• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရန်ကုန်ရှိ ကုန်သေတ္တာတင်ယာဉ်များကို အများပိုင် ကုမ္ပဏီအောက် ထားရှိရန် စီစဉ်

by အောင်သီဟ
13 May 2019
in စီးပွားရေး
A A
ရန်ကုန်မြို့ရှိ ကုန်သေတ္တာတင်ယာဉ် တချို့အားတွေ့ရစဉ်  / ဧရာဝတီ

ရန်ကုန်မြို့ရှိ ကုန်သေတ္တာတင်ယာဉ် တချို့အားတွေ့ရစဉ် / ဧရာဝတီ

19.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်နေကြသော ကုန်သေတ္တာတင်ယာဉ်များ အားလုံးကို ကုမ္ပဏီ တခု၏ လက်အောက်သို့ ထားရှိပြီး ဝန်ဆောင်မှု ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း က ပြောဆိုသည်။
ရန်ကုန်မြို့ Lotte ဟိုတယ်၌ မေလ ၁၀ ရက်က ကျင်းပသည့် ရန်ကုန် ရင်းနှီး မြှုပ်နှံမှု ဖိုရမ်၂၀၁၉ တွင် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ကုန်စည် သယ်ယူ ပို့ဆောင်တဲ့ logistic ကိစ္စမှာ ကုန်တင်ယာဉ်တွေကို လူတဦး တယောက်ချင်း ပိုင်နေတာက တော်တော် ခက်တဲ့ ကိစ္စပါ။ အဲဒီဟာက logistic ကုမ္ပဏီ တခုတည်းသာ ဖြစ်ရင်တော့ သူ့ကို အလုပ် အပ်လိုက်တာနဲ့ ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချတဲ့ ကိစ္စက အစ စနစ်တကျနဲ့ လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိ အချိန်တွင် ကုန်စည် သယ်သူ ပို့ဆောင်ရေး လုပ်ငန်း ဝန်ဆောင်မှု ပေးနေသော ကုန်သေတ္တာတင်ယာဉ် အများစု သည် တဦးတယောက်ချင်းစီ ပိုင်ဆိုင်ကြပြီး စည်းကမ်း ထိန်းချုပ်ရန် ခက်ခဲခြင်း၊ ယာဉ်ကြော ကျပ်တည်းမှု ပြဿနာများ ရှိသည့် အတွက် ကုန်စည် ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပိုမို လွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် ယင်းသို့ လုပ်ဆောင်စေလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ပြောင်းလဲရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA) က စီစဉ်နေလျက်ရှိကာ ကုန်သေတ္တာတင်ယာဉ် အသင်းနှင့် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဦးဖြိုးမင်းသိန်းက ဆက်လက်၍ “ဒီလို ပုံစံက ကမ္ဘာမှာ မရှိလောက်တော့ဘူး။ ကျနော်တို့ဆီမှာပဲ ကျန်တော့တာ။ ဒီပြုပြင် ပြောင်းလဲရေး က စိန်ခေါ်မှု အများကြီး ရှိပါတယ်” ဟု ဆိုသည်။

ယင်းသို့ ကုမ္ပဏီ တခုတည်း အဖြစ် လုပ်ဆောင်မည် ဆိုပါက တဦးချင်း မော်တော်ယာဉ် ပိုင်ဆိုင်မှု အရေအတွက် မတူ ညီခြင်း၊ ပိုင်ဆိုင်သည့် မော်တော်ယာဉ်များ၏ တန်ဖိုးချင်း မတူခြင်းနှင့် အမြတ်ငွေ ရရှိမှုကို ပြန်လည် ခွဲဝေပေးရာတွင်လည်း အချိန်တခု ကြာနိုင်ခြင်းတို့ကြောင့် အများပိုင် ကုမ္ပဏီသို့ ပြောင်းလဲရန် အဆင်မပြေနိုင်ကြောင်း ကုန်တင်ယာဉ် အစီးရေ ၁၀၀ ခန့် ပိုင်ဆိုင်သော လုပ်ငန်း ရှင် တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

၎င်းက “ဒါက YBS လို ယာဉ်လိုင်း တလိုင်းချင်း အတွက် ကုမ္ပဏီထောင်ပြီး လုပ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။ သဘော သဘာဝချင်းလည်း မအပ်စပ်ဘူး။ အားနည်းတဲ့ လုပ်ငန်းရှင်တွေကို အားကြီးတဲ့သူက သိမ်းလိုက်သလို ဖြစ်နေမယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာ မှန်ပေမယ့် အပြောကတော့ လွယ်ပါတယ်။ အတွင်းပိုင်းမှာ လုပ်ရမယ့် အခက်အခဲတွေ အများကြီး ရှိတယ်” ဟု ဆိုသည်။

လက်ရှိ အချိန်တွင် ကုမ္ပဏီကြီး တခု မတည်ထောင်ထားသော်လည်း ဈေးနှုန်း သတ်မှတ်ခြင်းနှင့် မော်တော်ယာဉ်များ၏ စည်းကမ်း ထိန်းသိမ်းခြင်း အပိုင်းကို ယာဉ်ပိုင်ရှင်များ အချင်းချင်း စုပေါင်းပြီး နည်းစနစ်ကျကျ လုပ်ဆောင်လျက် ရှိ ကြောင်းလည်း ပြောဆိုသည်။

ထိုသို့ လုပ်ဆောင်မည် ဆိုပါက ကုန်တင်ယာဉ် ပိုင်ရှင်များ အားလုံး လက်ခံနိုင်မည့် စည်းမျဉ်း စည်းကမ်းများ တိတိကျကျ ထုတ်ထားရန် လိုအပ်မည် ဖြစ်ပြီး ယာဉ်ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ မတူညီခြင်းမှာ အခက်အခဲ တခု ဖြစ်ကြောင်းနှင့် အသင်းအနေဖြင့်လည်း ပုံစံ တခု ပြောင်းလဲနိုင်ရန် အတွက် ကုန်တင်ယာဉ် ပိုင်ရှင်များကို တိုက်တွန်းမှုများ လုပ်ဆောင် လျက်ရှိကြောင်း ကုန်သေတ္တာယာဉ်များ အသင်း ဥက္ကဋ္ဌ ဦးသန်းလွင် က ဧရာဝတီသို့ ပြောသည်။

ဥက္ကဋ္ဌ ဦးသန်းလွင် က “အခုက ပေါင်းပြီး လုပ်နေတာမျိုးတွေ အစုအဖွဲ့ လုပ်နေတာမျိုးတွေတော့ ရှိပါတယ်။ ကုမ္ပဏီလိုမျိုး ဖြစ်ဖို့ကတော့ တချိန်မှာ သွားရမှာပေါ့။ ဒါပေမယ့် အရှိန်လေး တခုနဲ့ အချိန် တခုလောက်တော့ လိုမယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ အတွက် အခက်အခဲ တခုမှာ သယ်ယူ ပို့ဆောင်ရေး စရိတ်ကြီး မြင့်နေခြင်း ဖြစ်ပြီး အများပိုင် ကုမ္ပဏီ အနေဖြင့် လုပ်ဆောင်နိုင်ပါက ယင်းဈေးနှုန်းများ သက်သာလာနိုင်ကာ စနစ်တကျ ပိုမို ရှိလာနိုင် ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် တချို့က ပြောဆိုသည်။

လတ်တလော၌ ကုန်တင်ယာဉ် တချို့သည် စည်းကမ်းတကျ မောင်းနှင်ခြင်း မရှိခြင်းနှင့် ပြဿနာ တခုခု ဖြစ်ပေါ်ပါက တာဝန်ယူမှု မရှိဘဲ ထွက်ပြေး တိမ်းရှောင်ခြင်းများ ရှိနေကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ အချိန်တွင် ၁၀ ဘီး ကုန်သေတ္တာတင်ယာဉ် တစီး (ပေ၂၀ ကွန်တိန်နာ တလုံး) ၏ ရန်ကုန်ရှိ စက်မှုဇုန် တခုခုမှ ဆိပ်ကမ်း အရောက် ခရီးစဉ် တကြောင်း ဝန်ဆောင်ခမှာ ပျမ်းမျှအားဖြင့် ငွေကျပ် တသိန်း ဝန်းကျင် ရှိကြောင်း သိရသည်။

ကုန်သေတ္တာတင်ယာဉ် အသင်းတွင် အသင်းဝင် ထားသော ကုန်တင်ယာဉ် အစီးရေပေါင်း ၂၅၀၀ ကျော် ရှိပြီး YRTA တွင် မှတ်ပုံ တင်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၌ ဝန်ဆောင်မှု ပေးနေသော ကုန်သေတ္တာယာဉ် အစီးရေမှာ ၇၀၀၀ ကျော် ရှိကြောင်း အဆိုပါ အဖွဲ့အစည်းများ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

Your Thoughts …
Tags: ကုန်သေတ္တာတင်ယာဉ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ကုန်သေတ္တာများနှင့် ကုန်သေတ္တာတင် ယာဉ်များကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရစဉ် / ဧရာဝတီ

အာဆီယံ စံနှင့် မကိုက်ညီသည့် ကုန်တင်ယာဉ်များ ရန်ကုန်မြို့တွင်း ဖြတ်သန်းခွင့်မပြု

by မျိုးပပစန်း
12 April 2017
6.1k

ရန်ကုန်တိုင်း အတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာမည့် ကုန်တင်ယာဉ်များအား အာဆီယံ စံချိန်စံညွန်း သတ်မှတ်ချက်နှင့် မကိုက်ညီပါက ဖြတ်သန်းဝင်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

Next Post
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း  / ဧရာဝတီ

ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော

မင်းသမီး မီဂန်မာကယ်၊ မင်းသမီး ဒိုင်ယာနာ

"အမေများနေ့"မှာ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုခဲ့တဲ့ မီဂန်မာကယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved