• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်က မြန်မာကို ဒေါ်လာ ၁ ဘီလျံကျော် ချေး

by နန်းလွင်
23 January 2020
in စီးပွားရေး
A A
ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ရေဆိုးစွန့်ပစ်မှုစနစ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ဂျပန်က ငွေချေးသည် / ဧရာဝတီ

ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ရေဆိုးစွန့်ပစ်မှုစနစ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ဂျပန်က ငွေချေးသည် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပြည်နယ်နှင့်တိုင်း ၇ ခုတွင် ရေဆိုးစွန့်ပစ်မှုစနစ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံ (ယန်း ၁၂၀.၉၁၅ ဘီလျံ သို့မဟုတ် ကျပ် ၁.၆၁ ထရီလျံ) တန်ဖိုးရှိ ချေးငွေသဘောတူစာချုပ် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လူနေမှုအဆင့်အတန်း မြှင့်တင်ရန်နှင့် လူမှုစီးပွား တိုးတက်ရေးအတွက် ထိုတရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ (ODA) ချေးငွေသဘောတူစာချုပ် ၄ ခုကို အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မာရူယာမာ အီချီရိုနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန်ရှိ ဂျပန်သံရုံးက ကြေညာချက်တစောင်တွင် ဖော်ပြသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
899
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ယန်း ၄၅.၉ ဘီလျံသည် ရန်ကုန်မြို့၏ ရေဆိုးစွန့်စနစ်အတွက် ဖြစ်သည်။ ထိုငွေကို ရန်ကုန်မြို့လယ် ရေဆိုးပြုပြင်စက်ရုံကို ပြုပြင်တိုးချဲ့ရန်၊ ရေဆိုးစွန့် ပိုက်များ တပ်ဆင်ရန်နှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရန် အသုံးပြုမည်ဖြစ်သည်။

လတ်တလောတွင် ရန်ကုန်မှ လူသား၊ အိမ်သုံးနှင့်စက်မှု အညစ်အကြေးများကို ပြုပြင်ခြင်းမရှိဘဲ မြစ်အတွင်းသို့ စွန့်ပစ်နေသောကြောင့် ရေအရည်အသွေး ညံ့ဖျင်းနေသည်။

ထိုစီမံကိန်း ပြီးစီးရန် စီစဉ်ထားသည့် နှစ်မှ နောက် ၂ နှစ်အကြာ ၂၀၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ ရေဆိုးပြုပြင်နိုင်သော စွမ်းရည်သည် ၇ ဆ တိုးလာမည်ဖြစ်ပြီး ပြုပြင်နိုင်သော ရေဆိုးပမာဏမှာ အဆ ၁၃၀ တိုးလာမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ဆိုသည်။

ခန့်မှန်းခြေ ယန်း ၂၄.၀၈၅ ဘီလျံကို ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရန်နှင့် ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သော အပျက်အစီးများကို ပြုပြင်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ထိုစီမံကိန်းသည် တိုင်းအတွင်းရှိ ရေနုတ်မြောင်းများ၏ ၃ ပုံ ၁ ပုံကို ပြုပြင်ကာ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးအစီအစဉ်များကို စတင်လုပ်ဆောင်ပြီး ရန်ကုန်၏ ပင်မလမ်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို တိုးတက်စေမည်ဖြစ်သည်။

ထိုစီမံကိန်းသည် ရန်ကုန် မြို့ပတ်ရထားလမ်းနှင့် ကားလမ်းများဆုံသော နေရာများတွင်လည်း ယဉ်ကြောပိတ်ဆို့မှုကို လျှော့ချပေးသွားမည် ဖြစ်သည်။

ဂျပန်သံရုံး၏ အဆိုအရ မကြာသေးမီနှစ်များအတွင်း လျှင်မြန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရန်ကုန်မြို့ပြဒေသတွင် မှတ်ပုံတင်ထားသော ယာဉ်အရေအတွက် အကြီးအကျယ်တိုးလာစေပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်စေသည်မှာ ကာလအတန်ကြာပြီ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လက်ရှိရေနုတ်မြောင်းများ၏ စွမ်းရည်သည် မိုးရာသီတွင် ရေလွှမ်းမိုးမှုဖြစ်စေကာ မော်တော်ယာဉ်ပြဿနာများကို ပိုမိုဆိုးရွားစေပြီး ပြည်သူလူထု လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိသည်။

လျှပ်စစ်ဓာတ်အားဖြန့်ချိရေး လုပ်ငန်းများတိုးတက်စေရေး အတွက် ဂျပန်နိုင်ငံက ယန်း ၁၂.၂၈၈ ဘီလျံခန့် ထုတ်ချေးသည်။ ထိုစီမံကိန်းသည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဓာတ်အားဖြန့်ချိမှု တိုးတက်စေရန် လျှပ်စစ်ဓာတ်အားဖြန့်ချိမှု ကွန်ရက်ကို တိုးချဲ့မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနိုင်မှု အနည်းဆုံးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အလျှင်အမြန်တိုးလာသောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မြင့်မားလာသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် ၁၅၈၈ မဂ္ဂါဝပ်ရှိမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ၂ နှစ်အတွင်း ဓာတ်အားမလုံလောက်မှုကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံပိုင်လုပ်ငန်းတခုမှ လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူရန် စီစဉ်နေကြောင်း မြန်မာအစိုးရက လွန်ခဲ့သောနှစ် မေလက ကြေညာသည်။

ထိုစီမံကိန်းသည် အထက်ပါ မြို့ကြီး တခုစီတွင် ဓာတ်အားဖြန့်ချိရာတွင်း ဆုံးရှုံးမှုနှုန်းကို လျှော့ချပေးမည်ဖြစ်ပြီး ဓာတ်အားဖြန့်ချိရေး အဆောက်အဦများ စွမ်းရည်နိမ့်ကျသောကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဓာတ်အားပြတ်တောက်ခြင်းများကို လျှော့ချပေးမည်ဖြစ်သည်။

ဂျပန်နိုင်ငံသည် ချင်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့တွင် အခြေခံအဆောက်အအုံများ တိုးတက်ရေးအတွက် စီမံကိန်း တခုကိုလည်း ငွေထုတ်ချေးမည်ဖြစ်သည်။ ခန့်မှန်းခြေ ယန်း ၃၈.၆၄၂ ဘီလျံကို ပြည်နယ်နှင့် တိုင်းများမှ လမ်းများ၊ တံတားများ၊ ဓာတ်အားနှင့် ရေပေးဝေရေးလုပ်ငန်း စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်၊ ပြုပြင်မွမ်းမံ၊ တပ်ဆင်ရန် အသုံးပြုမည်ဖြစ်သည်။

စီမံကိန်းခွဲ စုစုပေါင်း ၇၀ (လမ်းတံတား စီမံကိန်း ၃၅ ခု၊ လျှပ်စစ်ဓာတ်အား စီမံကိန်း ၂၅ ခုနှင့် ရေပေးဝေရေးစီမံကိန်း ၁၀ ခု) ကို တိုင်းနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည်ဟု ဂျပန်သံရုံးက ပြောသည်။

ချင်းပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၇၃.၈ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၄၃.၅ ရာခိုင်နှုန်းရှိပြီး မြန်မာတနိုင်ငံလုံးတွင် အမြင့်မားဆုံးဖြစ်နေသည်။ ထိုပြည်နယ်များတွင် နေထိုင်သူများ၏ အများအစုသည် လျှပ်စစ်ဓာတ်အားနှင့် လုံလောက်သော ရေ မရရှိကြပေ။

မွန်နှင့် ကရင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းသည် ဂျပန်နိုင်ငံ၏ အရှေ့အနောက် စီးပွားရေးစင်္ကြန်နှင့် တောင်ပိုင်းစီးပွားရေး စင်္ကြန်များတွင် ပါဝင်ပြီး ယခုချေးငွေသည် ထိုဒေသများ တိုးတက်ရေးကို အထောက်အကူပြုလိမ့်မည်ဟု ဂျပန်သံရုံးက ဖော်ပြသည်။

ဒေသတွင်းတွင် ဂျပန်နိုင်ငံ၏ မဟာစီမံကိန်းအရ မြန်မာနိုင်ငံသည် အဓိကစီးပွားရေး စင်္ကြန်နှစ်ခုတွင် တည်ရှိနေသည်။ အရှေ့အနောက်စီးပွားရေး စင်္ကြန်သည် ကမ္ဘောဒီးယားနှင့် ထိုင်းမှတဆင့် ဗီယက်နမ်မှ ဒေါင်ဟ မြို့နှင့် မြန်မာနိုင်ငံမှ သီလဝါ အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည်ဖြစ်ပြီး တောင်ပိုင်းစီးပွားရေး စင်္ကြန်သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဧရာဝတီ၊ ချောင်ဖရာနှင့် မဲခေါင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သေနင်္ဂဗျူဟာ (ACMECS) တွင် အလေးထားပြီး အခြေခံအဆောက်အအုံများ ထူထောင်ရေးသည် ကျေးလက်ဒေသများတွင် စီးပွားရေးမှန်မှန်တိုးတက်မှုအတွက် အရေးပါကြောင်း ဂျပန်သံရုံးက ဖော်ပြသည်။ ACMECS သည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ပါဝင်သည့် ဒေသခွဲအစီအစဉ်ဖြစ်သည်။

ထိုကြေညာချက်အရ အထက်ပါစီမံကိန်းများသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်တွေ့ဆုံစဉ် ၅ နှစ်အတွင်း ပေးမည်ဟု ကတိပြုခဲ့သည့် ပြည်သူပိုင်-ပုဂ္ဂလိက အကူအညီ ယန်း ၈၀၀ ဘီလျံ၏ အစိတ်အပိုင်းဖြစ်သည်။

၂၀၁၈ အောက်တိုဘာလက နိုင်ငံတော်အတိုင်ပင်ခံသည် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲတက်ရန် ဂျပန်နိုင်ငံသို့ ၆ ရက်ကြာသွားရောက်ခဲ့သည်။ နှစ်နိုင်ငံဆွေးနွေးပွဲတွင် အာဘေးက ရန်ကုန်၏ ရေဆိုးစနစ်၊ ရေနုတ်မြောင်းစနစ်၊ ယာဉ်ကြောစနစ်၊ လမ်းနှင့် လူသွားလမ်းများ တိုးတက်စေရန် စီမံကိန်းများအတွက် ယန်း ၇၀ ဘီလျံကျော် ကတိပြုသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ၂၀၁၆ ခုနှစ်ကသဘောတူခဲ့သည့် အကူအညီ ယန်း ၈၀၀ ဘီလျံကို အသုံးပြုရေးကိုလည်း ဆွေးနွေးကြသည်။

(Nan Lwin ၏ Japan to Provide Over $1 Billion in Loans to Myanmar for Development Projects ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရန်ကုန်ရေလေလွင့်ဆုံးရှုံးမှု လျော့ကျရေး ဂျပန်နှင့် စည်ပင် ပူးပေါင်းဆောင်ရွက်နေ

“မြန်မာနိုင်ငံဟာ လျှော့တွက်လို့ ရတဲ့ နိုင်ငံတခု မဟုတ်တော့ဘူး”

ချင်းတွင်းနှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်မည်

Your Thoughts …
Tags: ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်ကမြန်မာကို ဒေါ်လာ ၁ ဘီလျံကျော်ချေးငွေထုတ်ပေး
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရုံးထုတ်လာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမ  / ထက်ခေါင်လင်း /  ဧရာဝတီ

AA စစ်ဦးစီးချုပ်၏ ညီမနှင့်ယောက်ဖ အမှု ယခုလကုန်တွင် စတင် စစ်ဆေးမည်

ဝူဟန် မြို့တွင်းရှိ ပိတ်ထားသော ရထားဘူတာရုံ ဝင်ပေါက်တပေါက်ကို မျက်နှာဖုံးဝတ် အစောင့်များ စောင့်ကြပ်နေစဉ် / Reuters 

အဆုတ်နာရောဂါ ပြန့်လာသောကြောင့် ဝူဟန်မြို့ကို တရုတ် အထီးကျန်ထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate