွင်း၌ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားမှ ကားဖြင့်ပြန်လာစဉ် သေနတ်ဖြင့် အချက်ပေါင်း ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့ရသည်။

ALP ပါတီ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတခု ဖြစ်သည့်အတွက် လက်ရှိဖြစ်ပေါ်နေသော အကွဲအပြဲမှာ လူထုအတွက်လည်း အလွန်အန္တရာယ်များကြောင်း ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်က သုံးသပ်ပြောဆိုသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတခုဆိုတာက အမိန့်နာခံမှု ပျက်သွားရင် အလွန်အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်း တခုဖြစ် သွားတယ်။ အခု ALP သည်လည်း အဲဒီအခြေအနေ ဖြစ်နေတယ်။ အမိန့်နာခံမှု ပျက်သွားပြီးတော့ သူတလူ၊ ငါတမင်း ဖြစ်နေတယ်။ ဒါက လူထုအတွက် အလွန် အန္တရာယ်ကြီးတဲ့ အဖွဲ့အစည်းတခု ဖြစ်လာတယ်လို့ မြင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

You may also like these stories:

စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး အသတ်ခံရမှု AA လက်ချက်ဟု ALP ထုတ်ပြန်

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ရခိုင်လူထု စိတ်မဝင်စား

BGF အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ALP ငြင်း

Your Thoughts …
Tags: ALP ပါတီဒေါ်စောမြရာဇာလင်းရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

Next Post
၂၀၂၃ ဇန်နဝါရီလအတွင်း United Thai Nation Party စုဝေးပွဲတွင် တွေ့ရသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်

ထိုင်းရွေးကောက်ပွဲက မြန်မာ့ဒီမိုကရေစီတိုက်ပွဲအပေါ် ရိုက်ခတ်နိုင်

မြန်မာနိုင်ငံ မြိတ်ခရိုင်ဘက်ခြမ်းရှိ မောတောင်ဂိတ်နှင့် ဆက်စပ်နေသည့် ထိုင်းဘက်ခြမ်းရှိ စင်ခွန်ဂိတ်( Bangkok Post)

ရေထွက်ကုန် အနံ့ဆိုးကြောင့် မောတောင်ဂိတ်မှ ကုန်တင်ပို့မှု ထိုင်းကန့်သတ်လာနိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved