• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

by အောင်သီဟ
18 November 2020
in ဆောင်းပါး
A A
NLD အစိုးရ ဒုတိယ သက်တမ်းအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ချက်များ ပုံအပ်ရဦးမည် / ဧရာဝတီ

NLD အစိုးရ ဒုတိယ သက်တမ်းအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ချက်များ ပုံအပ်ရဦးမည် / ဧရာဝတီ

8.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရ ဖွဲ့နိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက်ထက်ကို ကျော်လွန်ပြီး ထပ်မံ အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် နောက် အစိုးရသက်တမ်း ၅ နှစ်ကိုလည်း NLD ပါတီကပင် ဆက်လက် တာဝန်ယူရမည် ဖြစ်သည်။

လက်ရှိ အစိုးရ သက်တမ်းအတွင်း ယေဘုယျဆန်သည်ဟု ဆိုကာ ဝေဖန်ခဲ့ကြသည့် NLD အစိုးရ၏ စီးပွားရေး မူဝါဒများကို လာမည့် သက်တမ်းသစ်၌ ယခုထက် ပိုမိုလုပ်ဆောင်လာနိုင်မည် ဟု ပုဂ္ဂလိက လုပ်ငန်းရှင် အသိုင်းအဝိုင်းဘက်က မျှော် လင့်နေကြသည်။

သို့သော်လည်း လက်ရှိ ရင်ဆိုင်နေရသော ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများကို ပြန် လည် ကုစားရေး ဆောင်ရွက်ချက်များကိုပင် စီးပွားရေး လုပ်ငန်းရှင်များက ကျေနပ်အားရသည့် ပုံမပေါ်ပေ။

COVID-19 စီးပွားရေး ကုစားရေး အစီအစဉ် (CERP) သည် မြန်မာနိုင်ငံတွင် ကိုဗစ် စတင်ဖြစ်ပွားသော ပထမလှိုင်း ကာလ ကတည်းကပင် ရေးဆွဲ ဆောင်ရွက်ထားပြီး လက်ရှိတွင် အချိန် ၆ လ ခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် ပြန်လည် သုံး သပ်ရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

အစိုးရ၏ အတိုးနှုန်း သက်သာသော ကာလတို ကိုဗစ်ချေးငွေ ထုတ်ပေးမှုကိုပင် အချိန်ကြန့်ကြာခြင်းနှင့် အမှန်တကယ် ထိခိုက်သော လုပ်ငန်းများ အပြည့်အဝ မရရှိခြင်းတို့ကြောင့် ဝေဖန်မှုများ ရှိနေသည်။

COVID-19 စီးပွားရေး ကုစားရေး အစီအစဉ် (CERP) သည် မြန်မာနိုင်ငံတွင် ကိုဗစ် စတင်ဖြစ်ပွားသော ပထမလှိုင်း ကာလ ကတည်းကပင် ရေးဆွဲ ဆောင်ရွက်ထားပြီး လက်ရှိတွင် အချိန် ၆ လ ခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် ပြန်လည် သုံး သပ်ရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “လက်ရှိ ချမှတ်ပြီး ဆောင်ရွက်နေတဲ့ CERP ပေါ့။ ဒါကလည်း ပထမလှိုင်း စဖြစ်တဲ့ အချိန်ထဲက ထုတ်ထားတာဆိုတော့ ၆ လလောက် ရှိနေပြီ။ ဒါကြောင့် CERP ကို ပြန်ပြီး Review လုပ်ရမယ်။ ဒီထဲမှာ ဖော်ပြထားတဲ့ အချက်တွေ ဘယ်လောက် အထိ လုပ်ထားပြီပြီလဲ၊ ဘယ်လောက် ထိရောက်မှုရှိလဲ၊ ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးလဲ ဒါတွေ ဆန်းစစ်ဖို့ လိုတယ်” ဟု ပြောသည်။

ခရီးသွားလုပ်ငန်းက အထိအနာဆုံး ဖြစ်မည်/ဧရာဝတီ

ပြည်တွင်းစီးပွားရေး လုပ်ငန်းများသည်လည်း ကိုဗစ် ဒုတိယလှိုင်း ရိုက်ခတ်မှု ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်။

၂၀၂၀ စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း ကမ္ဘာ့ဘဏ်က ကောက်ယူထားသည့် ကိုဗစ် ၁၉ ကပ်ရော ဂါ သက်ရောက်မှု စောင့်ကြည့် လေ့လာရေး စစ်တမ်းအရ မြန်မာနိုင်ငံအနှံ့အပြားရှိ လုပ်ငန်းအမျိုးအစား အားလုံး၏ ၉၃ ရာ ခိုင်နှုန်း ထိခိုက် ခံစားခဲ့ရကြောင်း တွေ့ရှိရသည် ဟု ဆိုထားသည်။

ထို စစ်တမ်းအရ မြန်မာ့ စီးပွားရေးသည် ပြန်လည် နာလန်ထ လာမည့် အခြေအနေများ ရှိသော်လည်း၊ ဝန်ဆောင်မှု၊ လက်လီ လက်ကား၊ ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၏ အများဆုံး ထိခိုက်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းသို့ ထိခိုက်မှုများ ရှိခဲ့သည့်အပြင် အစိုးရ၏ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လုပ်ငန်းများ ရပ်နားခိုင်းသည့် အမိန့်ကြေညာစာများသည်လည်း ကြိုတင်ပြင်ဆင်ချိန် မရှိဘဲ ထုတ်ပြန် ကြေညာခဲ့သောကြောင့် လုပ်ငန်းကဏ္ဍများ အပေါ် သက်ရောက်မှုများ ဖြစ်စေခဲ့သည်။

နိုင်ငံ စီးပွားရေး တိုးတက်ခြင်း၊ ကျဆင်းခြင်းသည် အစိုးရတရပ်၏ လုပ်ဆောင်နိုင်စွမ်းကို ထင်ဟပ်စေသောကြောင့် လာ မည့် သက်တမ်း၌ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျသေချာသော မူဝါဒများ ချမှတ်စေလိုကြောင်း အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

NLD အစိုးရ သက်တမ်းအတွင်း၌ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရ လွယ်မှု အညွှန်းကိန်း Ease of Doing Business ၂၀၂၀ အဆင့် သတ်မှတ်ချက်တွင်မူ အဆင့် ၁၆၅ သို့ တက်လာခဲ့သည်။

၎င်းက ဆက်လက်ပြီး “အခုကတော့ ကိုဗစ်ကြောင့် စီးပွားရေးကို ပိုအာရုံစိုက်ဖို့ လိုတယ်ဆိုတာကို သူတို့ (အစိုးရ) သဘောပေါက်နေပါပြီ” ဟု ပြောသည်။

NLD အစိုးရ သက်တမ်းအတွင်း၌ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရ လွယ်မှု အညွှန်းကိန်း Ease of Doing Business ၂၀၂၀ အဆင့် သတ်မှတ်ချက်တွင်မူ အဆင့် ၁၆၅ သို့ တက်လာခဲ့သည်။

NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကမူ မြန်မာ့စီးပွားရေး မူဝါဒသည် အရှိန်အနည်းငယ်ရလာပြီ ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

ယခု NLD အစိုးရ လက်ကျန် သက်တမ်းအတွင်း အကောင်အထည်ဖော်ရန် ကျန်ရှိသည့် စီမံကိန်းများကိုလည်း Project bank အတွင်း ထည့်သွင်းထားပြီး နိုင်ငံ့ဝင်ငွေ ရရှိမူအပေါ်တွင် မူတည်ပြီး ဆက်လက် အကောင်အထည်ဖော်သွားရန် ရှိ ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် NLD အစိုးရ သက်တမ်းအတွင်း သိသာသော ပြောင်းလဲမှုများအဖြစ် စီပွားရေး လုပ်ငန်း စတင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ်များကို ကိုင်တွယ်ခြင်း၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းနှင့် ကန်ထရိုက်စာချုပ်များအား လိုက်နာစေခြင်း စသည့် စီးပွားရေး လုပ်ငန်း နယ်ပယ် ၅ ခုတွင် ကြီးမားသော တိုးတက်မှုများကို လုပ်ဆောင်ခဲ့သည် ဟု ကမာ္ဘ့ဘဏ်က ဆိုသည်။

ပုဂံရှိ ယွန်းထည်လုပ်ငန်းက အသက်ငင်နေသည်/ဧရာဝတီ

သို့သော်လည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေကြေး အရင်းအမြစ်များနှင့် ချေးငွေများ လက်လှမ်းမီရန် လိုအပ်နေဆဲ ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ၌ ပြည်ပ ပို့ကုန်တိုးတက် တင်ပို့နိုင်ရေးကို ဦးစားပေးသည့် အဆင့်မှ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိုလည်း ယခုထက် ပိုမိုအားပေး ဆောင်ရွက်ရန် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် အစိုးရ သက်တမ်းအတွင်း၌ တိုးတက်မှု အရှိဆုံး ဖြစ်ခဲ့သော လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်း ကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် ကိုဗစ်ကြောင့် အထိခိုက်ဆုံး ကဏ္ဍများဖြစ်ခဲ့ခြင်းကြောင့် စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေးအတွက် အစိုးရက လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးတည်လာနေသည်။

ကိုဗစ်ကြောင့် လုပ်ငန်းကဏ္ဍအများစုသည် ရပ်နားထားရသည်မှာ နှစ်ဝက်ခန့် ကြာမြင့်လာခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများသည် ပုံမှန်ဝင်ငွေ မရှိဘဲ ဆက်လက် ရပ်တည်နိုင်ရန် အခက်အခဲက ပို၍ ကြီး မားလာနေသည်။

ဦးရဲမင်းအောင်က “လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ တိုးတက်ဖို့အတွက် Export တိုးတက်ရုံတင်မဟုတ်ဘူး။ Value Chain တလျှောက်လုံးမှာ ရှိတဲ့ သိုလှောင်ရုံ ကိစ္စတွေ လိုသေးတယ်။ အခြေခံအဆောက်အအုံ ပိုင်းတွေမှာ တိုးတက်လာ တာ တွေ့ရတယ်။ လျှပ်စစ်ဓာတ်အားတွေ ပိုပြီးတော့ ထုတ်လုပ်နိုင်တာတွေ တွေ့ရတယ်။ ဒါပေမယ့် ဒါတွေကို ဆက်ပြီးတော့ လုပ်နေရဦးမယ်” ဟု ပြောသည်။

ကိုဗစ်ကြောင့် လုပ်ငန်းကဏ္ဍအများစုသည် ရပ်နားထားရသည်မှာ နှစ်ဝက်ခန့် ကြာမြင့်လာခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများသည် ပုံမှန်ဝင်ငွေ မရှိဘဲ ဆက်လက် ရပ်တည်နိုင်ရန် အခက်အခဲက ပို၍ ကြီး မားလာနေသည်။

စားသောက်ဆိုင် လုပ်ငန်းကဲ့သို့သော လုပ်ငန်းကဏ္ဍများရှိ စီးပွားရေး လုပ်ငန်းရှင်များသည် စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်ကာ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်သည့် စီးပွားရေး ပုံစံအသစ်များဖြင့် ပြန်လည် စတင် လိုကြသည်။

မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း ဒုဥက္ကဋ္ဌ ဒေါ်နှင်းဝေ က “အခုက အစိုးရအနေနဲ့ကလည်း သူတို့ ဆက်ပြီး နိုင်ပြီဆိုတာ သေချာသွားပြီဆိုတော့ သူတို့ရဲ့ တချို့ မူဝါဒတွေကို ပြန်လည် ပြုပြင်ရေးဆွဲ (Restructure) ရမယ့် ကိစ္စတွေကို ပြန်ဦးတည်ရဦးမယ်လို့ ထင်တယ်။ တဖက်ကလည်း ကိုယ့်နိုင်ငံရဲ့ စီးပွားရေးကို လုံးဝ မကျသွားအောင် ကိုဗစ် နဲ့ အတူယှဉ်တွဲနေထိုင်ပြီးတော့ လုပ်ငန်းတွေကို စနစ်တကျ ထိထိရောက်ရောက် ပြန်ပြီး လုပ်နိုင်အောင် မူဝါဒ တခုခု တော့ အမြန် လုပ်ပေးသင့်တယ်” ဟု မှတ်ချက်ပြုသည်။

ယင်းပြင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် လျှောက်ထားရခြင်းနှင့် ခွင့်ပြုချက် ရယူရသည့် ကိစ္စရပ်များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ယခုထက် ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

စီးပွားရေး ပြန်လည် နာလန်ထူနိုင်ရေး အစိုးရက လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးတည်လာနေသည်/ဧရာဝတီ

ဒေါ်နှင်းဝေ ဆက်လက်၍ “အခုကုန်တော့မယ့် သက်တမ်းမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး အစိုးရက ပုဂ္ဂလိက ကဏ္ဍနဲ့ ပူး ပေါင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေမှာ တော်တော်ကြီးကို အားနည်းခဲ့တယ်” ဟု ထောက်ပြ ပြောဆိုသည်။

ထိုအချက်သည် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကြား အများဆုံး ထောက်ပြ ပြောဆိုနေကြသော အချက် တချက် လည်း ဖြစ်သည်။

လက်ရှိ ရင်ဆိုင်နေကြရသော ကိုဗစ် ၁၉ ရောဂါ၏ စီးပွားရေးထိခိုက်မှုများအပေါ် ကုစားရေး မူဝါဒများ ဖြစ်သည့် COVID 19 Economic Relief Plan (CERP) နှင့် Myanmar Economic Recovering and Reform Plan (MERRP) တို့ ချမှတ် ရေးဆွဲရေး ကိစ္စများပင် ပုဂ္ဂလိက ကဏ္ဍနှင့် ဆွေးနွေးတိုင်ပင်ရန် အားနည်းနေကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

ယင်းပြင် NLD အစိုးရ သက်တမ်းအတွင်း၌ ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ လစဉ် ပုံမှန် တွေ့ဆုံခဲ့သော်လည်း ပုဂ္ဂလိက အသိုင်းအဝိုင်းဘက်မှ တင်ပြချက်များကို အစိုးရက သိသာမြင်သာအောင် ပြောင်းလဲ လုပ်ဆောင်နိုင်ခဲ့ခြင်းလည်း မရှိပေ။

“အရင်က စီးပွားရေး မူဝါဒ ၁၂ ချက်တို့ ဘာတို့ ရှိမယ်။ အခု တက်ကာစမှာ ထုတ်တဲ့ စီးပွားရေး မူဝါဒတွေ ရှိပေမယ့် အခုက ကိုဗစ်ကာလဆိုတော့ အဲဒါတွေနဲ့ အရမ်း နှိုင်းယှဉ်လို့ မရနိုင်ဘူး။ စီးပွားရေး ကောင်းမွန်စွာ လည်ပတ်စေဖို့ ဂေဟစနစ် တခု ကို လုပ်ဆောင်ပေးဖို့ လိုမယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးအောင်စိုးသာ က ပြောသည်။

“ရင်းနှီးမြှုပ်နှံမှုလို့ ပြောရင် နိုင်ငံခြားသားလို့ အများစုက မြင်ကြတာပေါ့။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူလို့ မခွဲခြားဘဲ လုပ်ငန်းအတွက်ကို ရင်းနှီးမြှုပ်နှံမယ့်သူကို တိကျခိုင်မာတဲ့ မူဝါဒတွေပေးဖို့ ဒီ မူဝါဒတွေကို ရပ်တည်ပေးဖို့ လိုအပ်တယ်” ဟု ဦးအောင်စိုးသာက ပြောဆိုသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရာတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်သူများဘက်ကို ခိုင်မာ တိကျသော ရပ်တည်ချက်များ ပေးရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုလို့ ပြောရင် နိုင်ငံခြားသားလို့ အများစုက မြင်ကြတာပေါ့။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူလို့ မခွဲခြားဘဲ လုပ်ငန်းအတွက်ကို ရင်းနှီးမြှုပ်နှံမယ့်သူကို တိကျခိုင်မာတဲ့ မူဝါဒတွေပေးဖို့ ဒီ မူဝါဒတွေကို ရပ်တည်ပေးဖို့ လိုအပ်တယ်” ဟု ဦးအောင်စိုးသာက ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲ မတိုင်မီတွင် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ကြေညာ စာတမ်းပါ စီးပွားရေး မူဝါဒများအရ ၎င်းတို့၏ ကုန်ဆုံးတော့မည့် အစိုးရသက်တမ်း အတွင်းတွင် အခြေအနေတခုအထိ အခြေတည်ထားနိုင်ခဲ့သော စီးပွားရေး ပုံစံကို ယခုအတိုင်း အသားတကျနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသွားမည် ဖြစ်သည်။

ကိုဗစ်ကြောင့် လုပ်ငန်းကဏ္ဍအများစုသည် ရပ်နားထားရသည်မှာ နှစ်ဝက်ခန့် ကြာမြင့်လာပြီ/ဧရာဝတီ

ထိုမူဝါဒတွင် ဆန်းသစ် တီထွင်သော ဈေးကွက်စီးပွားရေး စနစ်ဖြစ်ရေး၊ ပုဂ္ဂလိကဏ္ဍကို အားပေးရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပြီး လူသားအရင်းအမြစ်များ တိုးတက်ရေး၊ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် တာဝန်သိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဖိတ်ခေါ်နိုင်ရေးကို အဓိက ဦးစား ပေး စီးပွားရေး မူဝါဒများအဖြစ် သတ်မှတ်လာခဲ့သည်။

ယင်းအပြင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး ကျဆင်းမှုများကို လျော့ပါးသက်သာစေရေးနှင့် ပြန်လည် ဦးမော့လာစေရေးကို အချက် တချက်အနေဖြင့် ထည့်သွင်းထားသည်။

ရွေးကောက်ပွဲ မတိုင်မီက ကြေညာခဲ့သော မူဝါဒများအရ NLD အစိုးရအနေဖြင့် လာမည့် သက်တမ်းတွင် စီးပွားရေးကို ပိုမို အာရုံစိုက်လာမည် ဟု ယူဆရသော်လည်း NLD အစိုးရ ဒုတိယ သက်တမ်းအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန် မည်မျှနှုန်းဖြင့် မောင်းနှင်မည်နည်း ဆိုသည်ကိုမူ ပြည်သူများ၏ မျှော်လင့်ချက်များ ပုံအပ်ရပေဦးမည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.4k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556

အစိုးရ လယ်ယာဖွံ့ဖြိုးရေး ဆောင်ရွက်ချက် တောင်သူအတွက် ထိရောက်ရန်လို

ကိုဗစ်လှိုင်းကြားမှာ ဈေးကွက်ပျက်နေတဲ့ သင်ဖြူးဖျာလုပ်ငန်း

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

ခရီးသွားလုပ်ငန်းက အကျမြန်ပြီး အတက်တော့ နှေးတယ်

စားဝတ်နေရေးအတွက် ကပ်ဘေးအတွင်းက ဧည့်မျှော် ဒေသခံများ

Your Thoughts …
Tags: NLD အစိုးရကိုဗစ်-၁၉စီးပွားရေးမူဝါဒ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

Next Post
“Tom & Jerry” ရုပ်ရှင်

မကြာခင် ကြည့်ရှုရတော့မယ့် “Tom & Jerry” ရုပ်ရှင်

“အမေများအဖွဲ့”နဲ့အတူ တွေ့ရတဲ့ နေခြည်ဦး  /  Nay Chi Oo's Facebook

ရုပ်ရှင်အစည်းအရုံးဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖိုး လှူဒါန်းခဲ့တဲ့ နေခြည်ဦး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved