• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပူတာအို သတ္တုတူးဖော်ရေး အဆိုပြုချက် ပယ်ချရန် ကချင်အစိုးရ ဆုံးဖြတ်

by နန်းလွင်
23 March 2019
in စီးပွားရေး
A A
ပူတာအိုမြို့နယ်အတွင်းရှိ နှင်းဖုံးတောင်တန်းများ / ဧရာဝတီ

ပူတာအိုမြို့နယ်အတွင်းရှိ နှင်းဖုံးတောင်တန်းများ / ဧရာဝတီ

19.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အကြီးမားဆုံး အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေသဖြစ်သော ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ စင်ကာပူနိုင်ငံ၏ အရွယ်အစား ၃ ဆရှိသော နေရာတွင် ရွှေနှင့် အခြား သတ္တုများ တူးဖော်ရေးအတွက် ဖြစ်နိုင်ခြေ စမ်းသပ်ရန် ကုမ္ပဏီတခု၏ အဆိုပြုချက်ကို ပြင်းထန်သော ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ပယ်ချရန် ကချင်ပြည်နယ် အစိုးရက ဆုံးဖြတ်လိုက်သည်။

ထိုစီမံကိန်းကို မွန်ဂိုးလီးယား အတွင်းပိုင်း ဒိုဂျင်း ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ Inner Mongolia Duojin Investment Company Ltd က အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် သစ်တောဌာန၏ အဆိုအရ သိရသည်။

ထိုအဆိုပြုချက်အရ ပူတာအိုမြို့နယ် အတွင်းတွင် တည်ရှိသော မြေဧက ၄၉၂၉၀၀ ပါဝင်ပြီး မြန်မာနိုင်ငံတွင် အကြီးမားဆုံး အမျိုးသားဥယျာဉ်အဖြစ် ဖွဲ့စည်းထားသည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ၎င်း၏ တောင်ပိုင်း တိုးချဲ့ဒေသနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အမွေအနှစ် ဥယျာဉ်ဖြစ်သော ဖုန်ကန်ရာဇီ သဘာ၀ ဘေးမဲ့တောလည်း ပါဝင်သည်။

ဖုန်ကန်ရာဇီ သဘာ၀ သားရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အမွှေးနံ့ပြင်းသော သမင်နက်၊ ပန်ဒါနီနှင့် ဝမ်းဗိုက်ဖြူ ငဟစ်ငှက်တို့ နေထိုင်ကျက်စားသော နေရာဖြစ်သည်။ ထိုနေရာတွင် မြောက်ပိုင်း သစ်တောတောင်တန်းရှိ ကာကွယ်ထားသော တောများလည်းရှိသည်။ ထိုဒေသတွင် အပူပိုင်း အမြဲစိမ်းတောများ၊ ရောနှော ရွက်ပြတ်တောများ၊ တောင်ဇလပ် တောများနှင့် တောင်ပေါ် မြက်ခင်းများလည်း ရှိသည်။

“ဒီစီမံကိန်းကို ကျနော် တော်တော်မကြိုက်ဘူး။ ကျနော်တို့ရဲ့ အမွေအနှစ်တွေနဲ့ ဂေဟ စနစ်ကို ဖျက်ဆီး နိုင်တယ်” ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဘယ်လိုလုပ်ပြီး ခွင့်ပြုရမလဲဗျာ” ဟုလည်း သူက ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများနှင့် ဒေသခံများ၏ ကန့်ကွက်မှုများ ရှိနေချိန်တွင် ကချင်ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ ဌာနများသည် မတ်လ ၁၉ ရက်နေ့တွင် တွေ့ဆုံပြီး ထိုကိစ္စကို ဆွေးနွေးခဲ့သည်။ ထို အစည်းအဝေးတွင် သစ်တောဌာနက ထိုစီမံကိန်းကို ခွင့်မပြုသင့်ကြောင်း သုံးသပ်တင်ပြခဲ့သည်။

“အဲဒီစီမံကိန်းကို ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ပြည်နယ်သစ်တောဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦး ကျော်ကျော်လွင်က ပြောသည်။

သို့သော် ပြည်နယ်အစိုးရသည် တရားဝင် အမိန့်ထုတ်ပြန်ခြင်း မရှိသေးပေ။

သစ်တောဌာနမှ အဖွဲ့သည် ထိုကုမ္ပဏီ၏ အဆိုပြုချက်ကို စတင်သုံးသပ်ပြီး ဇန်နဝါရီလက ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သစ်တောဌာနက ပြောသည်။

ထိုစီမံကိန်းသည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို နှောင့်ယှက်ရုံသာမက၊ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ အရေးပါသော ပင်ရင်းမြစ် တခုဖြစ်သည့် အင်မိုင်ခ မြစ်ကိုလည်း ထိခိုက်စေမည်ဟု ဦးကျော်ကျော်လွင်က ဆိုသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
177
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482

“ဒီစီမံကိန်းကို ဒေသခံတွေကလည်း အပြင်းအထန် ဆန့်ကျင်ကြတယ်။ ကုမ္ပဏီနဲ့ ဒေသခံတွေကြားမှာ ပဋိပက္ခ အလွယ်တကူ ဖြစ်လာနိုင်တယ်။ ဒီအချက်ကလည်း စီမံကိန်းကို ခွင့်မပြုရတဲ့ အကြောင်းတွေထဲမှာ ပါဝင်တယ်” ဟု သူက ပြောသည်။

ကချင်ပြည်နယ်သည် သဘာ၀ သယံဇာတ ပေါကြွယ်ပြီး အထူးသဖြင့် ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ပယင်း၊ သလင်းကျောက်၊ ကျောက်စိမ်းနှင့် ကျောက်မီးသွေး ပေါကြွယ်ဝသည်။

(Nan Lwin ၏ Kachin Gov’t Set to Reject Mongolian Mining Proposal ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: ကချင်အစိုးရပူတာအိုမွန်ဂိုးလီးယားသတ္တုတူးဖော်ရေး
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.7k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

by အောင်သစ်
9 May 2024
5.1k

နေပြည်တော်၏ အရေးပါသည့် အဆောက်အဦးများကို အေးရှားဝေါလ်က ဆောက်လုပ်ခွင့် ရခဲ့သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်ကိုလည်း ဆောက်ခွင့်ရခဲ့သည်။

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

by Bertil Lintner
20 August 2024
4.5k

ဗိုလ်ချုပ်များနှင့် ကင်းကင်းနေသည့် တရုတ်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ရုရှားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ နေပြည်တော်မှ အာဏာသိမ်းသူများကို ပုံအောထောက်ခံသည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

by အောင်သစ်
11 May 2024
4k

စစ်အာဏာသိမ်းမှု နောက်ပိုင်း အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသည် အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုသည့် ဆိုလာစီမံကိန်းများကိုလည်း လုပ်ကိုင်ခွင့်ရခဲ့သည်။

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

by Pracha Burapavithi
31 May 2025
4k

ဝနီများသည် လုံခြုံရေး စိန်ခေါ်မှုကိုသာမက အများပြည်သူ ကျန်းမာရေး ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေသည်။

Next Post
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ တွေဆုံစဉ်

“မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင်”အတတ်နိုင်ဆုံး ဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြီး ပြော

ကျန်းမာသန်စွမ်းတဲ့ ဆံပင် ရရှိဖို့ စားသင့်တဲ့ အစားအစာများ

ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကို ပိုင်ဆိုင်ဖို့ စားသင့်တဲ့ အစားအစာများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved