• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အနောက်ဈေးကွက် ပြန်ဖွင့်မည်ကို ပို့ကုန်လုပ်ငန်းရှင်များ ကြိုဆို

by ရန်ပိုင်
19 September 2012
in စီးပွားရေး
A A
အမေရိကန်-မြန်မာ ကုန်သွယ်မှု ပြန်ပွင့်သော်လည်း နစ်နာမှုများ ရှိဆဲ

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - Reuters)

3.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရန် ပြောဆိုလိုက်သည်နှင့် တပြိုင်  တည်းမှာပင် ဥရောပသမဂ္ဂ(EU)၏ မြန်မာ့ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့်များကို ပယ်ဖျက် လိုက်ရာ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ကြိုဆို လိုက်ကြသည်။

မြန်မာကုန်များ တင်ပို့ခွင့်ကို အမေရိကန်အစိုးရက ခွင့်ပြုရန် အလားအလာရှိနေချိန်တွင် EUကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေ သည့် အပြောင်းအလဲများကို အသိအမှတ်ပြုသည့်အနေဖြင့် စစ်လက်နက် ပစ္စည်းများမှ လွဲ၍ ကင်းလွတ်ခွင့်များပေးခြင်းဖြစ်သည် ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးတိုးတက်မှုနှင့် ချိတ်ဆက်ထားသော်လည်း EU ကမူ အပြည်ပြည်ဆိုင်ရာ အလုပ် သမား အခွင့်အရေးများနှင့် ချိတ်ဆက်ထားရာ ယခုအခါ ကလေးစစ်သားနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လျော့နည်းလာခြင်းကြောင့် EU က ကင်းလွတ်ခွင့်များ ပြန်လည် ပေးအပ်လာခြင်း ဖြစ်သည်။

ထိုသို့ အမေရိကန်နှင့် EUကင်းလွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဆိုခြင်းကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနှင့် ရေထွက် ပစ္စည်း တင်ပို့မှု လုပ်ငန်းများ အကျိုးရှိလာမည်ဖြစ်ကြောင်း ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက လက်ရှိတင်ပို့နေသော မြန်မာ့အထည်များကို ဥရောပနိုင်ငံ များက အခွန်ငွေ ၁၁ မှ ၁၇ ရာခိုင်နှုန်းအထိ ကောက်ခံကြောင်း၊ ထို့ကြောင့် အခွန်ကင်းလွတ်ခွင့်ရထားသည့် အိမ်နီးချင်းနိုင်ငံမှ အထည် ချုပ် လုပ်ငန်းများနှင့် မယှဉ်နိုင်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ရရှိပါက ဈေးကွက်တွင် ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ဒီလို အခွန်မပေးရဘူးဆိုတဲ့ အခွင့်အရေးမျိုးက ဘင်္ဂလားဒေ့ရှ် နဲ့ ကမ္ဘောဒီးယား တောင် ရနေတာ၊ ကျနော်တို့လည်း အခုပြန်ရတာ အရမ်းကောင်းတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ အခွန်ကင်းလွတ်ခွင့်ကြောင့် ဥရောပဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အထည်ချုပ်လုပ် ငန်းများနှင့် ယှဉ်ပြိုင်လာနိုင်မည့်အပြင် ပြည်တွင်း၌လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ဦးမြင့်စိုးက ပြောဆိုသည်။

EU ကင်းလွတ်ခွင့်များမှာ လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်မည်ဟု ဆိုသော်လည်း ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များကမူ အမြန်ဆုံး စတင်နိုင်ရန် မျှော်လင့်နေကြကြောင်းလည်း ဦးမြင့်စိုးက ဆက်ပြောသည်။

ဥရောပ အဝတ်အထည်ဈေးကွက်မှာ ကမ္ဘာတွင် အကြီးဆုံးဖြစ်ပြီး အများဆုံးတင်ပို့နေသည့် နိုင်ငံမှာ ကမ္ဘောဒီယား နှင့် ဗီယက်နမ် နိုင်ငံ တို့ ဖြစ်ကြောင်း သိရသည်။

ဈေးကွက်ပြိုင်ဆိုင်နိုင်ရန်မှာ အခွန်ကင်းလွတ်ခွင့်ရရှိခြင်းသာမက သယ်ယူပို့ဆောင်ရေး အပါအဝင် အခြေခံ အဆောက်အအုံများကောင်းရန် လိုကြောင်း၊ ထို့အပြင် အလုပ်သမားများ၏ ထုတ်လုပ်မှုအရည်အသွေး၊ ပိုမိုလျင်မြန်စွာလုပ်ကိုင်နိုင်မှု စွမ်းရည်၊ စက်ရုံပိုင်ရှင်များနှင့် ဝယ်ယူသူများ၏ ဆက်ဆံရေး ကောင်းမွန်မှုတို့ အပေါ်တွင်လည်း မူတည်ကြောင်း ဦးမြင့်စိုးက ထောက်ပြသည်။

ယခုအခါ အခွန်ကင်းလွတ်ခွင့်တားဆီးထားခြင်းကို ပယ်ဖျက်ခြင်းကြောင့် နာမည်ကြီး Adidas အထည်ချုပ်လုပ်ငန်းကြီးများက လာ ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့်အပြင် ပြည်တွင်း၌ ယခင်ကတည်းက ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားသား လုပ်ငန်းရှင် များ က လုပ်ငန်းများ ချဲ့ထွင်ရန် စတင်ကြိုးစားနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရှိနေစဉ်ကာလ ၂၀၁၁ ခုနှစ်အတွင်း ၌ EUသို့ မြန်မာ့ကုန်ပစ္စည်း တင်ပို့မှုမှာ ယူရို ၁၆၉ သန်း ရှိပြီး အများစုမှာ အဝတ်အထည်များဖြစ်သည်ဟု အစိုးရ ထုတ်ပြန်ချက်တွင် ပါရှိသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် လုပ်ငန်းရှင်များကလည်း EU ၏ အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှု ကင်းလွတ်ခွင့် များပေးခြင်းကို ကြိုဆိုကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ EU နိုင်ငံများမှ သတ်မှတ်ထားသည့် အဆင့်မီရေထွက်ပစ္စည်း ထွက်ရှိမှု နည်းပါးကြောင်း၊ ထို့အတွက် အအေးခန်းများ ပြုပြင်ခြင်းမှအစ မွေးမြူခြင်းအဆုံး နိုင်ငံတကာ အဆင့်မီရန် ကြိုးစားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရေလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“ဒီလိုပေးဖို့ကို ကျနော်တို့ တော်တော်ကို တောင်းဆိုထားတာပါ၊ ဒါပေမယ့် လက်ငင်းအကျိုးခံစားရမလားဆိုတော့ မခံစားရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့မှာ EU အဆင့်မီတဲ့ စက်ရုံတွေ၊ မွေးမြူရေးတွေ မရှိလို့ပါ၊ တော်တော် ကြိုးစားရပါဦးမယ်”ဟု လည်း ၎င်းက ဆိုသည်။

လက်ရှိတွင် EU နိုင်ငံများရှိ တခြားသော အာရှ နွယ်ဖွားများအတွက် မွေးမြူရေး ငါးမြစ်ချင်းများကိုသာ တင်ပို့နေခြင်း ဖြစ်ပြီး ငါး၊ ပုစွန် စသည့် ထွက်ကုန်များကို တင်ပို့မည်ဆိုလျှင် EU သတ်မှတ်ချက် အဆင့်မီရန်အတွက် ငွေကြေး၊ နည်းပညာ စသည်များ လိုအပ်ကြောင်း၊ ထိုအတွက် ကြိုးစားရဦးမည်ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆက်လက် ပြောဆိုသည်။

ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများ၏ အခြေအနေမှာ ၂၀၁၀ ခုနှစ်နှစ်ကုန်ခန့်ကတည်းက ကျဆင်းနေသည့် အမေရိကန်ဒေါ်လာ ဈေးကြောင့် နာလန်မထူနိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များက အရှုံးပေါ်သည့်အတွက် ငါး၊ ပုစွန် ကန်များ၊ အအေးခန်း များ အများစုကို ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

EU က မြန်မာကို ၁၉၉၇ ခုနှစ်မှ စ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများတွင် စစ် လက်နက် ပစ္စည်း ဝယ်ယူခွင့်၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုနှင့် EU နိုင်ငံများ အတွင်း ခရီးသွားလာ ရေး၊ မြန်မာ စစ်အာဏာပိုင်များနှင့် ၎င်းတို့နှင့် ဆက်နွယ်သူများ၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း စသည်တို့ ပါဝင်သည်။ ဗီဇာ ပိတ်ပင် မှုကို ဇန်နဝါရီ လကုန်ပိုင်းက ရုပ်သိမ်း ပေးထားသည်။

Your Thoughts …
Tags: EconomyEU
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

by ဧရာဝတီ
11 May 2025
1.8k

အိုင်ယာလန် နိုင်ငံ အချက်အလက် ကာကွယ် စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ TikTok ဟာ ဥရောပ တိုက်ရဲ့ အချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းခဲ့တယ်လို့ ကြားနာမှုမှာ ဝန်ခံခဲ့ကြောင်း…

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

by ဧရာဝတီ
29 June 2025
961

ဥရောပ သမဂ္ဂ (EU) ရဲ့ ဈေးကွက် မညီမျှမှု ထိန်းညှိရေး အဖွဲ့က App Store ရဲ့ပြင်ပမှာ ရောင်းဝယ်မှု တားဆီး ထားတာတွေကို ဖယ်ရှားဖို့ အမိန့် ချပြီးတဲ့နောက် ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
2 August 2025
586

BMW ဟာ အမေရိကန်မှာ စက်ရုံတွေ တည်ထားတာကြောင့် ပြိုင်ဖက်တွေထက် အသာရနိုင်မယ် လို့လည်း…

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

by ဧရာဝတီ
25 August 2023
569

အာဏာပိုင်များအပေါ် ထပ်လောင်းစောင့်ကြည့်ခြင်း ပါဝင်ပြီး ကုန်သွယ်မှု ဦးစားပေးမှုများကို ရုပ်သိမ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

Next Post
ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို

ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို

SME များ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ဆောင်ရွက်ပေးတော့မည်

SME များ အတိုးနှုန်းသက်သာစွာ ငွေချေးနိုင်ရန် ဆောင်ရွက်ပေးတော့မည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved