• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တိုက်ပွဲကြားက တောင်ပြုန်းပွဲ

by ဧရာဝတီ
8 August 2025
in ဆောင်းပါး
A A
တိုက်ပွဲကြားက တောင်ပြုန်းပွဲ

မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တောင်ပြုန်းဘုရားပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါး နတ်ပွဲကို ကျင်းပလျက်ရှိသည် (ဧရာဝတီ)

1.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားနေသော် လည်း အထင်ကရပွဲတော်တခုဖြစ်သည့် တောင်ပြုန်းဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်နှင့် တောင်ပြုန်းမင်းနှစ်ပါး နတ်ပွဲကို ကျင်းပလျက်ရှိသည်။

လက်ရှိ ပွဲတော်ကျင်းပနေသည့် တောင်ပြုန်းရွာနှင့် မန္တလေးမြို့ကြား မန္တလေး-မတ္တရာလမ်းပိုင်းကို စစ်တပ်က စိုးမိုး ထားနိုင်ဆဲဖြစ်၍ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တောင်ပြုန်းရွာလမ်းခွဲအကျော် မန္တလေး-မတ္တရာလမ်းပိုင်းပေါ်ရှိ ကျောက်တံတား၊ မြကန်သာကျေးရွာများဘက်၌ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

“အရင်တုန်းကလို တိုးမပေါက်လောက်အောင်ထိ စည်တာမျိုးမဟုတ်ပေမယ့် မနှစ်ကထက်တော့ ပိုစည်တယ်။ နတ်ဆရာ၊ နတ်ကတော်တွေလည်း လာတာပိုများတယ်။ အောက်ပိုင်းကလူတွေလည်း တော်တော်များများ လာကြတယ်။ ပွဲတော် ထဲမှာ တော့ လုံခြုံရေးတွေအပြည့်ပဲ။ လေယာဉ်ဝဲနေသံ၊ ပစ်ခတ်သံတွေလည်း ကြားနေရပေမယ့် ဒီမှာတော့ ငြိမ်ပါတယ်။ မန္တလေးနဲ့ တောင်ပြုန်းက သွားလာရေး အဆင်ပြေပါတယ်” ဟု ပွဲတော်အတွင်း ဈေးရောင်းချနေသူတဦးက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
93
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် အစည်ကားဆုံးပွဲတော်တခုဖြစ်ပြီး စတင်ကျင်းပစဉ်က တောင်ပြုန်း ရွာအတွင်းရှိ ဆုတောင်းပြည့်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တခု ဖြစ်ခဲ့သော်လည်း ယခုအခါ ဘုရားပွဲထက် တောင်ပြုန်းမင်းနှစ်ပါးပွဲတော် (ရိုးရာနတ်ပွဲ)အဖြစ် လူသိပိုများကာ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်ထိ ကျင်းပ လေ့ရှိသည်။

ရိုးရာနတ်ပွဲကို ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲများနှင့်အတူ နှစ်စဉ် ဝါခေါင်လဆန်း ၁ဝ ရက်တွင် ညီလာခံ သဘင်ကျင်းပခြင်း၊ လဆန်း ၁၁ ရက်၌ မင်းနှစ်ပါးချိုးရေတော်သုံးပွဲကျင်းပခြင်း၊ လဆန်း ၁၄ ရက်တွင် ယုန်ထိုးပွဲတော် ကျင်းပခြင်း၊ ဝါခေါင်လပြည့်၌ ထိန်ပင်ခုတ်ပွဲတော်နှင့် တောင်ပြုန်းရွာ ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်အဖြစ် သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် ဆွမ်းတော်ကြီးလောင်းလှူပွဲများ ပြုလုပ် ကြောင်း သိရသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလနှင့် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲများကြောင့် တောင်ပြုန်းပွဲတော်ကျင်းပမှု ရပ်နားခဲ့သော်လည်း နှစ်စဉ်ပြုလုပ်သော ရိုးရာအစဉ်အလာများကို အကျဉ်းချုံးပြုလုပ်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင်မူ စစ်ကောင်စီ ဖိအားပေးမှုဖြင့် ပွဲတော်ကို ပြန်လည်ကျင်းပခဲ့သည်။

ယခုနှစ် တောင်ပြုန်းပွဲကျင်းပနေသည့် ပုံရိပ်များ/ CJ

“ကျနော်တို့ကတော့ နှစ်စဉ် မဖြစ်မနေဆိုတော့ လာကြရတာပေါ့။ အရင်နှစ်တွေကလည်း ရိုးရာရှိတဲ့နတ်ဆရာတွေ၊ နတ်ထိန်း နတ်နေတွေ မဖြစ်မနေလာကြပါတယ်။ ဒီနှစ်ကတော့ နတ်ခန်းလေးတွေလည်း ပြန်ပေးတော့ အဆင်ပြေတယ်။ ရွှေနန်းတော် ကြီးပေါ်မှာ နန်းကြီးဆိုင်းနဲ့ တက်ပွဲတွေအပြင် အခြားနန်းတွေလည်း တက်ပွဲတွေရှိကြတယ်။ လုံခြုံရေးတွေလည်းရှိတော့ အရမ်းကြီးမစိုးရိမ်ပါဘူး” ဟု နန်းကြီးရွှေတိုက်စာရင်းဝင် နတ်ကတော်တဦးက ပြောသည်။

ယခုနှစ် တောင်ပြုန်းပွဲတော်ကျင်းပနိုင်ရေးအတွက် လုံခြုံရေးပိုင်းကို ခရိုင်အဆင့်မှ တိုက်ရိုက်တာဝန်ယူထားပြီး လွန် တောင်း၊ ဝါးရင်းတုတ် စသည့် သမိုင်းဝင်ကျေးရွာများအပါ အနီးဝန်းကျင်ရှိ ကျေးရွာ ၈ ရွာမှ ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းက အတွင်းစည်းလုံခြုံရေးအဖြစ် ယူထားသလို စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးများမှလည်း လက်နက်အပြည့် အစုံဖြင့် လုံခြုံရေးရယူကာ ဩဂုတ် ၁ ရက်မှ ၈ ရက်ထိ ပွဲတော်ကျင်းပနေခြင်း ဖြစ်သည်။

တောင်ပြုန်းပွဲတော် သွားရောက်ခဲ့သည့် မန္တလေးမြို့ခံ အမျိုးသမီးတဦးက “ချိုးရေတော်သုံးတဲ့နေ့ကတော့ တော်တော်ကြီး စည်တယ်။ တောင်ပြုန်းအဝင်မှာတော့ ယူနီဖောင်းဝတ်တွေက စစ်ဆေးတာမျိုးတွေရှိတယ်။ Express ကားတွေနဲ့လည်း တော်တော်များများလာကြတယ်။ တောင်ပြုန်းလမ်းခွဲကနေ ပွဲထဲအထိကတော့ လက်နက်ကိုင်ထားတဲ့ စစ်သားတွေရော၊ ပျူတွေရော အပြည့်ပဲ။ မဖြစ်မနေမို့သာသွားရတာ သူတို့တွေကိုတွေ့တော့ စိတ်လုံခြုံမှု မရှိတာအမှန်ပဲ” ဟု ပြောသည်။

ပွဲတော်ကျင်းပရေးကော်မတီက ဈေးရောင်းကြသူများ ဆိုင်ခန်းဖွင့်ရောင်းကြရန် ဖိတ်ခေါ်ရာ၌ နယ်မြေဒေသအခြေအနေ အေးချမ်းတည်ငြိမ်လျက်ရှိသည်ဟု ထည့်သွင်းဖော်ပြကာ ဆိုင်ခန်းများအတွက် တပေလျှင် ကျပ် ၃ သောင်းနှုန်း သတ်မှတ် ရောင်းချပေးခဲ့ရာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ ရိုးရာအစဉ်အလာအရ တက်ပွဲများကိုပါ ပြန်လည်ခွင့်ပြုပေးထားရာ ဧည့်စာရင်းဖြင့် ညအိပ်ခြင်းကိုလည်း ခွင့်ပြုပေးထားကြောင်း သိရသည်။

“ရိုးရာအစဉ်အလာအတိုင်း အခမ်းအနားတွေ လုပ်နေတယ်။ ဒီနှစ်မှာ တက်ပွဲပေးတာတွေလည်း တော်တော်များတာ ကြောင့် ညအိပ်နေထိုင်ခွင့်လည်း ပြုပေးထားတယ်။ ဧည့်စာရင်းတော့ တိုင်ရတယ်။ တက်ပွဲတွေက မနက် ၈ နာရီကနေ စတယ်၊ ည ၂ နာရီကျော်လောက်ထိ ရှိတယ်။ ပွဲတော်လာကြသူတွေအတွက် ကျနော်တို့ကော်မတီကနေ အားလုံးအဆင်ပြေအောင် လုပ် ဆောင်ပေးနေပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခုနှစ် တောင်ပြုန်းပွဲကျင်းပနေသည့် ပုံရိပ်များ/ CJ

ဈေးဆိုင်ခန်းများနှင့်ပတ်သက်၍ ယခင်က လေလံစနစ်ဖြင့် ချထားပေးခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြန်လည်ကျင်းပချိန်မှစ၍ လေလံမပစ်တော့ဘဲ ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ယူဆောင်ရွက်ကြောင်း၊ ယခင်က ရေနှင့်သန့်စင်ခန်း၊ လျှပ်စစ်၊ ဇာတ်ရုံ (၁၊၂)၊ ရုပ်ရှင် (သို့မဟုတ်) ဆပ်ကပ်၊ မျက်လှည့် တည်ဆောက်မည့် မြေနေရာများအပြင် ဈေးဆိုင်ခန်းပေါင်း ၉၀၀ ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ပြုန်းကျေးရွာအတွင်း တောင်ပြုန်းမင်းနှစ်ပါး နန်းကြီးအပြင် နတ်နန်းပေါင်း ၁၀၀ ကျော်ရှိပြီး ယခုနှစ်၌ နတ်နန်းပေါင်း ထက်ဝက်ကျော်အထိ တက်ပွဲပေးခြင်း၊ နတ်ချော့ခြင်းများရှိကြောင်း၊ တောင်ပြုန်းမင်းနှစ်ပါး နန်းကြီးတက်ပွဲ ယူကြရမည့် နန်းကြီးရွှေတိုက်စာရင်းဝင် နတ်ဆရာ၊ နတ်ကတော်များအနေဖြင့်လည်း နတ်ပွဲကြေး ကျပ် ၆ သိန်း၊ ဆွမ်းဆန် စိမ်းနှင့် ဝါဆိုသင်္ကန်းလှူဒါန်းရန် ကျပ်တသိန်းပေးသွင်းကြရပြီး ယခင်နှစ်က နှစ်ခုစလုံးအတွက် ကျပ် ၄ သိန်းသာ ပေးသွင်းရ ကြောင်း သိရသည်။

“တက်ပွဲတွေအတွက် နတ်ချော့ဖို့က အနည်းဆုံး နာရီဝက်နဲ့ ၄၅ မိနစ်ကြား အချိန်ပေးတယ်။ တရက်ကို နတ်ဆရာ ၁၀၀ လောက်ထိ စာရင်းပေးထားတာဆိုတော့ အဲဒီစာရင်း မပြတ်မချင်း လုပ်ရတာပေါ့။ ပွဲတော်အစအဆုံးဆိုရင်တော့ နတ်ဆရာ ပေါင်း ၇၀၀၊ ၈၀၀ လောက်ထိရှိတယ်။ တချို့လည်း သူ့ရက်နဲ့သူ တက်ပွဲပေးကြတာဆိုတော့ အားလုံးအဆင်ပြေအောင် ညှိနှိုင်းပြီး လုပ်ကြရတာပေါ့” ဟု နန်းကြီးရွှေတိုက်စာရင်းဝင် နတ်ဆရာတဦးက ပြောသည်။

ထို့သို့ တောင်ပြုန်းပွဲတော်ကို စည်စည်ကားကား ကျင်းပနေစဉ် ၅ မိုင်ခန့်သာ ကွာဝေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF နှင့် ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားသည့် ပုသိမ်ကြီးမြို့နယ် မြကန်သာ၊ သရက်ကိုင်းကျေးရွာနှင့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ထန်းပင်ကုန်းကျေးရွာများ ပြန်လည်ရရှိရေးအတွက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေမှုကြောင့် ဒေသခံများ သေဆုံးထိခိုက်မှုရှိနေသည်။

“မြကန်သာဗျူဟာစခန်းအပါ ရွာသုံးရွာသိမ်းခံရပြီးကတည်းက တောက်လျှောက် လေကြောင်းကနေဗုံးကြဲနေတာ။ တရုတ် ဖက်စပ် အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ကုန်ထုတ်ကွန်ကရစ်လမ်းကြီးကိုပါ ဗုံးကြဲတဲ့အပြင် မတ္တရာမြို့ဘောလုံးကွင်းနဲ့ ထီး တော်မိုးအထိုင်တွေကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာရှိတယ်။ အဲဒီနေရာတွေက ပွဲတော်ကျင်းပနေတဲ့ တောင်ပြုန်းရွာနဲ့ဆိုရင် အလွန်ဆုံးဝေးလှ ၅ မိုင်ပဲ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

မန္တလေးမြို့မြောက်ဘက်ခြမ်း ပုသိမ်ကြီးမြို့နယ် မြကန်သာ၊ သရက်ကိုင်းကျေးရွာနှင့် မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ထန်းပင် ကုန်းကျေးရွာများကို မန္တလေး PDF နှင့် ပူးပေါင်းအဖွဲ့များက ဇူလိုင် ၂၀ ရက်၌ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တန်ပြန်ထိုးစစ်ဆင်နေကြောင်း MDY-PDF က သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် တောင်ပြုန်းပွဲကျင်းပနေသည့် ပုံရိပ်များ/ CJ

ထို့အတူ မြကန်သာ၊ သရက်ကိုင်း၊ ထန်းပင်ကုန်းကျေးရွာနှင့် တဆက်တည်းရှိသော မတ္တရာမြို့တောင်ဘက်ခြမ်း မန္တလေးမြို့ နှင့် ၁၂ မိုင်ခန့်သာဝေးသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံကိုလည်း ဇူလိုင် ၂၅ ရက် မှစတင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ပုသိမ်ကြီးမြို့နယ်တွင်းမှ အယ်လ်ဖာဘိလပ်မြေစက်ရုံ အပါအဝင် နယ်မြေစပ်ဆက်နေသည့် မတ္တရာအရှေ့ခြမ်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်းနှင့်အတူ စစ်စခန်းပေါင်း ၄၀ ထိ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှ MDY-PDF နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့်နေရာများ ပြန်လည်ရရှိရေး အတွက် စစ်ကော်မရှင်က စစ်မှုထမ်းသင်တန်းဆင်းများ ပို့ဆောင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၆ လခန့် ရှိပြီဖြစ်သော်လည်း စခန်းတခုမှ ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအနေဖြင့် ဩဂုတ် ၆ ည ၁၂ နာရီခွဲခန့်၌ မတ္တရာနှင့် စဉ့်ကူးမြို့နယ်အစပ် မတ္တရာအရှေ့မြောက်ခြမ်းရှိ တရော်ပင်ကျေးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို စာသင်ကျောင်း ပျက်စီးသွားကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ မြကန်သာ၊ သရက်ကိုင်း၊ ထန်းပင်ကုန်းကျေးရွာနှင့် အယ်လ်ဖာဘိလပ်မြေ စက်ရုံများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိထား သလို သေဆုံးသူ ၅ ဦးထက်မနည်းရှိကြောင်း သိရသည်။

You may also like these stories:

မိုးကုတ်-နောင်ချိုလမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်

မတ္တရာအရှေ့ခြမ်း ပြန်ရရေး စစ်တပ် ကြိုးပမ်းနေ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

Your Thoughts …
Tags: MDY-PDFစစ်ကော်မရှင်တိုက်ပွဲတောင်ပြုန်းပွဲမတ္တရာမြို့နယ်အရှေ့ခြမ်းမန္တလေးတိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
လူအသေအပျောက်များနေတဲ့ သံတောင်ကြီး မြေပြိုမှု (ရုပ်/သံ)

လူအသေအပျောက်များနေတဲ့ သံတောင်ကြီး မြေပြိုမှု (ရုပ်/သံ)

ART ဆေးပေးဝေမှု စစ်ကော်မရှင် ထိန်းချုပ် (ရုပ်/သံ)

ART ဆေးပေးဝေမှု စစ်ကော်မရှင် ထိန်းချုပ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved