• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သစ်အလုံးလိုက် တင်ပို့ရာတွင် စနစ်တကျ စီစဉ်ထား၍ သစ်တော ပြုန်းတီးမှု မဖြစ်ဟု ဆို

by မိုးမိုး
12 June 2019
in စီးပွားရေး
A A
စစ်ကိုင်းတိုင်းရှိ သစ်ထုတ်လုပ်ရေး စခန်းတခု  / Reuters

စစ်ကိုင်းတိုင်းရှိ သစ်ထုတ်လုပ်ရေး စခန်းတခု / Reuters

7.1k
VIEWS
Share on FacebookShare on Twitter

ပြည်ပသို့ သစ်အလုံးလိုက် ပြန်လည် တင်ပို့ခွင့် ပြုရာတွင် စနစ်တကျ တင်ပို့နိုင်ရန် အတွက် စီစဉ် ဆောင်ရွက်ထားသဖြင့် သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတု ဖောက်ပြန်တာမျိုး မဖြစ်လာနိုင်ကြောင်း မြန်မာ့သစ် လုပ်ငန်းမှ တာဝန်ရှိသူ တဦး က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ အတွင်း သစ်တော ပြုန်းတီးမှုကြောင့် ရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်နေသည်မှာ သစ်ထုတ်လုပ်ခြင်းကို စနစ် တကျ မထုတ်လုပ်ဘဲ တရားမဝင် ခိုးထုတ်ခြင်းများ၊ သစ်တော မြေနေရာကို သစ်ပင်မစိုက်ဘဲ အခြားလုပ်ငန်းများ အတွက် အသုံးပြုသဖြင့် ပျက်စီးရခြင်းများကြောင့် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း စီမံကိန်း စာရင်းအင်း ဌာနမှ အထွေထွေ မန်နေဂျာ ဦးညီညီထွန်း က ပြောသည်။

ဇွန်လ ၁၁ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ် လေ့လာချက် စတင် မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ဦးညီညီထွန်းက“တကယ်လို့ အဲဒါမျိုးတွေ မရှိဘဲနဲ့ သစ်တောကို စနစ်တကျ စီမံ အုပ်ချုပ်နိုင်တယ်။ အဲဒီထဲက စနစ်တကျ ထုတ်ယူ နိုင်တယ် ဆိုရင် ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်တာ ကြီးကြီးမားမား ဖြစ်လာစရာ အကြောင်းမရှိပါဘူး”ဟု မီဒီယာ များကို ပြောသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ သဘာဝ သစ်တော၊ သစ်တော စိုက်ခင်း အစရှိသည်တို့မှ သစ် အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်း ခဲ့ပြီးနောက် ယခု မေလ ၃၁ ရက်မှ စ၍ သစ်အလုံးလိုက် တင်ပို့မှုကို ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သစ်အလုံးလိုက် ထုတ်လုပ်ခွင့်မှုကို စနစ်ကျသည့် ပုံစံမျိုးဖြင့် ထုတ်လုပ်လျှင်လည်း ယခု အချိန်သည် ထုတ်ရန် မသင့်သည့် အချိန် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စား လှယ် စောရှားဖော်ဝါး က ပြောသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ပြုပြင် တိုးတက်ရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည့် စောရှားဖော်ဝါးက“စနစ် တကျ ထုတ်ပြီဆိုတော့ ဟုတ်ပြီ။ တပင်ထုတ်ရင် ၁၀ ပင် စိုက်မလား၊ အပင် ၁၀၀ ပြန်စိုက်မှာလား၊ အဲဒါမှ စနစ်တကျ ဖြစ် တာ လေ။ ဘယ်လိုပဲ ထိန်းထိန်းသိမ်းသိမ်း ထုတ်ပါစေ၊ ထုတ်တာ သက်သက်ပဲ ဆိုရင် ဘယ်လိုမှ ကာဗာ မဖြစ်နိုင်ဘူး လေ” ဟုလည်း ဆက် ပြောသည်။

ပုဂ္ဂလိက သစ်တော စိုက်ခင်းများ စတင် စိုက်ကတည်းက စီးပွားရေး စိုက်ခင်း ဖြစ်သည့် အတွက် အကျိုးရှိအောင် ထုတ် မည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် မထိခိုက်ရန် အတွက် သစ်တော ပညာရှင်များ၏ ရှုထောင့်မှ သစ်ပင် ခုတ်ရမည့် အချိန် ခုတ်ရန် အတွက် သစ်တောပြုစုရေးတွင် စနစ်များ ရှိကြောင်း ဦးညီညီထွန်းက ဆိုသည်။

ပြည်ပ နိုင်ငံများသို့ သစ်လုံးများကို စနစ်တကျ တင်ပို့နိုင်ရန် အတွက် ပုဂ္ဂလိက စိုက်ခင်းများမှ တင်ပို့မည် ဆိုပါက မည် သည့် ခုနှစ်က စိုက်ပျိုးထားသည့် အမှတ်တံဆိပ်နှင့် မည်သည့် စိုက်ခင်းမှ ခုတ်သည့် အမှတ်အသားများ ပါရှိရမည် ဖြစ် ကြောင်း၊ သဘာဝ သစ်တောမှ ခုတ်ပါကလည်း မြန်မာ့ သစ်လုပ်ငန်းမှ ထုတ်ထားသည့် အေဂျင်စီ နံပါတ်များ တံဆိပ်များ ကပ်ထားသည်ကို ကြည့်ခြင်းဖြင့် မည်သည့် စိုက်ခင်းမှ ဖြစ်သည်ကို သိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂ္ဂလိက ကျွန်းစိုက်ခင်းအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ကုမ္ပဏီ ၃၀၀ အတွက် ၂၅၁၁၇၃.၉၇ ဧက တည်ထောင် ခွင့် ပြုခဲ့ရာတွင် ၁၄၃၂၇၈.၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ပုဂ္ဂလိက သစ်မာစိုက်ခင်း အနေဖြင့် ၂၀၀၇–၂၀၀၈ ဘဏ္ဍာရေး နှစ်မှ ၂၀၁၇–၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ ၁၁ နှစ်အတွင်း ၁၀၄၈၉၀.၂၆ ဧက စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာ ထားသည်။

၂၀၁၇–၂၀၁၈ ဘဏ္ဍာရေးနှစ် တနှစ်အတွင်း ဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းနှင့်သစ်မာ စီးပွားရေးစိုက်ခင်း အနေ ဖြင့် ၁၄၉၇၀ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိက စိုက်ခင်းများအား ၂၀၀၆ ခုနှစ်မှ စတင်၍ တည်ထောင်ခွင့်ပြုခဲ့ရာတွင် ၅ နှစ်မှ ၁၀ နှစ် အတွင်း သက်တမ်းရှိ စိုက်ခင်းများအား ပင်ကြပ်နှုတ်ခြင်း၊ ရှင်းလင်းခြင်းများ ဆောင်ရွက်ရာမှ ထွက်ရှိလာသည့် ကြားဖြတ်တော ထွက် သစ်များအား ပြည်ပသို့ တိုင်များ၊ မျောများအဖြစ် တင်ပို့ခွင့်ရရန် လုပ်ငန်းရှင်များက တင်ပြမှုများရှိခဲ့ပြီး လတ် တလော တွင် ကုမ္ပဏီ ၂ ခုခန့်မှ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

မြန်မာနိုင်ငံ သစ်နှင့် သစ်တောထွက် ပစ္စည်း၊ လုပ်ငန်းရှင်များ အသင်းမှ ဒု ဥက္ကဌ ဦးသိန်းဝင်းက“တန်ချိန် အနေ အထားက အကန့်အသတ် မရှိပါဘူး။ ဧက ၁၀၀ စိုက်ခင်းတခုမှာ ၇ နှစ်ကြာရင် ဘယ်လောက်ထွက်မယ်။ ၈ နှစ်ကြာရင် ဘယ်လောက် ထွက်မယ် တွက်ချက်ပြီးသားပါ။ ဒါ သစ်တော ဦးစီးဌာန အနေနဲ့ သေချာ ကိုင်တွယ်နိုင်တဲ့ လုပ်ငန်း တခုပါ”ဟု ပြောသည်။

တရားဝင် အမိန့်စာ ထွက်ရှိထားပြီး ဖြစ်သဖြင့် ယခုလမှ စတင်၍ တင်ပို့နိုင်ပြီ ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံမဆို တင်ပို့ခွင့် ပြုထားပြီး၊ တန်ချိန် သတ်မှတ်ထားခြင်းမျိုးလည်း မရှိကြောင်း၊ ပုဂ္ဂလိက စိုက်ခင်းများ ဖြစ်ပါကလည်း မိမိဆန္ဒ အတိုင်း ခုတ် ၍ တင်ပို့နိုင်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဝန်ကြီးဌာနမှ သိရသည်။

“ပုဂ္ဂလိက စိုက်ခင်း ဆိုရင် သူ့စိုက်ခင်းက သူ့ သဘောကျပါပဲ။ ဘယ်လောက်မှ ခုတ်ရမယ်။ ဘယ်လောက်မှ ရောင်းရမယ် လို့ သတ်မှတ်ချက် မရှိဘူး။ သို့သော် ခုတ်ပြီးရင် ပြန်စိုက်ရမယ်။ မဟုတ်ရင် ဒီစိုက်ခင်းရဲ့ မြေနေရာရဲ့ သဘာဝ မပျက်စီး အောင် ဘယ်လို ထိန်းရမလဲ ဆိုတာ ရှိပါတယ်”ဟု ဦးညီညီထွန်းက ဆိုသည်။

သစ်တော သယံဇာတများ ရေရှည် တည်တံ့စေရေး၊ စဉ်ဆက်မပြတ် ထုတ်ယူ သုံးစွဲနိုင်ရေး၊ တန်ဖိုးမြှင့် သစ်ကုန်ချောများ တိုးတက် ထုတ်လုပ်၍ ဝင်ငွေ ပိုမိုရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရေးတို့ကို ရှေးရှု၍ နိုင်ငံတော် အတွင်း သစ်ထုတ်လုပ်မှု ပမာဏကို လျှော့ချ ဆောင်ရွက်သည့် လုပ်ငန်းစဉ် အနေဖြင့် ၂၀၁၄ ခုနှစ် အတွင်းက သစ် အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံပိုင် နှင့် ပုဂ္ဂလိက သစ်တော စိုက်ခင်းများမှ ထွက်ရှိသည့် ကျွန်း/ သစ်မာ ၊ သစ်လုံး၊ ကျွန်း/ သစ်မာတိုင်၊ ကျွန်း/ သစ်မာ မျောများကို ပြည်ပသို့ အလုံးလိုက် တင်ပို့ခွင့် ပြုရန် တင်ပြလာသည့် ကိစ္စ တခုချင်းစီ အလိုက် သစ်တော ဦးစီးဌာန၏ လုပ်ငန်းစဉ် အဆင့်ဆင့် အ တိုင်း စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/ မရှိ (Case by Case Basis) ဖြင့် စိစစ်၍ ခွင့်ပြု သွားမည်ဟု အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးတင်သစ်ကလည်း“၁၉၉၀ နောက်ပိုင်းမှာ ပုဂ္ဂလိတွေကို သစ်ထုတ်လုပ်ခွင့် ပေးလိုက်တာ ရှိတယ်။ အဲ့ဒီ အချိန်မှာ သစ်တော ပြုန်းတီးမှုက ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ စနစ်တကျ ထုတ်ယူမယ်ဆိုရင် နိုင်ငံခြား တင်ပို့ဖို့ အတွက် ထုတ်ယူတယ် ဆို တဲ့ ပမာဏက ဒီလောက်မပြောဘူး။ တရားမဝင် ထုတ်လုပ်မှုတွေက သစ်တော ပြုန်းတီးမှုကို ပိုဆိုးစေတာပေါ့”ဟု ပြော သည်။

နိုင်ငံပိုင် စီးပွားရေး၏ အဓိက မဏ္ဍိုင် တခုဖြစ်သော ကျွန်းသစ် ထုတ်လုပ်ခြင်း လုပ်ငန်း ရေရှည် တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက် ရေး အတွက် သစ်တောဥပဒေ ပုဒ်မ ၁၄ နှင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေ ပုဒ်မ ၄ တို့အရ ပုဂ္ဂလိက လုပ်ငန်းရှင် များ အား ကျွန်း၊ သစ်မာ စိုက်ခင်းများမှ ထွက်ရှိသည့် ကျွန်း၊ သစ်မာများအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြည်ပသို့ အလုံးလိုက် တင်ပို့ ရောင်းချခွင့် ပြုရန် လိုအပ်မည် ဖြစ်သည်ဟုလည်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆–၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅–၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ခရိုင်သစ်တော စီမံအုပ်ချုပ် လုပ်ကိုင် မှု စီမံကိန်းအရ သဘာဝတောများမှ နှစ်စဉ် ကျွန်းပင်ရေ ၁၉၂၁၀ ခန့်နှင့် သစ်မာပင် ၅၉၂၃၃၀ ခန့် ထွက်ရှိပြီး ထိုသစ် များ မှာ အလုံးလိုက် တင်ပို့ခွင့် မရှိကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးရမိမှု အနေဖြင့်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျွန်း ၁၅၄၂၁.၆၄ တန်၊ သစ်မာ ၄၅၆၅.၆၀ တန်၊ ၈၄၂၄.၁၆ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာထားသည်။

You May Also Like These Stories:
စိုက်ခင်းထွက် ကျွန်းနှင့်သစ်မာ အလုံးလိုက် ပြည်ပတင်ပို့ခွင့် ပြန်ပေး<

သစ်တော သိပ္ပံပညာရပ်ကို အခြေခံပြီး မူတွေ ချမှတ်ဖို့ လိုတယ်

Your Thoughts …
Tags: သစ်လုံး တင်ပို့ခွင့်
မိုးမိုး

မိုးမိုး

...

Similar Picks:

No Content Available
Next Post
ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းချင်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မမီးမီး

လိုအပ်သူတွေကို ကူညီခွင့်ရတာ ဘုရားပေးတဲ့တန်ဖိုးလို့ဆိုလာတဲ့ မမီးမီး

"ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့"

ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved