• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကျပ် ၃၀ ဘီလီယံ နီးပါးကို လုပ်ငန်းများသို့ ကိုဗစ်ချေးငွေ ထပ်ထုတ်ချေးရန် လျာထား

by အောင်သီဟ
13 January 2021
in စီးပွားရေး
A A
ကိုဗစ်ချေးငွေ လျှောက်လွှာများ စိစစ်နေစဉ် / UMFCCI

ကိုဗစ်ချေးငွေ လျှောက်လွှာများ စိစစ်နေစဉ် / UMFCCI

5.8k
VIEWS
Share on FacebookShare on Twitter

ကိုဗစ် ၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ထုတ်ချေးပေးလျက်ရှိသော အစိုးရ၏ ကုစားရေး ချေးငွေ ဒုတိယအကြိမ် ကျပ် ၁၀၀ ဘီလီယံမှ ကျန်ရှိသည့် ကျပ် ၃၀ ဘီလီယံ နီးပါးကို ထပ်မံ ထုတ်ချေးပေးရန် ပြင်ဆင်လျက် ရှိ ကြောင်း သိရသည်။

အစိုးရ အနေဖြင့် ဒုတိယအကြိမ် ကုစားရေး ချေးငွေကျပ် ၁၀၀ ဘီလီယံကို လုပ်ငန်းကဏ္ဍ ၉ ခုမှ လျှောက်လွှာတင်လာ သည့် လုပ်ငန်းပေါင်း ၂၉၃၉ ခုသို့ ချေးငွေကျပ် ၆၄ ဒသမ ၆၆၈၀ ကိုသာ ဘီလီယံ ထုတ်ချေးပေးထားခဲ့ပြီး ဖြစ်သောကြောင့် ကျန်ရှိသော ကျပ် ၃၀ ဘီလီယံနီးပါး ထပ်မံ ထုတ်ချေးပေးရန် လျာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေး ဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးမင်းလွင်ဆွေက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒုတိယအကြိမ် ချေးငွေ ထုတ်ချေးပေးတဲ့ အစီအစဉ်ကတော့ ပြီးသွားပြီလို့ ပြောရမယ်။ သူတို့ရဲ့ လျှောက်လွှာတွေ က မပြည့်စုံတဲ့ အနေအထား ဖြစ်တာကြောင့် ထုတ်ပေးလို့ မရခဲ့တဲ့ အနေအထား ဖြစ်တာပေါ့” ဟု ဆိုသည်။

ဒုတိယအကြိမ် ချေးငွေ ထုတ်ချေးပေးမှုတွင် လျှောက်ထားသူ အရေအတွက်သည် လုပ်ငန်းပေါင်း ၁၀၀၀၀ ကျော်အထိ လျှောက်ထားခဲ့သော်လည်း လုပ်ငန်းအများစုမှာ သတ်မှတ်ထားသည့် အချက်အလက်များကို ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း နှင့် ချေးငွေကို အသုံးပြုခွင့်ပေးမည့် နည်းလမ်းအစား လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုသည့် တင်ပြချက်များ ရှိခြင်းကြောင့် သတ် မှတ်ချက်များသည့် ကိုက်ညီသည့် လုပ်ငန်းပေါင်း၂၉၀၀ ကျော်ကိုသာ ထုတ်ချေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။

အစိုးရက လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသော ကိုဗစ်ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်သက် တမ်းဖြင့် ဝန်ထမ်း လစာများကို ပေးချေနိုင်ရန်အတွက် အဓိက ရည်ရွယ်ပြီး ထုတ်ချေးပေးသည့် ချေးငွေ ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သပွတ်သီးစိုက်ပျိုးထုတ်လုပ်သည့် MSME လုပ်ငန်းရှင် ဒေါ်စန္ဒာဝင်းညွှန့် က “ကျမတို့ MSME တွေ လျှောက်ကြတယ်။ ပယ်ခံရလား ဘာလားကို ဘာမှကို မသိရဘူး။ ဘာကြောင့် ပယ်ခံရတာလဲ ဆိုတဲ့ အချက်အလက် တွေကို ဘာမှပြန်ရှင်းပြကြတာ မရှိဘူး။ အစိုးရရဲ့ချေးငွေတွေက တကယ် လိုအပ်နေတဲ့သူတွေထက် ထုတ်ပြန်တဲ့ စာရင်း တွေအရက ပြည့်ပြီးသား အိုးတွေကပဲ ရနေတဲ့သဘော ဖြစ်နေတယ်” ဧရာဝတီသို့ ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
18
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
15
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
31

အစိုးရ၏ ချေးငွေ ထုတ်ချေးပေးသည့် အစီအစဉ်များတွင် လုပ်ငန်းရှင်များ တင်ပြရမည့် အချက်အလက်များကို ဖြည့်သွင်း ပေးရမည့် ပုံစံများနှင့် သတ်မှတ် အချိန်ကာလများကို ရန်ကုန်နှင့် နယ်ဘက်များကို တန်းတူ ရရှိစေရန် လုပ်ဆောင်ပေးသင့် ကြောင်း ၎င်းက ဆိုသည်။

ဒေါ်စန္ဒာဝင်းညွှန့်က “ကျမ လုပ်ငန်းဆိုရင် ၅ လပိုင်း ကတည်းက ရပ်ထားရတာ ဝန်ထမ်းတွေကို အစိုးရချေးငွေရရင် အလုပ် ချက်ချင်းပြန်စမယ်ဆိုပြီး လုပ်ထားတာ အခုက ချေးငွေ မကျတော့ ဘာမှလုပ်မရဘူး။ အစိုးရအနေနဲ့ MSME ကဏ္ဍကို မေ့ လိုက်ပြီလား” ဟု ပြောဆိုသည်။

ပထမအကြိမ် ချေးငွေကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ(MSME)၊ လက်ခစား အထည်ချုပ် လုပ်ငန်းများ(CMP) နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ၃ခုမှ လုပ်ငန်းပေါင်း ၃၃၉၄ ကို ချေးငွေ ငွေပမာဏ ကျပ် ၁၀၁. ၉၂၈၃ ဘီလီယံ ထုတ်ချေးပေးခဲ့သည်။

ဒုတိယအကြိမ် ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ် လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ ပြည်တွင်း ထုတ် လုပ်မှုမှ ပြည်ပ တင်ပို့သည်အထိ ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်း များ၊ စားသောက်ကုန် ထုတ်သည့် လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်း ကျောင်း ပညာသင်ကျောင်းများ စသည့် လုပ်ငန်း ကဏ္ဍ ၉ ခုမှ လုပ်ငန်းပေါင်း ၂၉၃၉ ခုကို ချေးငွေကျပ် ၆၄.၆၆၈၀ ဘီလီ ယံ ထုတ်ချေးပေးထားလျက် ရှိသည်။

အစိုးရ၏ ဒုတိယအကြိမ် ချေးငွေထဲမှ ကျန်ရှိသည့် ချေးငွေများကို ထပ်မံ ထုတ်ချေးရန်အတွက် စီစဉ်မှုများ ရှိနေသည်ဟု သိထားရသော်လည်း UMFCCI သို့ လမ်းညွှန်မှု တခုမျှ မရှိသေးကြောင်း UMFCCI ၏ တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်း က ပြောသည်။

၎င်းက “အခု ကိုဗစ်ဖြစ်တဲ့ ကာလကိုက အခုဆိုရင်ပဲ ၁၀ လလောက် ရှိသွားပြီလေ။ အစိုးရရဲ့ချေးငွေက ၁ နှစ်သက်တမ်း ပဲဆိုတော့ တချို့လုပ်ငန်းတွေအတွက် ပြန်ဆပ်ဖို့ အဆင်မပြေနိုင်ဘူး။ ချေးငွေသက်တမ်းကတော့ ၁ နှစ်ကတော့ မလုံ လောက်တော့ဘူး” ဟု ဆိုသည်။

ထိုချေးငွေ သက်တမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချေးငွေကာလ ၁ နှစ် ကို ပြန်လည် စဉ်းစားသုံးသပ်ရန် ရှိကြောင်း ပြီးခဲ့သည့် ဇွန်လက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း တခုတွင် ပြောကြားထားခဲ့သည်။

You may also like these stories:

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

Your Thoughts …
Tags: MSMEကိုဗစ်ချေးငွေစီးပွားရေး
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

Next Post
ချောင်းသာကမ်းခြေတွင် ဖမ်းဆီးရမိသည့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ  / ချောင်းသာမြို့ အုပ်ချုပ်ရေးဌာန

ချောင်းသာတွင် ဖမ်းမိသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ရခိုင်သို့ ပြန်ပို့

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်ကာလ  ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ၏ အင်အားပြပွဲတခု/KySDP

ကျနော်တို့ကို တန်ဖိုးထားမှု အရမ်းနည်းတယ်လို့ ခံစားရပါတယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved