• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

by ဧရာဝတီ
29 November 2023
in ဆောင်းပါး
A A
ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

KK Park မြို့သစ်အမည်ခံ စီမံကိန်း၏ နောက်ကွယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေသည်

7.1k
VIEWS
Share on FacebookShare on Twitter

(ယခုဆောင်းပါးကို ဧရာဝတီ၏ Investigative Desk စုံစမ်းစစ်ဆေးရေးဌာန က ရေးသားထုတ်ဝေသည်။)

KNU ကွန်ဂရက်ကို ရိုက်ခတ်ခဲ့သည့် KK Park

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို ၂၀၂၃ ခုနှစ် ဧပြီလထဲတွင် ကျင်းပခဲ့သည်။ ထိုကွန်ဂရက်တွင် ရာဇဝတ်မှုများ မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ဆက်နွယ်မှုရှိသည့် ခေါင်းဆောင်များကို အရေးယူပေးရန် တပ်မဟာ တချို့က တောင်းဆိုခဲ့ကြသည်။

KNU တပ်မဟာ (၅) ၏ ဧပြီ ၂၇ ရက်စွဲပါ ထုတ်ပြန်စာတွင် အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ နှင့် မလွတ်ကင်းသော တရားမဝင်စီးပွားရေးလုပ်ငန်း၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကုန်ကူး စသည့်လုပ်ငန်းများ၌ ပါဝင်ပတ် သက်သည်ဟု ယူဆပြီး စစ်ဆေးအရေးယူပေးရန် တောင်းဆိုထားသည့် အထဲတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏သား စောဒို့စိုး၊ KNU ကာကွယ်ရေးဝန်ကြီး ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ တပ်မဟာ-၄ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောတင်စိုး (ခ) ပဒို စောအယ်နာဒိုနှင့် ဗိုလ်မှူးကြီး စောဘချောတို့ ပါဝင်သည်။

ကရင် အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့ကလည်း ကရင်ပြည်နယ် အတွင်းရှိ တရားမဝင် လောင်းကစားမြို့သစ် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် KNU ခေါင်းဆောင်များကို ကနဦး အရေးယူပြီးမှ ကွန်ဂရက်ဆောင်ရွက်ရန် ၎င်းတို့ စိုးရိမ်ချက်များကို အိတ်ဖွင့်စာ ပေးပို့ခဲ့ကြသည်။

ကရင် အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့ကလည်း ကရင်ပြည်နယ် အတွင်းရှိ တရားမဝင် လောင်းကစားမြို့သစ် စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် KNU ခေါင်းဆောင်များကို ကနဦး အရေးယူပြီးမှ ကွန်ဂရက်ဆောင်ရွက်ရန် ၎င်းတို့ စိုးရိမ်ချက်များကို အိတ်ဖွင့်စာ ပေးပို့ခဲ့ကြသည်။

KNU နှင့် Huanya တရုတ်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ကြောင်း လက်မှတ်ရေးထိုးပွဲနှင့် အုတ်မြစ်ချပွဲ အခမ်းအနား

သို့သော်လည်း KNU တပ်မဟာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထိုတောင်းဆိုချက်များအား ချက်ချင်း အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိဘဲ ထိုဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်နေသည် ဆိုသည့် ခေါင်းဆောင်များကို KNU ဗဟိုက စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးမည်ဟု ဧပြီ ၂၇ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

KNU တွင် တပ်မဟာ ၇ ခုရှိသည့်အနက်မှ တပ်မဟာ ၅ နှင့် တပ်မဟာ ၂ တို့မှ ခေါင်းဆောင်များက ရွေးကောက်ပွဲ ကွန်ဂရက်မှ နုတ်ထွက်ခဲ့ကြပြီး ခေါင်းဆောင်နေရာ ရွေးချယ်မခံခဲ့ကြပေ။ ထိုအကြောင်းပြချက်မှာလည်း KK Park အပါအဝင် တရားမဝင် ဒုစရိုက်လုပ်ငန်းနှင့် ပတ်သက်နေသည့် ခေါင်းဆောင်များကို ရွေးကောက်ပွဲမတိုင်မီ အရေးယူမပေး၍ဖြစ်သည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ(ယာ)နှင့် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး (ဝဲ)

မေလထဲတွင် KNU ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအထဲတွင် KK Park စီမံကိန်းအတွက် ကနဦးစာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သော ပဒိုစောကွယ်ထူးဝင်းမှာ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ရာဇဝတ်မှုများနှင့် ပတ်သက်သော ခေါင်းဆောင်များကို စစ်ဆေးအရေးယူပေးမည်ဆိုသည် ထူးခြားမှု မရှိခဲ့ပါ။

ထိုကိစ္စနှင့် ပတ်သက်၍ ကွန်ဂရက်အပြီး ရက်တရာ သတင်းစာရှင်းလင်းပွဲတွင်လည်း KNU ဥက္ကဋ္ဌ ဖြစ်လာသူ ပဒိုစောကွယ်ထူးဝင်းက “အဖွဲ့အစည်းကနေပြီးတော့ စတင်ဆောင်ရွက်မှုတော့ လုပ်နေပါပြီ။ နောက်ဆုံးကောက်ချက်ချနိုင်တဲ့ အဆင့်အထိ မရရှိသေးဘူး” ဟု ပြောသည်။

KK Park မြို့သစ်စီမံကိန်းသည် KNU တပ်မဟာ ၆ ၏ ဒူးပလာယာခရိုင် အတွင်း တည်ရှိပြီး ထိုခရိုင်၏ ဥက္ကဋ္ဌမှာ ပဒိုရွှေမောင်း ဖြစ်ပြီး တပ်မဟာမှူးမှာ စောဆာမိစေးဖိုးဖြစ်သည်။

KK Park မြို့သစ်စီမံကိန်းသည် KNU တပ်မဟာ ၆ ၏ ဒူးပလာယာခရိုင် အတွင်း တည်ရှိပြီး ထိုခရိုင်၏ ဥက္ကဋ္ဌမှာ ပဒိုရွှေမောင်း ဖြစ်ပြီး တပ်မဟာမှူးမှာ စောဆာမိစေးဖိုးဖြစ်သည်။ ပဒိုရွှေမောင်းသည် KNU ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခြေချခွင့်မပြုရန် စာထုတ်ခဲ့သူဖြစ်သလို စစ်ကောင်စီက ကျင်းပသည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို KNU ၏ သဘောထားမပါဘဲ သီးခြားတက်ရောက်ခဲ့သူဖြစ်သည်။

KK Park စီမံကိန်းအတွက် ကနဦးစာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သော KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

တပ်မဟာမှူး စောဆာမိစေးဖိုး သည် အနားယူသွားပြီ ဖြစ်သော KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ညီဖြစ်သည်။ စက်တင်ဘာလဆန်းပိုင်းက ပြုလုပ်ခဲ့သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ထိပ်ပိုင်းတပ်မှူးအချို့ တွေ့ဆုံပွဲ၌ တခြားတပ်မဟာ ၂ ခု၏ တပ်မဟာမှူးများ အပြောင်းအလဲ လုပ်ခဲ့သလို တပ်မဟာမှူး စောဆာမိစေးဖိုး ကိုလည်း ဗိုလ်မှူးကြီး စောကို့ထူးနှင့် အပြောင်းအလဲ လုပ်ခဲ့သည်။

၎င်းအနားပေးမှုနှင့်ပတ်သက်ပြီး အသက်အရွယ်နှင့် ကျန်းမာရေး အကြောင်းပြချက်ပေးသော်လည်း KK Park စီမံကိန်းနှင့် ပတ်သက်ငြိစွန်းမှု ပါ မပါကို ရှင်းရှင်းလင်းလင်း မသိရပေ။

ဝ နှင့် မိုင်းလားကို အားကျ

လက်ရှိ KNU ထိပ်ပိုင်းခေါင်းဆောင် အချို့က လောင်းကစားလုပ်ငန်းများ ဖွင့်ခွင့်ပြုထားသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့၏ ဒေသဖွံ့ဖြိုးမှုကို အားကျကြောင်း မကြာခဏ ပြောဆိုဖူးသည်။

KNU တပ်မဟာ ၆ ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း

တရုတ်-မြန်မာ နယ်စပ်ရှိ ဝ၊ မိုင်းလားနှင့် ကိုးကန့် နယ်မြေအတွင်း၌ လောင်းကစားရုံများကို အကြီးအကျယ် ဖွင့်လှစ်ခွင့်ပေးထားပြီး ဝင်ငွေရှာကြသည်။ အလားတူ လာအို-ထိုင်း-မြန်မာ သုံးပွင့်ဆိုင်နယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသတွင်လည်း ရှိသည်။

ထိုဒေသများတွင်ရှိသော လောင်းကစားရုံများ၏ နောက်ကွယ်တွင်လည်း KK Park စီမံကိန်းကဲ့သို့ပင် တရုတ် ရာဇဝတ်ဂိုဏ်းများ ရှိနေပြီး အလားတူပြဿနာများ ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံက မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ဂိုဏ်းများကို နှိမ်နင်းရေး အကြီးအကျယ်ဖိအားပေးနေသည်။ ဝနှင့် ကိုးကန့်ရှိ ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခဲ့သလို ဆက်စပ်ပတ်သက်သူများကိုလည်း ဖမ်းဆီးလွှဲပြောင်း လက်ခံလာနေခဲ့သည်။

ကရင်ပြည်နယ်၊ မြဝတီဒေသသို့ အခြေစိုက်လာကြသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ကမ္ဘောဒီးယားနိုင်ငံ၊ သီဟာနူးဗီးလ်တွင် ကျူးလွန်ဖြစ်ပျက်ခဲ့သည့် ရာဇဝတ်မှုများ၊ လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု အကြောင်းများအား KNU ခေါင်းဆောင်များ ကြိုတင်လေ့လာခွင့် ရခဲ့သည်။

ထိုပြဿနာများကို KNU ခေါင်းဆောင်များ မသိ၍မဟုတ်ပါ။ ကရင်ပြည်နယ်၊ မြဝတီဒေသသို့ အခြေစိုက်လာကြသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ ကမ္ဘောဒီးယားနိုင်ငံ၊ သီဟာနူးဗီးလ်တွင် ကျူးလွန်ဖြစ်ပျက်ခဲ့သည့် ရာဇဝတ်မှုများ၊ လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု အကြောင်းများအား KNU ခေါင်းဆောင်များ ကြိုတင်လေ့လာခွင့် ရခဲ့သည်။

KNU စစ်ဖက်အရပ်ဖက်ထိပ်တန်းခေါင်းဆောင် အများစုပါဝင်သည့် လေ့လာရေးအဖွဲ့တခုသည် ၂၀၁၉ ခုနှစ်ကတည်းက တရုတ်ရာဇဝတ်ဂိုဏ်းများ ကျင်လည်ခဲ့သော သီဟာနူးဗီးလ်မြို့သို့ သုံးရက်ကြာ လေ့လာရေးသွားရောက်ခဲ့ကြပြီး တရုတ်ရင်းနှီးမြုပ်နှံမှုများကြောင့် ကြုံတွေ့နေရသော ကောင်းကျိုးဆိုးကျိုးတို့အား နားထောင်သုံးသပ်ခဲ့ကြသည်။

ဧရာဝတီက ယခုဆောင်းပါးအတွက် ထိုင်း-မြန်မာနယ်စပ်သို့ ကွင်းဆင်းသုတေသနလုပ်ခဲ့စဉ် သီဟာနူးဗီးလ်မြို့သို့ KNU အဖွဲ့နှင့် အတူ လေ့လာရေးသွားရောက်ခဲ့သူတဦး နှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပါသည်။ သူက ယခုလို ကောက်ချက်ချသည်။

“ရွှေကုက္ကိုလ်ပဲဖြစ်ဖြစ်၊ မယ်ထော်သလေးဘက်က (KK Park) ဖြစ်ဖြစ် လုပ်နေတဲ့ ဟာတွေက ကျနော်တို့အတွက်တော့ ပန်းတိုင်ကောင်း၊ အနာဂတ်ကောင်းတော့မဟုတ်ဘူး၊ လောင်းကစားနဲ့တော့ လူမဖြစ်နိုင်ဘူး၊ ဆုံးရှုံး နစ်နာတာပဲများတယ်၊ အဲဒီလို နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်တဲ့သူကို မြို့တည်ထောင်ဖို့ပဲဖြစ်ဖြစ်၊ အဖွဲ့တဖွဲ့၊ တဦးတယောက်ရဲ့ အကျိုးပဲ ဖြစ်ဖြစ် လုပ်တယ်ဆိုရင်တော့ မကောင်းဘူးလေ၊ နိုင်ငံတခုမှာ ရာဇဝတ်မှုကျူးလွန်လို့ အစိုးရတွေက ဖယ်ကျဉ်လိုက်တဲ့ဟာမျိုးကို ကျနော်တို့က လက်ခံလိုက်တယ်ဆိုရင်တော့ ကျနော်တို့လောက် မိုက်မဲရာကျတဲ့လူ မရှိတော့ဘူး”

ပြီးပါပြီ။

(ယခုဆောင်းပါးတွင် သတင်းရင်းမြစ်များကို လက်တုန့်ပြန် အန္တရာယ်ပြုခြင်းများမှ ကင်းလွတ်နိုင်ရန်အတွက် အမည်လွှဲများကို အသုံးပြုထားသည်။)

You may also like these stories:

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
112
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
161
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
505

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

Your Thoughts …
Tags: KK ParkKNU ခေါင်းဆောင်များကရင်ပြည်နယ်ထိုင်း- မြန်မာနယ်စပ်နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုပါဝင်ပတ်သက်မြဝတီမြို့နယ်ရာဇဝတ်ကွန်ရက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.3k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

Next Post
နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.7k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved